Transfer Rumors:ကမ္ဘာ့ဖလားမှာ တောက်ပနေတဲ့ ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ ကြိုတင် သဘောတူညီမှု ရရှိထားပြီလို့ သတင်းထွက်လာတဲ့ မန်ချက်စတာ ယူနိုက်တက်

ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင််း ကတော့ 2022 ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ နယ်သာလန် လက်ရွေးစင် အသင်းကြီး အတွက် ပုံစံကောင််းတွေ ပြသထားနေခဲ့တဲ့ PSV ကြယ်ပွင့် ကိုဒီ ဂတ်ပို ကို ခေါ်ယူဖို့ ကြိုတင် သဘောတူညီမှု ရရှိထားနိုင်ခဲ့ပြီလို့ သတင််းတစ်ရပ် ထွက်လာခဲ့ပါတယ် ။

ကိုဒီ ဂတ်ပိုဟာ ဒီရာသီ နယ်သာလန် လိဂ် မှာ PSV အသင််း အတွက် 14 ပွဲ အထိ ပွဲထွက် ကစားခဲ့ရာမှာ ကိုယ်တိုင် 9 ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီး 12 ကြိမ် အထိ ဂိုးဖန်တီး ပေးထားနိုင်ခဲ့ပါတယ် ။ ပြိုင်ပွဲစုံမှာတော့ သူဟာ အသင်း အတွက် 13 ဂိုး သွင်းယူ 17 ကြိမ် ဂိုးဖန်တီး ပေးထားနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် သူဟာ အခု ကျင်းပနေတဲ့ 2022 ကတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ နယ်သာလန် လက်ရွေးစင် အသင်းကြီး အတွက် အရွေးခံခွင့် ပွဲထွက်ကစားခွင့်တွေ ရရှိထားနိုင်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲကြီးမှာလည်း နှစ်ပွဲ ကစားခဲ့ပြီးနောက် 2 ဂိုး သွင်းယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့်လည်း ဥရောပ ထိပ်သီး ကလပ်တွေဟာ နယ်သာလန်းသားကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စား နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ကစားသမားကတော့ အနာဂတ််နဲ့ ပတ်သက်လို့ ဘာမှ မပြောသေးပဲ ကမ္ဘာ့ ဖလား ပြိုင််ပွဲကြီး အပေါ်ပဲ အာရုံစိုက် နေခဲ့ပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ မကြာသေးခင်ကပဲ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို နဲ့ နှစ်ဖက် သဘောတူ လမ်းခွဲထားခဲ့တဲ့အတွက်် လက်ရှိ အသင်းရဲ့ တိုက်စစ်မှာ ကစားပေးနိုင်သူ အဖြစ်် ရပ်ရှ်ဖို့ နဲ့ မာရှယ် တို့ကိုသာ ပိုင်ဆိုင်ထားပါတော့တယ် ။

အဲ့ဒီထဲမှာတော့ မာရှယ်ဟာ ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန််နေခဲ့ရပြီး ကစားခွင့် နည်းပါး နေခဲ့ရပါတယ် ။ ဒါပေမဲဲ့ ရပ်ရှ်ဖို့ ကတော့ ပုံစံကောင်း ပြသထားနိုင်ခဲ့ပြီး 8 ဂိုးထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက် တို့ ရော်နယ်ဒို ရဲ့ နေရာကို အစားထိုးပေးမယ့်သူ လိုအပ်နေသေးဆဲပါပဲ ။

ကိုဒီ ဂတ်ပို ဆိုတာကတော့ ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သတင််းတွေ ထွက်ခဲ့သူ ဖြစ်ခဲ့ရပြီး နည်းပြသစ် အဲရစ် တန်ဟတ်် နဲ့ပါ စကားတွေ ပြောဆိုခဲ့ဖူးသေးကြောင်း ဝန်ခံထားသူပဲ ဖြစ်ခဲ့ပါတယ် ။

သူဟာ တောင်ပံ တိုက်စစ် ကစားရတာကို အားသန်သူ ဖြစ်ပေမဲ့ တိုက်စစ်ပိုင်း လေးနေရာလုံးမှာ ကစားပေးနိုင်သူ ဖြစ်တာကြောင့် အဲရစ် တန်ဟတ် က သူ့ကို စိတ်ဝင််စားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အန်တိုနီ ကို ရရှိခဲ့​တာကြောင့် သူ့ရဲ့ အပြောင်းအရွှေ့ကိစ္စဟာ ပျက်ပြယ်သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ရော်နယ်ဒို ထွက်ခွာသွားခဲ့ပြီ ဖြစ်တဲ့အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခြေစွမ်းပြနေခဲ့တဲ့ ပစ်မှတ်ဟောင်းကို ပြန်လည် ချဥ်းကပ်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ football insider က ဖော်ပြလိုက်တဲ့ သတင်းကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂတ်ပို ကို ခေါ်ယူဖို့ ကြိုတင် သဘောတူညီမှု ရရှိခဲ့ပြီ ဆိုတာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ဒီ စျေးကွက်မှာ ကစားသမားကို လက်မလွှတ်လိုသေးတဲ့ PSV အသင်းကို ဆက်လက် စည်းရုံးသိမ်းသွင်းဖို့ လိုအပ်နေဦးမယ်လို့ပါ ဆက်လက်ဖော်ပြသွားခဲ့ပါတယ် ။ အခြားတစ်ဖက်မှာတော့ sky ဂျာမဏီ သတင်းထောက် တစ်ဦး ဖြစ်တဲ့ ဖလိုရင်း ပလက်တန်ဘာ့ချ် ကတော့ ယူနိုက်တက် တို့ ဆောင်းရာသီမှာ ဘစ်ဆာကာ ကို အငှား ချသွားဖွယ် ရှိနေတယ်လို့ပါ သိခဲ့ရပါတယ် ။

#Sports_Myanmar