ဘရာဇီးစတား နေမာထက်စာရင် အင်္ဂလန်စတားကိုသာ ကိုယ့်အသင်းမှာ ရှိစေချင်တယ်လို့ ဆိုလိုက်တဲ့ ကန်ဒီ

talkSPORTS ရဲ့ Pundit ဖြစ်သူ ဂျေဆင်ကန်ဒီက သူ့ရဲ့ အသင်းမှာ ဘရာဇီး စူပါစတား နေမာထက်စာရင် အင်္ဂလန် စတား မေဆင်မောင့်ကို ပိုပြီး လိုချင်တယ်လို့ ဆိုလိုက်ပြီး နေမာဟာ အသင်း အတွက် dirty work တွေကို လုပ်ပေးမယ့်သူ မဟုတ်ဘူးလို့ သုံးသပ်လိုက်ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဘရာဇီးက ဆားဘီးယားကို ခြေစွမ်းပြကာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ခြေကျင်း၀တ်မှာ ဒဏ်ရာတော့ ရရှိသွားခဲ့ပါတယ်။

ကန်ဒီ ကတော့ နေမာရဲ့ attitude အပေါ် နှစ်သက်မှု မရှိ ဖြစ်နေပြီး ပီအက်ဂျီစတားဟာ ‘team player’ တစ်ဦး မဟုတ်ဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။

ကန်ဒီက “နေမာကို ကျတော် အားပေးသွားချင်တဲ့ အသင်း အတွက် လုံး၀ မခေါ်ယူစေချင်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ ကိုယ့်အတွက်သာ ကိုယ်သိသူ ဖြစ်သူ ဖြစ်ပြီး သူဟာ team player လုံး၀ မဟုတ်ပါဘူး။ ကျနော့် အနေနဲ့ သူ့ထက် စာရင် မေဆင့်မောင့် ကိုသာ ကိုယ့်အသင်း အတွက် ရှိစေချင်ပါတယ်။ ၁၀၀% ပါပဲ။ ဘာကြောင့်လည်း ဆိုတာ ကျနော် ခင်ဗျားကို ပြောပြနိုင်ပါတယ်။

နေမာဟာ မေဆင့်မောင့် ကွင်းထဲမှာ လုပ်ပြသလိုမျိုး လုပ်နိုင်တဲ့သူ မဟုတ်ပါဘူး။ နေမာဟာ အသင်း လိုအပ်တဲ့ အချိန်မှာ ခံစစ်ကို မောင့်လိုမျိုး အပြင်းအထန် ကူညီပေးမယ့်သူ မဟုတ်ပါဘူး။ သူဟာ ဒါမျိုး လုပ်သွားမှာ မဟုတ်ပါဘူး။ အကယ်၍ ခင်ဗျား အနေနဲ့ team player အလိုရှိတယ် ဆိုရင် နေမာကို ဒီအသင်း အတွက် ခေါ်ယူသွားလို့ မရပါဘူး။ နေမာသာ အင်္ဂလန် လူမျိုး ဖြစ်ပြီး ဂါရက်ဆောက်ဂိတ်ရဲ့ အသင်းမှာ ပါနေမယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်သလဲ ခန့်မှန်းကြည့်လိုက်ပါ။ သူဟာ အသင်း အပေါ် ဘယ်လို အနှောက်အယှဉ်တွေ ဖြစ်စေနိုင်မလဲ ဆိုတာ ခန့်မှန်းလိုက်ပါ။ သူဟာ အစုအဖွဲ့ရဲ့ အစိတ်အပိုင်း မဟုတ်ပါဘူး။

သူ ဘာလုပ်ခဲ့သလဲ ဆိုတာ ခင်ဗျားတို့ ကြည့်လိုက်ပါ။ သူဟာ ဘာစီလိုနာ ကနေ အံ့အားသင့်ဖွယ် ထွက်ခွာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ မက်ဆီနဲ့ မယှဉ်ပြိုင်နိုင်လို့ပါ။ သူဟာ ပီအက်ဂျီကို စူပါစတား အနေနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် အမ်ဘက်ပေကသာ ပိုမို တောက်ပလာခဲ့ကာ သူကတော့ ပီအက်ဂျီရဲ့ အကောင်းဆုံး ကစားသမား အဖြစ်တောင် ရှိမနေပါဘူး။ သူဟာ ကိုယ့်အတွက်သာ ကိုယ်ကြည့်တဲ့သူပါ။ သူဟာ team player မဟုတ်ဘဲ တစ်ကိုယ်ကောင်း ကစားသမားပါ။” လို့ ဆိုလိုက်ပါတယ်။

SM