ဝေးလ်နဲ့ပွဲစဉ်မှာ ဂါရက်ဆောက်ဂိတ် ပွဲမထုတ်သင့်တဲ့ အင်္ဂလန်ကစားသမား ၃ ဦးကို ပြောပြလိုက်တဲ့ စတူးဝပ်ပီယာ့စ်

စတူးဝပ်ပီယာ့စ်က ဂါရက်ဆောက်ဂိတ် အနေနဲ့ လာမည့် အင်္ဂါနေ့ ဝေးလ် အသင်းနဲ့ ကစားရမယ့် ပွဲစဉ်မှာ အပြောင်းအလဲတွေ ပြုလုပ်ကာ အင်္ဂလန် ကစားသမား ၃ ဦးကို အနားပေးရန် တိုက်တွန်းသွားခဲ့ပါတယ်။ အင်္ဂလန်ဟာ စနေနေ့က ယူအက်စ်အေကို ဂိုးမရှိသရေကျခဲ့ပေမယ့် ဝေးလ်နဲ့ ပွဲစဉ်မှာ ၄ ဂိုးပြတ် မရှုံးဘူးဆိုရင် နောက်တဆင့်ကို တက်ရောက်မှာ ဖြစ်ပါတယ်။

အင်္ဂလန် အနေနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ၁၆ သင်းအဆင့်မှာ အက်ကွေဒေါ or ဆီနီဂေါ or နယ်သာလန် တသင်းသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ပီယာ့စ်က အသင်းအတွက် အစားထိုးလို့မရနိုင်တဲ့ ဒီကစားသမား ၃ ဦးနဲ့ ပက်သက်ပြီး စွန့်စားသွားရန် မလိုအပ်ဘူးလို့ အကြံပေးလိုက်ပါတယ်။

အင်္ဂလန် လက်ရွေးစင်ဟောင်းက “ဝေးလ်နဲ့ပွဲစဉ်မှာ ကျနော် မကစားစေချင်တဲ့ ကစားသမား တစ်ချို့ ရှိပါတယ်။ ဒါဟာ ကျနော့်ရဲ့ starting point ဖြစ်ပါတယ်။ ဘာလို့လဲဆို‌တော့ ကျနော့် အနေနဲ့ ဒီကစားသမားတွေ ရှုံးထွက်အဆင့်တွေမှာ ဒဏ်ရာရနေတာကို မမြင်ချင်လို့ ဖြစ်ပါတယ်။ ပထမတစ်ယောက်က ဒန်ကလန်ရိုက်စ်ပါ။

နောက်တစ်ယောက် ကတော့ လူ့ရှောပါ။ ဘာလို့လဲဆိုတော့ သူဟာ ဘယ်ခြမ်းမှာ natural balance ကို ပေးနိုင်လို့ ဖြစ်ပါတယ်။ ဘယ်နောက်ခံလူ နေရာမှာ သူ့အတွက် အစားထိုးပေးနိုင်မယ့် အခြား ဘယ်ခြေသန် ကစားသမား မရှိလို့ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးကို ဒဏ်ရာမရစေချင်တာကြောင့် ကျနော်သာဆိုရင် ဒီကစားသမား ၂ ဦးကို အုပ်စုနောက်ဆုံး ပွဲစဉ်မှာ လုံးဝ ကစားခိုင်းသွားမှာ မဟုတ်ပါဘူး။ နောက်ဆုံးတစ်ယောက် ကတော့ ကိန်း ဖြစ်နိုင်ပါတယ်။

ကိန်းရဲ့ နေရာမှာ ပြိုင်ဘက် ခံစစ်ကြောင်းကို ကျော်ပြေးနိုင်တဲ့ ကာလမ်ဝယ်ဆင် ဒါမှမဟုတ် ရပ်ဖို့ဒ် တို့ကို ကစားစေတာကလည်း သိပ်ပြီး ဆိုးမယ်လို့ ကျနော် မထင်ပါဘူး။ ဒီကစားသမားတွေဟာ တိုက်စစ်မှာ energy တွေကို ပေးနိုင်မယ့်သူတွေ ဖြစ်ပါတယ်။ ကိန်း ရိုက်စ် လူ့ရှော တို့ကို ဘယ်လို form ဘယ်လို shape နဲ့မဆို ကျနော် ပွဲထွက်စေမှာ မဟုတ်ပါဘူး” လို့ ဆိုလိုက်ပါတယ်။

ယူအက်စ်အေနဲ့ ပွဲစဉ်အပြီးမှာ နည်းပြဂါရက်ဆောက်ဂိတ် အ‌ပေါ် ပြင်းထန်စွာ ဝေဖန်မေးခွန်းထုတ်နေကြတာကတော့ မန်စီးတီးမှာ အထူး ခြေစွမ်းပြနေတဲ့ ဖီးလ်ဖိုဒန်ကို လုံးဝ အသုံးမပြုခဲ့မှု ဖြစ်ပြီး ဆောက်ဂိတ် ယုံကြည်အားကိုးနေတဲ့ မေဆင်မောင့် နဲ့ စတားလင်း တို့ဟာ တိုက်စစ်မှာ တစ်စုံတစ်ရာ ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

ဂယ်ရီနဗီးက ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်သူ ဖီးလ်ဖိုဒန်ကို ပွဲထွက်စာရင်းမှာ အသုံးမပြုခဲ့တဲ့ ဂါရက်ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်အောင် ဖြစ်မိတယ်လို့ ဆိုလိုက်ပါတယ်။

နဗီးက “tournament တွေဟာ တကယ့်ကို မလွယ်ကူပါဘူး။ ဒါကို ဂါရက်ဆောက်ဂိတ် သိပါတယ်။ clean sheet ရခဲ့တာဟာ အပေါင်းလက္ခဏာဆောင်ပေမယ့် ကွင်းလယ်ပိုင်းကတော့ အချိတ်အဆက်တွေ လွဲချော်နေကာ လေးလံနေခဲ့ပါတယ်။ ဖိုဒန်ရဲ့ အရည်အသွေးဟာ တအားကို မြင့်မားတယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို ကစားသမားမျိုးကို ကျနော် တစ်ခါမှ မမြင်ဖူးပါဘူး။ အသင်းမှာ ဘယ်လင်ဟမ်လို ကစားသမားမျိုး ရှိနေတာကို ကျနော်သိပါတယ်။

ဆောက်ဂိတ်ဟာ မေဆင်မောင့် နဲ့ စတားလင်း တို့ကို အကြိုက်တွေ့ကာ ဦးစားပေးနေပါတယ်။ ဒါပေမယ့် ဖိုဒန်လို စီးတီးမှာ အထူး ခြေစွမ်းပြနေတဲ့ ကစားသမားမျိုးကို ပွဲထွက်ခွင့် မပေးတဲ့အပြင် USA နဲ့ပွဲကလိုမျိုး တိုက်စစ်ပိုင်း idea တွေ ပျောက်ဆုံးနေချိန်မှာ လုံးဝ အသုံးမပြုခဲ့တာကတော့ စိတ်ဝင်စားစရာပါပဲ” လို့ ဆိုလိုက်ပါတယ်။

SM

Stuart Pearce names three England stars Gareth Southgate shouldn’t pick against Wales