ကမ္ဘာ့ဖလား နောက်ဆုံးရ အားကစားသတင်းများ

စပိန် လက်ရွေးစင် နောက်ခံလူ ဒါနီ ကာဗာရယ် က သူတို့ဟာ အုပ်စု နောက်ဆုံးပိတ် ပွဲစဉ်မှာ ဂျပန် အသင်းကို အနိုင် ကစားသွားမယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။ ၄ မှတ် ရထားပြီး တဲ့ စပိန် ဟာ ရှုံးထွက် အဆင့် အတွက် ၁ မှတ်သာ လိုအပ်ပေမယ့် အုပ်စု ပထမ နေရာ သေချာစေဖို့ ဂျပန် ကို အနိုင် ရရှိအောင် ဦးတည် ကစားသွား မှာ ဖြစ်တယ်လို့ ကာဗာရယ် က ဆိုသွားခဲ့ ပါတယ် ။

မော်ရိုကို အသင်းကို စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ အပြီးမှာ ဘယ်လ်ဂျီယံ ကစားသမားတွေ အကြား အချင်းချင်း ဝေဖန် ပြောဆိုမှုတွေ ပြင်းထန် ခဲ့တယ်လို့ သတင်း ထွက်ပေါ် လာပါတယ် ။

အီဒင် ဟာဇက် ၊ သီဘောက်ကော့တွာ နဲ့ ဒီဘရိုင်းနား ၊ ထရိုဆတ် တို့ အကြား ပြောဆို အငြင်းပွားမှု ဖြစ်ခဲ့ကြတာ ဖြစ်ပြိး လူကာကူ လည်းပါဝင် ခဲ့တယ်လို့ သိရပါတယ် ။

ဘယ်လ်ဂျီယံ ဟာ ၂ ပွဲ ကစားအပြီးမှာ ၃ မှတ် နဲ့ အုပ်စု တတိယ နေရာကို ရောက်ရှိ နေပြီး နောက်ဆုံးပိတ် ပွဲစဉ် မှာ ခရိုအေးရှား အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

ဆီနီဂေါ လက်ရွေးစင် နည်းပြ အလီယူ ဆစ်ဆီ ကတော့ သူတို့ အနေနဲ့ အက်ကွေဒေါ နဲ့ ကစားမယ့် အုပ်စု နောက်ဆုံး ပွဲစဉ် အတွက် အစွမ်းကုန် အားထုတ် ကစားဖို့ အသင်းသားတွေကို တိုက်တွန်း သွားခဲ့ ပါတယ် ။ အက်ကွေဒေါ ဟာ ဒုတိယ နေရာမှာ ရှိနေပြီး ဆီနီဂေါ ( ၃ မှတ် ) ထက် ၁ မှတ် အသာ နဲ့ ရပ်တည်နေပါတယ် ။

အခု ကမ္ဘာ့ဖလားမှာ ဂါနာ နဲ့ ခြေစွမ်းပြ နေတဲ့ မိုဟာမက် ကူဒက်စ် အတွက် အိုင်ယက်စ် အသင်းက ဈေးသတ်မှတ် ဖို့ စဉ်းစား နေပြီလို့ သိရပါတယ် ။ ကူဒက်စ် ဟာ ဂါနာ နဲ့ ကမ္ဘာ့ဖလားမှာ ပြသ နေတဲ့ စွမ်းဆောင်မှုတွေကြောင့် လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ နယ်သာလန် လိဂ် ကနေ ပြောင်းရွှေ့ ရနိုင်တယ်လို့ သတင်းထွက် လာခဲ့သူ ဖြစ်ပါတယ် ။

ဝီဂန် အသင်းကတော့ လီဗာပူး ၊ အာဆင်နယ် နဲ့ မန်ချက်စတာ စီးတီး နောက်ခံလူဟောင်း ကိုလိုတိုရေး ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ၃ နှစ်ခွဲ စာချုပ် ချုပ်ဆို သွားခဲ့ကြောင်း ကြေညာခဲ့ ပါတယ် ။

ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဟာ ပွဲကြို ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွေကို ကစားသမားတွေ စေလွှတ်ခြင်း မပြုတဲ့ ဂျာမနီ အသင်းကို စွဲချက်တင် အရေးယူဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ် ။

ဂျာမနီ ဟာ စပိန် နဲ့ ကစားမယ့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို နည်းပြ ဟန်ဆီ ဖလစ် တဥိးသာ တက်ရောက် လာခဲ့တာ ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာ နေရာနဲ့ အသင်းလေ့ကျင့်ရေး ကွင်းဟာ အသွားအပြန် ၃ နာရီ ကြာမြင့်တာကြောင့်လို့ အကြောင်းပြခဲ့ ပါတယ် ။

ကင်မရွန်း အသင်းကနေ ထုတ်ပယ် ခံခဲ့ရတဲ့ ဂိုးသမား အိုနာနာ ဟာ ဒီကနေ့မှာ ကာတာ ကနေ ပြင်သစ် ကို ထွက်ခွာမယ်လို့ ကြားသိရ ပါတယ် ။ အိုနာနာ ဟာ ကင်မရွန်း နည်းပြ ရီဂိုဘတ် ဆောင်း နဲ့ အချင်းများရာကနေ ကမ္ဘာ့ဖလား လူစာရင်းကနေ ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR