သူနဲ့မတွေ့ဆုံဖို့ ဘုရားဆီမှာသာ ဆုတောင်းလိုက်တော့လို့ မက်ဆီကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တဲ့ လက်ဝှေ့ ချန်ပီယံ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နံနက်မှာတော့ ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ အုပ်စု ဒုတိယ ပွဲစဥ် အဖြစ် ကာတာမြေမှာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ မက္ကဆီကို လက်ရွေးစင် အသင််းတို့ ရင်ဆိုင် ကစားခဲ့ရပြီး အာဂျင်တိုင်းသားတို့ 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရလဒ် ရှာဖွေ သွားနိုင်ခဲ့ကြပါတယ် ။

အဆိုပါ ပွဲစဥ်ရဲ့ ပထမပိုင်းမှာတော့ နှစ်ဖက် အသင်းဟာ သွင်းဂိုး ရရှိနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစား အားထုတ်ခဲ့ကြပေမဲ့ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ရပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ ပွဲစဥ်ကို စတင် လှုတ်ခတ်စေလိုက််သူ ကတော့ မက်ဆီ ပဲ ဖြစ်ခဲ့ရပါတယ် ။

လီယွန်နယ် မက်ဆီဟာ အဆိုပါ ပွဲစဥ်ရဲ့ ပွဲချိန် 64 မိနစ်မှာ အိန်ဂျယ် ဒီမားရီးယားရဲ့ ဖန်တီးပေးမှုကတဆင့် အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ပွဲချိန် 87 မိနစ်မှာလည်း အနိုင်သေချာစေမယ့် အန်ဇို ဖာနန်ဒက်စ် ရဲ့ ဂိုးကိုလည်း ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲစဥ်အပြီးမှာ အာဂျင်တိုင်းသားတို့ဟာ နိုင်ပွဲ ရယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါဟာ အာဂျင်တီးနား အတွက်တော့ အဖိုးတန်လွန်းတဲ့နိုင်ပွဲ ဖြစ်သွားခဲ့ရပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အဖွင့်ပွဲမှာ ဆော်ဒီ ကို အာဂျင်တို့ ရှုံးခဲ့တဲ့ အတွက် ဒီပွဲဟာ သူတို့အတွက် အသက်သမျှ အရေးကြီးတဲ့ပွဲ ဖြစ်ခဲ့ရလို့ပါပဲ ။

ဒီပွဲမှာတော့ အာဂျင်တီးနား လက်ရွေးစင် အသင်း အတွက်် တစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီးပေးထားနိုင်ခဲ့တဲ့ မက်ဆီ ဟာ ပွဲအပြီးမှာ ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်သွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ 5 ကြိမ်ဆက် ဂိုးဖန်တီးနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်သွားနိုင်ခဲ့ပါတယ် ။

ဒါတင်မက မက်ဆီဟာ အာဂျင်တီးနား ဂန္တဝင် ဖြစ်တဲ့ မာရာဒိုနာ ရဲ့ ကမ္ဘာ့ ဖလား ပွဲစဥ် 21 ပွဲ ကစားပြီး 8 ဂိုး သွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကို ကွက်တိ တူညီသွားနိုင်ခဲ့သလို ပြက္ခဒိန် နှစ် တစ်ခုမှာ အာဂျင်တီးနား အတွက် ဂိုး အများဆုံး (13 ဂိုး) သွင်းယူနိုင်တဲ့ မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြန်ပါတယ် ။

ဒါ့ကြောင့် အဖိုးတန် နိုင်ပွဲ နဲ့ မက်ဆီရဲ့ စွမ်းဆောင်ရည်တွေကို ပွဲအပြီး အဝတ်လဲခန်းထဲမှာ အာဂျင်တီးနား လက်််ရွေးစင် ကစားသမားတွေဟာ သီချင်ဆိုသီကြူး အောင်ပွဲခံံခဲ့ကြပါတယ် ။ အဲ့ဒီမှာပဲ မက်ဆီဟာ သူ့ခြေရင်းနားမှာ ရှိနေခဲ့တဲ့ မက္ကဆီကို ဂျာစီကို အမှတ်မထင် ကန်ကျောက်မိသလို ဖြစ်သွားခဲ့ရပါတယ် ။

အဆိုပါ ဗွီဒီယို ကို မြင်တွေ့လိုက်တဲ့ မက္ကဆီကို လက်ဝှေ့ ချန်ပီယံ တစ်ဦး ဖြစ်သူ ကာနီလို အဲလ်ဗာရက်ဇ် က ရှုံးပွဲနဲ့ ရောယောင်ကာ ပေါက််ကွဲခဲ့ပြီး သူနဲ့ အပြင်မှာ မတွေ့ဆုံမိစေဖို့ ဘုရားမှာသာ ဆုတောင်းထားလိုက်တော့လို့ ပြင်းပြင််းထန်ထန် သတိပေးသွားခဲ့လိုက်ပါတယ် ။

 

” မက်ဆီ က ကျွန်တော်တို့ရဲ့ ဂျာစီ ၊ အလံ နဲ့ ကြမ်းပြင်းကို ရှင်းနေတာ မြင်လား ? သူ ကျွန်တော်နဲ့ မတွေ့ဆုံးမိပါစေနဲ့လို ဘုရားဆီမှာ ဆုတောင်းသင့်ပြီ ” လို့ အဲလ်ဗာရက်ဇ် က ပေါက်ကွဲ ပြောဆို သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar