တောင်ကိုရီးယားရဲ့ ကံကြမ္မာ ဘယ်လိုရှိမလဲ ? ( ကမ္ဘာ့ဖလားပွဲစဉ်ခန့်မှန်းချက် )

ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် ၂ ရဲ့ နောက်ဆုံးပွဲစဉ်တွေ ကို ဒီကနေ့မှာ ယှဉ်ပြိုင် ကစားသွားကြမှာပါ ။ အုပ်စု G နဲ့ အုပ်စု H က ပွဲစဉ်တွေမှာ ပရိသတ်တွေ အကြိုက်တွေ့မယ့် ပွဲစဉ်ကောင်းတွေ ပါဝင်လို့ နေပါတယ် ။ အဲ့ဒိအထဲ ကမှ ပေါ်တူဂီ နဲ့ ယူရဂွိုင်း တို့ရဲ့ ပွဲစဉ် ၊ ဘရာဇီး နဲ့ ဆွစ်ဇာလန် တို့ရဲ့ ပွဲစဉ်တွေ အကြောင်းကို Sports Myanmar YouTube Channel မှာ တင်ဆက်ပေးထားလို့ ပြီးပါပြီ ။

အခုဆက်လက် တင်ဆက်ပေးမှာကတော့ ကျန်တဲ့ ပွဲစဉ် ၂ ပွဲပါပဲ ။

အဖွင့်ပွဲမှာ ယူရဂွိုင်း နဲ့ သရေကျခဲ့တဲ့ တောင်ကိုရီးယား ဟာ အခုပွဲမှာတော့ ဂါနာ အသင်းနဲ့ ရင်ဆိုင် ကစား သွားရမှာပါ ။ ဂါနာ က ပေါ်တူဂီ ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ဂိုးတွေ ပြန်သွင်း နိုင်ခဲ့ ပါတယ် ။ သူတို့ရဲ့ တိုက်စစ် ကစားပုံ နဲ့ ရုန်းအားက အသိအမှတ်ပြု စရာပါပဲ ။

တောင်ကိုရီးယား ကတော့ အခွင့်အရေးအချို့ကို အသုံးမချ နိုင်ခဲ့လို့ အဖွင့်ပွဲမှာ ၁ မှတ်နဲ့ ကျေနပ်ခဲ့ရ ပါတယ် ။ ဒါပေမယ့် အသင်းရဲ့ တိုက်စစ် ကစားပံုံက သိပ်ပြီး အားရစရာ မရှိပါဘူး ။ ဂါနာ က အာဖရိက အသင်းပီပီ မာကျောပြီး ကစားအား ကောင်းပါတယ် ။ တောင်ကိုရီးယား နဲ့ ကာယပိုင်း အားပြိုင်မှုတွေမှာ ဂါနာ က အသာရသွားဖို့ ရှိနေပါတယ် ။

ကိုရီးယား က ၂၀၀၂ နောက်ပိုင်း ကမ္ဘာ့ဖလား အုပ်စုအဆင့်တွေမှာ ၁ ကြိမ်သာ ကျော်ဖြတ်နိုင်ခဲ့ပါတယ် ( ၂၀၀၂ မပါ ) ။ အခုနှစ်လည်း ကိုရီးယားကို သိပ်မထင်မိပါဘူး ။ ဂါနာ ကတော့ ကမ္ဘာ့ဖလားမှာ အမှတ်လုံး၀ မရသေးတာကို ချေဖျက် နိုင်ဖို့ အခုပွဲက အကောင်းဆုံး အခွင့်အရေးပါပဲ ။ ဂါနာ ဂိုးနည်းနည်းလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ထင်မိပါတယ် ။

ကင်မရွန်း နဲ့ ဆားဘီးယား တို့ ကစားမယ့် အုပ်စု H က ပွဲစဉ်က ပိုပြီး ကြည့်လို့ ကောင်းမှာပါ ။ ဆွစ်ဇာလန် ကို ရှုံးခဲ့ ပေမယ့် ကင်မရွန်း ကစားတာ မညံ့ပါဘူး ။ ချူပိုမိုတင်း အခွင့်အရေးတွေ ရခဲ့ပြီး အသုံးမချ နိုင်ခဲ့လို့သာ ရှုံးနိမ့် ခဲ့ရတာလို့ ပြောလို့ရပါတယ် ။

ဆားဘီးယား ကတော့ ဘရာဇီး ကို မယှဉ်နိုင်ဘဲ ၂ ဂိုးပြတ် အရေးနိမ့်ခဲ့ရ ပါတယ် ။

ဆားဘီးယား လူစာရင်းက ကင်မရွန်းထက် သာပါတယ် ။ ဒါပေမယ့် ကမ္ဘာ့ဖလားဆိုတာ လူစာရင်း ပိုကောင်းတာ တခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး ။ ကင်မရွန်း ရဲ့ ကစားအားကို ထည့်တွက်ရမှာပါ ။ ဆွစ်ဇာလန် နဲ့ ပွဲကလို အခွင့်အရေးတွေ မလွဲချော်ဘဲ ကောင်းကောင်း အဆုံးသတ် နိုင်မယ်ဆိုရင် ကင်မရွန်း တို့ ဂိုးရမှာပါ ။

၂ သင်းစလုံးက ကမ္ဘာ့ဖလားမှာ အမှတ်ရော သွင်းဂိုးပါ မရကြသေးပါဘူး ။ အခုညတော့ ၂ သင်းစလုံး ဂိုးသွင်း နိုင်ကြမှာပါ ။ အမှတ်ကတော့ ၂ သင်းလုံး ရဖို့ မသေချာပါဘူး ။ သေချာတာ ကတော့ အခုပွဲ ရှုံးတဲ့ အသင်းက အိမ်ပြန်ရပြီ ဆိုတာပါပဲ ။ ဒါကြောင့် အစွမ်းကုန် ထုတ်ပြီး ကစားသွားကြမှာပါ ။

 

ကင်မရွန်း ကစားအားကောင်းတာက ပွဲချိန် နှောင်းပိုင်းမှာ အဖြေဖြစ်သွားနိုင်ပါတယ် ။ ၂-၁ လောက်နဲ့ ကင်မရွန်း တို့ နိုင်သွားမလား ဆိုတာ စောင့်ကြည့်ချင်စရာပါပဲ ။

 

SPORTS MYANMAR