ဘယ်လင်ဂမ် ကို ခေါ်ယူဖို့ ယူနိုက်တက် ထက် အခွင့်သာတဲ့ အသင်းနှစ်သင်း ရှိနေတယ်လို့ ပြောလိုက်တဲ့ ရှရင်ဂမ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ သမိုင်းဝင် တိုက်စစ််မှူးဟောင်း တစ်ဦးဖြစ်တဲ့ တက်ဒီ ရှရင်ဂမ် က ဒေါ့မွန် ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဂမ် ကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အသင််းဟောင်းထက် အခွင့်အရေး ပိုသာတဲ့ ပရီးမီးယားလိဂ် ကလပ် နှစ်သင်း ရှိနေကြောင်း ပြောခဲ့လိုက်ပါတယ် ။

ဂျုဒ် ဘယ်လင်ဂမ် ဆိုတာ ဂါးရတ် ဆောက်ဂိတ်ရဲ့ လက််အောက်မှာတော့ ကမ္ဘာ့ ဖလား ပြိုင်ပွဲ အတွင်း ပွဲထွက်ခွင့်တွေ ရရှိနေသူ ဖြစ်ခဲ့ရပါတယ် ။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သူဟာ ဒေါ့မွန် အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ် ။

အခုတော့ သူဟာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ အုပ််စု အဖွင့်ပွဲစဥ် နှစ်ပွဲလုံးမှာ ပွဲထွက်ကစားခွင့် ရရှိထားနိုင်ခဲ့ပြီး အီရန် အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဥ်မှာလည်း ပရိသတ်တွေ ကြွေလောက်တဲ့ စွမ်းဆောင်ရည်ကို ပြသရင်း အဖွင့်ဂိုးပါ သွင်းယူသွားနိုင်ခဲ့ပါသေးတယ် ။

အဆိုပါ ပွဲစဥ် ပြီးဆုံးသွားခဲ့တဲ့နောက်မှာတော့ ဘောလုံး ပရိသတ် အချို့က ဘယ်လင်ဂမ် တော့ ပြောင်းရွှေ့ကြေး ထပ်တက်ဦးမယ်လို့ စနောက်ခဲ့တာတွေတောင်ရှိခဲ့ပါသေးတယ် ။ အဲ့ဒီနောက် သူ့ကို လာမယ့် စျေးကွက်တွေမှာ ဘယ််လို အသင်းတွေ ဝယ်မလဲဆိုတာပါ လောင်းကြေးထပ် စရာ ဖြစ်လာခဲ့ရပါတယ် ။

အဲ့ဒီထဲမှာတော့ အင်္ဂလန်သားဟာ ပရီးမီးယားလိဂ်ဆီပဲ ပြန်လာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။ ဒါ့အပြင်် အဂ်လန် ထိပ်သီးကလပ်တွေလည်း သူ့ကိုခေါ်ကြမယ်လို့ နာမည်ကြီးလာခဲ့ကြပါတယ် ။ ဒါပေမဲ့ ရှရင်ဂမ် က သူ့ရဲ့ အသင်းဟောင်းထက် ရေပန်းစားတဲ့ အသင်း နှစ်သင်း ရှိနေကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

” ဂျုဒ် ဘယ်လင်ဂမ် ဟာ အီရန် နဲ့ ပွဲစဥ်တုန်းက အဖက််ဖက်မှ အထင်ကြီးဖွယ်စွမ်းဆောင်ရည် ပြသသွားနိုင်ခဲ့ပါတယ် ။ အကယ်လို့ အဲ့ဒီနေရာမှာ ကယ်ဗင် ဖိလစ်သာ ပွဲထွက် ကစားနေခဲ့ရင် ဒီလို အဖွင့်ဂိုးမျိုး ရရှိနိုင်ဖို့ နည်းလမ််း ရှိခဲ့မှာ မဟုတ်ပါဘူး ”

” ဖိလစ်သာဆိုရင် အဲ့ဒီနေရာရဲ့ 25 ကိုက် အကွာလောက်မှာ ရှိနေခဲ့မှာ အသေအချာ ပါပဲ ။ ဘယ်လင်ဂမ် ကတော့ တိုက်စစ် လိုက်ပါ ကစားပေးဖို့ အပြောခံခဲ့ရပုံပါပဲ ။ ဒါ့အပြင်် သူ့မှာ ခံစစ်ပြန်လည်ဆင်းကူနိုင်စွမ်းပါ ရှိနေတယ်ဆိိုတာကို နည်းပြပါ သိနေခဲ့တယ်လေ “

” သူဟာ ပရီးမီးယားလိဂ် ဘယ်လိုအသင်းအတွက်မဆို (ထိပ်သီး 6 သင်း) ပြောင်မြောက်တဲ့ခေါ်ယူမှု ဖြစ်သွားမှာ သေချာလှပါတယ် ။ သူက ဂျရတ်ရဲ့ ပုံတူတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ သူဟာ ဂျရတ် လိုပဲ တိုက်စစ် ကစားဟန် ပုံဖော်ပေးနိုင်သူ တစ်ဦးပဲ ဖြစ်ပါတယ် ”

” သူဟာ ဘယ်အသင်းမှာ အံဝင်မလဲဆိုရင်တော့…. မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကိုလိုချင်နေမှာပါပဲ ။ ဒါပေမဲ့ စီးတီး နဲ့ လီဗာပူး က သူတို့ရဲ့ အရှေ့မှာ ရှိနေကြဦးမှာပါ ။ စီးတီးက ပိုဖြစ်နိုင်တာပေါ့ ။ ဂွာဒီယိုလာ က ဒီအသင်းမှာ ဆက်ရှိနေဦးမှာလေ ” လို့ ရှရင်ဂမ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar