တောရက်စ် ကို လက်မစုပ်ရဲရင် စုပ်ကြည့်လို့ သတိပေးလိုက်တဲ့ စပိန်နည်းပြ အန်နရီကေး

စပိန် လက်ရွေးစင် အသင်း နည်းပြ အန်နရီကေး ကတော့ ဖာရန် တောရက်စ် ကို လက်မစုပ်ပြီး အောင်ပွဲမခံဖို့ သတိပေးလိုက်ပြီး သူ သတိပေးတဲ့ကြားက လုပ်ရင်တော့ ကစားခွင့် ပေးတော့မှာ မဟုတ်ကြောင်း ဆိုသွားခဲ့ပါတယ် ။

ဖာရန် တောရက်စ် ဟာ လက်ရှိ အချိန်မှာ စပိန် အသင်း နည်းပြ အန်နရီကေး ရဲ့ သမီး ဖြစ်သူ ဆီရာ မာတီနက်ဇ် နဲ့ တရားဝင် တွဲနေတာ ဖြစ်ပါတယ် ။ တောရက်စ် ဟာ ကော်စတာ ရီကာ အသင်းနဲ့ အုပ်စု အဖွင့်ပွဲမှာ ဂိုးသွင်းယူ နိုင်ခဲ့တဲ့နောက် သူ့ရဲ့ ချစ်သူ ဆီရာ မာတီနက်ဇ် ကို ရည်ညွှန်းကာ အောင်ပွဲ ခံခဲ့ပါတယ် ။

အန်နရီကေး ကတော့ နောက်ပွဲတွေမှာ တောရက်စ် အနေနဲ့ လက်မစုပ်ပြီး အောင်ပွဲ ခံရင်​ သူ ခွင့်လွှတ်မှာ မဟုတ်ကြောင်း အရွှန်းဖောက် ပြောကြား လိုက်ပါတယ် ။ ဘောလုံး ကစားသမားတွေဟာ သူတို့ရဲ့ ချစ်သူ/ဇနီး ကိုယ်ဝန်လွယ်ထားရချိန်မျိုးမှာ လက်မကိုစုပ်ပြီး အောင်ပွဲခံလေ့ ရှိကြပါတယ် ။ ( တော့တီရဲ့ trademark အောင်ပွဲခံပုံလည်း ဖြစ်ပါတယ် )

သတင်းထောက် တစ်ဦးက သမက်လောင်း တောရက်စ် သာ လက်မစုပ် အောင်ပွဲ ခံရင် ဘယ်လို တုန့်ပြန်မလဲလို့ မေးမြန်းခဲ့ရာ အန်နရီကေး က ရယ်မောပြီး ” ကျနော် သူ့ကို ချက်ချင်း လူစားလဲ ပစ်ပြီး အရန်ခုံတန်းမှာပဲ ထိုင်ခိုင်းမှာပါ ၊ ဘောလုံး မြက်ခင်းပြင်ပေါ် ဘယ်တော့မှ ခြေချခွင့် ပေးတော့မှာ မဟုတ်ပါဘူး ။ ” လို့ အရွှန်းဖောက် ပြောကြား သွားခဲ့ပါတယ် ။

အန်နရီကေး ဟာ ပြီးခဲ့တဲ့ တစ်ပတ် အင်တာဗျူးမှာလည်း တောရက်စ် ဟာ သူနဲ့ ဆင်တူတဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း အရွှန်းဖောက် ပြောကြားခဲ့ပါသေးတယ် ။ ” ကျနော် နဲ့ ဆင်တူတဲ့ ကစားသမားလား ၊ ဖာရန်တောရက်စ် ပါပဲ ၊ သူ့နာမည် မပြောရင် သူ့ ရည်းစား ကျနော့်သမီး က ကျနော့် ခေါင်းကို လာ​ြ- တ်မယ့် အနေအထား ရှိပါတယ် ။ ” လို့ အရွှန်းဖောက် သွားခဲ့တာပါ ။

ဖာရန်တောရက်စ် ကတော့ ချစ်သူရဲ့ ဖခင်လက်အောက်မှာ ကစားရတဲ့ အတွက် ဖိအား အထွေအထူး မရှိကြောင်း ဆိုထားပါတယ် ။ ” ကျနော်ရော နည်းပြကြီးရော မိသားစု ဆက်ဆံရေး နဲ့ ကစားသမား နည်းပြ ဆက်ဆံရေး က တစ်ကန့်စီ ဆိုတာ ကောင်းကောင်း သိထားကြပါတယ် ။ ”

” ကျနော်တို့ တစ်ယောက် နဲ့ တစ်ယောက် ပုံမှန် ပြောဆို နေကြအတိုင်းပဲ ဆက်ဆံ ပြောဆိုပါတယ် ၊ ဘာပြဿနာ ဖိအား မှ မရှိပါဘူး ၊ အဆင်ပြေပြေပါပဲဗျာ ။ ” လို့ ဆိုပါတယ် ။ ဖာရန်တောရက်စ် ဟာ ဒီရာသီမှာ စပိန် အသင်း အတွက် ၁၀ ကစားပြီး ၁ ဂိုး သွင်းထားသူပါ ။

SM