ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းနဲ့ မက်ဆီ အမ်ဘက်ပေ တို့ရဲ့ performance အပေါ် တုန့်ပြန်လိုက်တဲ့ ဂရီလစ်ခ်ျ

ဂျက်ဂရီလစ်ခ်ျဟာ ဒီ ကမ္ဘာ့ဖလားမှာ ကီလီယန် အမ်ဘက်ပေ နဲ့ လီယွန်နယ်မက်ဆီ တို့ရဲ့ ခြေစွမ်းတွေကို ချီးကျူးသွားခဲ့ပေမယ့်လည်း ဘရာဇီးကသာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။

ကမ္ဘာ့ဖလားရဲ့ အုပ်စု ဒုတိယအကျော့ ပွဲစဉ်တွေ ပြီးဆုံးရန် နီးကပ်လာချိန်မှာ ပြင်သစ် အသင်းကသာ အမြင့်ဆုံး ရမှတ်ကို ရယူထားနိုင်ခဲ့ပါတယ်။

ဒေးချမ့်ရဲ့ အသင်းဟာ ဩစတေးလျကို အဖွင့်ပွဲစဉ်မှာ ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်မှာလည်း ဒိန်းမတ်ကို ၂-၁ နဲ့ အနိုင်ယူခဲ့ပြီး အမ်ဘက်ပေဟာ ဒီ ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၃ ဂိုး ရထားပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က ရုရှား ကမ္ဘာ့ဖလားမှာလည်း အမ်ဘက်ပေဟာ အသက် ၁၉ နှစ်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြကာ ပြင်သစ်ကို ကမ္ဘာ့ဖလား ရယူပေးခဲ့ပါတယ်။

 

အာဂျင်တီးနား အသင်းကတော့ အဖွင့်ပွဲစဉ်မှာ ဆော်ဒီအာရေးဗျကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် နောက်တဆင့်ကို တက်ရောက်ရန် စိုးရိမ်စရာ အနေအထား ဖြစ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ စနေနေ့က မက္ကဆီကိုကို ခက်ခဲစွာ ကစားကာ အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပေမယ့်လည်း မက်ဆီဟာ ဒုတိယပိုင်းမှာ moment of magic ကို ပြသခဲ့ကာ အာဂျင်တီးနား အတွက် အဖွင့်ဂိုးကို ရယူပေးခဲ့ပြီး အသင်းကို ဖိအားလျော့နည်းစေခဲ့ကာ နောက်တစ်ဂိုး ကိုတော့ ပွဲချိန်နှောင်းပိုင်းမှာ အန်ဇိုဖာနန်ဒက်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်စတား ဂရီလစ်ခ်ျ ကတော့ မက္ကဆီကို နဲ့ပွဲမှာ moment of magic ကို ပြသခဲ့တဲ့ မက်ဆီဟာ မယုံနိုင်စရာ ကစားသမား ဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပေမယ့် မန်စီးတီးစတားက အာဂျင်တီးနားရဲ့ တောင်အမေရိက ပြိုင်ဘက် ဘရာဇီးကသာ ဗိုလ်စွဲရန် ရေပန်းအစား‌ဆုံးလို့ ယုံကြည်နေပါတယ်။ ဘရာဇီးဟာ အဖွင့်ပွဲစဉ်မှာ ဆားဘီးယားကို ခြေစွမ်းပြကာ အနိုင်ယူခဲ့ပြီး ဒီနေ့ည ဆွစ်ဇာလန်ကို နိုင်မယ်ဆိုရင် ၂ ပွဲကစား ၂ ပွဲစလုံး အနိုင်ရမှာ ဖြစ်ပါတယ်။

ဂရီလစ်ခ်ျက “ရိုးရိုးသားသား ပြောရရင် ကျနော် ပွဲအားလုံးကို ကြည့်ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ နေရာတိုင်းမှာ ဘောလုံးပွဲကြည့်ဖို့ အတွက် TV တွေ ရှိပါတယ်။ တစ်နေ့လည်း ပွဲတွေ ထိုင်ကြည့်ရတာ ကောင်းပါတယ်။ မက္ကဆီကိုနဲ့ ပွဲမှာ ကျနော် မက်ဆီရဲ့ ကစားပုံကို ကြည့်ခဲ့ပါတယ်။ သူဟာ မယုံနိုင်စရာပါပဲ။ သူဟာ ဒုတိယပိုင်းမှာ သူဘယ်လို ကစားသမားလဲ ဆိုတာ ပြသခဲ့ပြီး အမ်ဘက်ပေကလည်း ဒီအတိုင်းပဲ လုပ်ပြနေပါတယ်။

ဒီပြိုင်ပွဲမှာ အသင်းကောင်းတွေ အများကြီးပါ။ တစ်ချို့ အသင်းတွေမှာ ရပ်တန့်လို့ မရတဲ့ ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမယ့် အခု ကျနော် ကြည့်ရသလောက်ကတော့ ဘရာဇီးဟာ ကျနော့်ကို အနှစ်သက်ဆုံး ဖြစ်စေပါတယ်။ သူတို့ဟာ တအားကို အရည်အသွေးကောင်းပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းတွေမှာပါ။ ဘယ်သူက အခြိမ်းခြောက်နိုင်ဆုံးလဲလို့ ခင်ဗျားတို့ ကျနော်ကို လာမေးမယ်ဆိုရင် ဘရာဇီးလို့ပဲ ဖြေမိမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဂရီလစ်ခ်ျရဲ့ အင်္ဂလန်အသင်းကတော့ အုပ်စုအဖွင့်ပွဲမှာ အီရန်ကို ၆-၂ နဲ့ နိုင်ခဲ့ပေမယ့်လည်း USA နဲ့ ပွဲမှာ ဆိုးဆိုးရွားရွား ကစားကာ သရေကျခဲ့ပါတယ်။ ဒါပေမယ့် The Three Lions တို့ဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဝေးလ်ကို အနိုင်ရခဲ့မယ်ဆိုရင်တော့ အုပ်စုဗိုလ်နဲ့ နောက်တဆင့်ကို တက်မှာ ဖြစ်ပါတယ်။

SM