လေ့ကျင့်ရေးကွင်းထဲမှာ အခြားသူတွေထက်ပိုကောင်းတဲ့ ရပ်ရှ်ဖို့ရဲ့ အရည်အသွေးကို ထုတ်ဖော် ချီးကျူးလိုက်တဲ့ ဒီကလန် ရိုက်စ်

ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ်လူဖြစ်တဲ့ ဒီကလန် ရိုက်စ် က အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ လေ့ကျင့်ရေးကွင်းထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက််စစ်ကစားသမားဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ ရူးသွပ်ဖွယ် လုပ်ဆောင်ချက် အချို့ကို အံ့သြမိကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

မားကပ်စ် ရပ်ရှ်ဖို့ ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တဲ့နောက် တစ်နှစ်လုံးနီးပါး ခြေစွမ်းပြ ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး သွင်းဂိုးလည်း စုစုပေါင်း 5 ဂိုးသာ သွင်းယူသွားနိုင်ခဲ့ပြီး စိတ်ပျက််ဖွယ် ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ် ။

ဒါပေမဲ့ ဒီရာသီမှာတော့ အချို့ပွဲစဥ်တွေမှာ မပါဝင်နိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဟာ ပုံစံကောင်းတွေ ပြသရင်း ဂိုးတွေ သွင်းယူနိုင်ခဲ့သလို အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ကစားပေးရမယ့် ကစားသမား စာရင်းထဲလည်း ပါဝင်ခွင့် ရရှိသွားခဲ့ပါတယ် ။

ဒါ့အပြင် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အဖွင့်ပွဲမှာလည်း လူစားဝင် ကစားခွင့် ရရှိခဲ့ပြီး ဝင်ဝင်ချင်း တစ်မိနစ် အကြာမှာလည်း ဂိုးသွင်းယူသွားနိုင်ခဲ့ ပါတယ် ။ အခုတော့ သူဟာ ပျော်ရွှင်စရာကောင်းတဲ့ ​ဘောလုံး ရာသီ တစ်ခုကို ပြန်လည်် ပိုင်ဆိုင်နေပြီလို့ ဆိုရပါတော့မယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ပစ်မှတ် ကစားသမားတစ်ဦး ဖြစ်ခဲ့ဖူးတဲ့ ဒီကလန် ရိုက်စ် က မားကပ်စ် ရပ်ရှ်ဖို့ရဲ့ ဘောလုံးကိုင် ကစားမှုတွေဟာ အခြားသူတွေထက်ကို သာလွန် ကောင်းမွန်ကြောင်း ၊ သူဟာ ရူးသွပ်ဖွယ် အရာတွေကို လုပ်ပြနိုင်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” အကယ်လို့ skill ပိုင်း ဆိုင်ရာမှာ ဘယ်သူက အကောင်းဆုံးလဲလို့ ကျွန်တော့်ကို မေးရင် ရပ်ရှ်ဖို့ လို့ပဲ ဖြေလိုက်မှာပါ ။ ရပ်ရှီဟာ ဘောလုံးကိုင် ကစားရင်း ရူးသွပ်ဖွယ်ကောင််းတဲ့ အရာအချို့ကို လုပ်ဆောင်ပြနိုင်စွမ်းရှိနေသူ တစ်ဦးပဲ ဖြစ်ပါတယ် ”

” သူဟာ ဘောလုံး စကေးတွေကို အနှေးပြကွက်တွေလို လုပ်ပြနိုင်စွမ်း ရှိနေသူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့ လေ့ကျင့်ရေးကွင်းးထဲ ကစားပုံတွေကို ကြည့်ရတာလည်း တကယ့်ကို ကောင်းမွန်လွန်းလှပါတယ် ” လို့ ဒီကလန် ရိုက်စ် က ချီးမွမ််းသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ချက်စတာ ယူနိုက်တက်် အသင်းအတွက် 5 ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ ဟာ ဒီရာသီမှာတော့ အသင်းအတွက် ပြိုင်ပွဲစုံ 19 ပွဲ အထိ ကစားပေးခွင့် ရရှိထားခဲ့ပြီး ကိုယ်တိုင် 8 ဂိုး သွင်း ၊ 3 ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ် ။

#Sports_Myanmar