မန်ချက်စတာ ယူနိုက်တက်နဲ့ သတင်းကျယ်လောင်လာတဲ့ ဂတ်ပို နဲ့ ပတ်သက်လို့ ကစားသမား ကိုယ်တိုင်နဲ့ ကျွမ်းကျင််သူတွေရဲ့ သုံးသပ်ချက်များ

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင််းဟာ PSV ကြယ်ပွင့်လေး ကိုဒီ ဂတ်ပို ကို ခေါ်ယူရရှိနိုင််ဖို့ အားစိုက်ထုတ်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ သူ့ကို ခေါ်ယူဖို့ ကြိုတင် သဘော တူညီမှု ရရှိခဲ့ပြီလို့တောင်် ဖော်ပြသူတွေ ရှိခဲ့ကြပါသေးတယ် ။

ယခင်တုန်းကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အမှုဆောင်ချုပ် ဖြစ်သူ ဂျွန် မားတော့ဗ် ကတော့ ဆောင််းရာသီ စျေးကွက်ထဲမှာ ငွေကြေးတွေ အများကြီး သုံးစွဲသွားဖို့ မရှိကြောင်း ပြောခဲ့ဖူးပါသေးတယ် ။ ဒါပေမဲ့ ရော်နယ်ဒို နဲ့ လမ်းခွဲခဲ့ရတာက အပြောင်းအလဲ ဖြစ်သွားဖို့ ရှိလာခဲ့ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ််မှာ ကစားပေးနိုင်သူဆိုလို့ ရပ်ရှ်ဖို့ နဲ့ မာရှယ် တို့သာ ရှိနေကြပါတော့တယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့ဟာ တိုက််စစ် နေရာအစုံမှာ ပါဝင် ကစားပေးနိုင်စွမ်းရှိတဲ့ ဂတ်ပို ကို ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ် ။

အခုတော့ အနာဂတ် နဲ့ ပတ်သက်လို့ ကစားသမား ကိုယ််တိုင် ဘာတွေ ပြောထားခဲ့သလဲ ၊ သတင်း သုံးသပ်ရာမှာ ကျွမ်းကျင်သူတွေ ဘာတွေ ပြောဆို မှတ်ချက်ပေးထားခဲ့ကြသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။

ကိုဒီ ဂတ်ပို
—————-

” လောလောဆယ်မှာတော့ ကျွန်တော်ဟာ နယ်သာလန် အသင်းနဲ့ အလုပ်များနေပါတယ် ။ ဆောင်းရာသီမှာ ဘာတွေ ဖြစ်မလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့ဗျာ ။ ဒီ ဘောလုံး အားကစား လောကမှာတော့ ဘာမဆို ဖြစ်သွားနိုင်ပါတယ်လေ ”

” အခုတော့ ကျွန်တော်ဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲ အပေါ် အာရုံစိုက် နေပါတယ် ။ အခုလို အသံတွေ ထွက်နေတာ ကြားလို့ကောင်းပါတယ် ။ ကျွန်တော်ကတော့ တက်နိုင်သလောက် အကောင်းဆုံး ကြိုးစားနေခဲ့တာပါပဲ ။ သတင််းတွေ ထွက်လို့ ကျွန်တော် အာရုံပျက်သွားမှာ မဟုတ်ပါဘူး ”

” ဒါက အသင်းလိုက် ကစားရတဲ့ အားကစား တစ်ခုပါ ။ တစ်ယောက်ထဲ ဘာမှလုပ်လို့ မရနိုင်ပါဘူး ။ လူတွေ ကိုယ့်အကြောင်းရေးတာ ကောင်းလှပါတယ် ။ ဒါပေမဲ့ ကျွန််တော်ကတော့ အဲ့တာတွေနဲ့ ပတ်သက်လို့ စိုးရိမ်နေမှာ မဟုတ််ပါဘူး ”

” ကျွန်တော် အံ့အားသင့်တာမျိုးလည်း မဖြစ်မိပါဘူး ။ ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာ သိတယ်လေ ။ တက်နိုင်သလောက် အမြင့်ဆုံး အဆင့်ကို ရောက်နိုင်ဖို့ ဆိုတာက ကျွန်တော်တို့အတွက် စိန်ခေါ်မှုကြီးပါ ။ အဲ့ဒီ အဆင့်အထိတော့ ကျွန်တော် မရောက်သေးတဲ့ အတွက် ကြိုးစားရပါဦးမယ် ”

” ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ ကျွန်တော် နှစ်ဂိုး သွင်းယူ ထားခဲ့ပါပြီ ။ ဒါပေမဲ့ အဲ့တာက အရေးမကြီးပါဘူး ။ ကျွန််တော် တိုးတက်ချင်သေးသလို အသင်းကိုလည်း ကူညီချင််ပါတယ် ။ အဆုံးသတ်မှာ ကျွန်တော်တို့ အကောင်းဆုံး အသင်း ဖြစ်နေဖို့ပဲ လိုအပ်လှပါတယ် ”

ဂျွန် ဒီဂျောင်
——————

” ကိုဒီ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင််းရွှေ့နိုင်ဖို့ စောင့်ဆိုင်းနေခဲ့တာ ကြာလွန်းလှပါပြီ ။ အခုတော့ အဲ့တာ ဖြစ်လာတော့မယ်လို့ ထင်နေရပါတယ် ။ ဒီ ရွေးချယ်မှုကိုတော့ သူကိုယ်တိုင် လုပ်ဆောင်ရမှာပါပဲ ။ အဆုံးသတ်မှာတော့ ရောင်းသင့်မရောင်းသင့်ဆိုတာကို ဘုတ်အဖွဲ့ဝင်တွေက ဆုံးဖြတ်သွားမှာပါ ”

” သူအသင်းမှာ ဆက်ရှိတာက သူ့အတွက် ပိုကောင်းတာပေါ့ဗျာ ။ သူ တိုးတက်လာတာကို ကြည့်ရတာ တကယ့်ကို ကောင်းမွန်လှပါတယ် ။ သူဟာ ဒီရာသီ PSV အတွက် ပါဝင််ပေးခဲ့တဲ့ ပွဲတိုင်းမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပါတယ် ”

တက်ဒီ ရှရင်ဂမ်
————————

” မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂတ်ပိုလိုမျိုး ကစားသမား ထပ်မလိုတော့ပါဘူး ။ ကျွန်တော်တို့ အသင််းမှာ ရော်နယ်ဒို ရဲ့ နေရာကို ဖြည့်စွက်ပေးနိုင်တဲ့ တိုက်စစ််မှူးမျိုး လိုအပ်နေတာပါ ။ အသင်းမှာ ဂိုးတွေ သွင်းနိုင်မဲ့ ၊ ကစားသမားတွေကို ကစားကွက်ထဲ ဆွဲခေါ်နိုင်မယ့်သူမျိုးပဲ လိုအပ်နေတာပါ ”

” ကျွန်တော်တို့ တောင်ပံ တိုက်စစ် ၊ false 9 ကစားပေးနိုင်သူ လိုအပ်နေတာ မဟုတ်ပါဘူး ။ အသင်းမှာ ရပ်ရှ်ဖို့ ၊ မာရှယ် ၊ အန်တိုနီ ၊ ဆန်ချို တို့လို ကစားသမားတွေ ရှိနှင့်ပြီးသားပဲလေ ။ အခုက အဆုံးအဖြတ် ပေးနိုင်မယ့်သူ လိုအပ််နေတာပါ ”

#Sports_Myanmar