ဒီအသင်းကလွဲရင် သူကစားပေးလိုတဲ့ တစ်ခုတည်းသော အသင်းက မန်ချက်စတာ ယူနိုက်တက်ပဲလို့ ဖွင့်ဟလိုက်တဲ့ ဘာကာ ကြယ်ပွင့်

ဘာစီလိုနာ အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမား တစ်ဦး ဖြစ်တဲ့ အလက်ဂျန်ဒရို ဘယ်လ်ဒီ က လာလီဂါ ကလပ်က လွဲရင် သူ ကစားပေးလိုတဲ့ တစ်ခုတည်းသော အသင်းက မန်ချက်စတာ ယူနိုက်တက် အသင်းသာ ဖြစ်ကြောင််း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

အသက် 19 နှစ်သာ ရှိနေသေးတဲ့ ဘယ်နောက်ခံ ကစား သမားလေးဟာ ဒီရာသီမှာတော့ ဘာစီလိုနာ အသင်းကြီး အတွက် 12 ပွဲ အထိ ကစားပေးခွင့် ရရှိထားနိုင်ခဲ့ပြီး 3 ဂိုး ဖန်တီးပေးနိုင်ခဲ့ကာ ဂျော်ဒီ အဲလ်ဗာ ရဲ့ နေရာကို အစားထိိုးနိုင်လိမ့်မယ်လို့ ထင်ကြေး ပေးခံနေခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ သူဟာ စပိန် လက်ရွေးစင် အသင််းကြီးမှာလည်း အရွေးချယ်ခံထားခဲ့ရပြီး ကော်စတာ ရီကာ အသင်းကို 7 – 0 နဲ့ နိုင်ခဲ့တဲ့ ပွဲစဥ်မှာလည်း လူစားဝင်ခွင့် ရရှိခဲ့ပြီး ပွဲကစားချိန် 26 မိနစ် အထိ ပိုင်ဆိုင်ထားနိုင်ခဲ့ပါသေးတယ် ။

အခုတော့ Mundo Deportivo နဲ့ ပြုလုပ်သွားခဲ့တဲ့ အင််တာဗျူး အစီအစဥ်မှာ လက်ရှိ ကစားနေရတဲ့ ဘာစီလိုနာ အသင်းက လွဲရင် အခြား ဘယ် အသင်းအတွက် ကစားပေးလိုသလဲလို့ အမေးခံလိုက်ရတဲ့ အခါမှာတော့ ဘယ်လ်ဒီ က ‘ ယူနိုက်တက် ‘ လို့ ဖြေကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ဘယ်လ်ဒီ ဟာ ဘာစီလိုနာ အသင်းနဲ့ 2024 ခုနှစ် အထိသာ စာချုပ် သက်တမ်း ရှိနေသူ ဖြစ်ပြီး စာချုပ် သက်တမ််း တိုးမြှင့်နိုင်ခြင်း မရှိခဲ့သေးပါဘူး ။ ဒါ့ကြောင့် လာလီဂါ မှာ ခြေစွမ်းပြသနေခဲ့တဲ့ သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေ များပြားနေခဲ့တာပဲ ဖြစ်ပါတယ် ။

မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကတော့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ် မန်ဒက်စ် က ကစားသမားရဲ့ စာချုပ် သက်တမ်း တိုးမြှင့်နိုင်ရေး အတွက် ဘာစီလိုနာ အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရှိခဲ့ရပါတယ် ။

ဒါ့အပြင် သူတို့ဟာ 2023 အစပိုင်းလောက်မှာ သဘော တူညီမှု ရရှိနိုင်လိမ့်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါသေးတယ် ။ ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဇာဗီ ကတော့ လူငယ်လေးရဲ့ စွမ်းဆောင်ရည်ကို နှစ်သက်နေခဲ့ပြီး ချီးကျူးစကားတွေလည်း ဆိုခဲ့သူပဲ ဖြစ်ပါတယ် ။

” သူနဲ့ ပတ်သက်လို့ ကျွန်တော် ပျော်ရွှင်မိပါတယ် ။ သူ့ဆီမှာ ခမ်းနားတဲ့ အရည်အသွေး နဲ့ စရိုက် လက္ခဏာတွေ ရှိနေခဲ့တယ်လေ ။ အသက် 18 နှစ် အရွယ် ကစားသမားလေး တစ်ဦးက ဒီလို level မှာ အသင်းအတွက် ဒီလောက်အထိ အကျိိုးပြုနိုင်တဲ့အပေါ် ကျွန်တော် မအံ့သြမိပါဘူး ”

” သူဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ ဖြစ်ပြီး အသင်းအတွက်် အများကြီး ပေးဆပ်နိုင်ပါသေးတယ် ။ ကျွန်တော်တို့ အသင်းရဲ့ ဘယ်နောက်ခံလူ နေရာမှာ ဂျော်ဒီ ၊ အလွန်ဆို နဲ့ သူ့လို ကစားသမားကောင်း သုံးဦးထိ ရှိနေတာ ပျော်ရွှင်မိပါတယ် ” လို့ ဇာဗီ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိ ဘယ်လ်ဒီ ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ယူရို သန်း 500 အထိ ရှိနေတယ်လို့ သိရပါတယ် ။ အခြားတဖက််မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ရှော ၊ မာလာစီယာ တို့ကို ပိုင်ဆိုင်ထားတဲ့အတွက် နောက်ထပ်် ဘယ်နောက်ခံလူ ခေါ်ဖို့ မရှိသေးပါဘူး ။

#Sports_Myanmar