ရော်နယ်ဒို ဆီက ဘာတွေ သင်ယူခဲ့သလဲဆိုတာ ထုတ်ပြောလိုက်တဲ့ မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဒီနှစ် ဘောလုံး ရာသီမှာ ဝေဖန်မှုတွေ အများကြီးခံခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် သူဟာ အသင်းနဲ့ လမ်းခွဲရတဲ့ အထိပါ ဖြစ်သွားခဲ့ရပါတယ် ။

တကယ်တော့ ခရစ္စတီယာနို ရော်နယ်ဒို ဟာ အကောင်းဆုံး အချိန်တွေမှာတောင် အချို့ပွဲတွေ ဂိုးမသွင်းနိုင်ခဲ့ရင် ဝေဖန်မှုတွေ ခံနေခဲ့ရသူပဲ ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ သူကတော့ အဲ့တာတွေကို တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်ပြနိုင်ခဲ့တာချည်းပါပဲ ။

အခြားတဖက်မှာတော့ မန်ချက်စတာယူနိုက်တက် အသင််းရဲ့ အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယားဟာလည်း ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်းက အသင်း အတွက် ပုံစံကောင်းတွေမပြသနိုင်ခဲ့မှုတွေကြောင့် ဝေဖန်မှုတွေ ခံခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒီရာသီမှာလည်း သူ့ရဲ့ကစားပုံက ယုံကြည်ချက်ပျောက််ဆုံးနေပုံ ပေါ်လွင်နေခဲ့ပြီး မကြာခန အမှားတွေ ကျူးလွန်ခဲ့တာကြောင့် နည်းပြသစ် အဲရစ် တန်ဟတ်ရဲ့ လက်အောက််မှာ ပွဲထွက် ကစားခွင့်တွေ နည်းပါးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခုလည်း သူဟာ ဝေဖန်မှုတွေ ခံနေရဆဲပါပဲ ။ ဒါပေမဲ့ မက်ဂွားယား ကတော့ ရော်နယ်ဒို လို ကစားသမားတောင် ဝေဖန်မှုတွေ ကြုံတွေ့နေရချိန်မှာ အခြားကစားသမားတွေ ဝေဖန်ခံရတာက အထူးအဆန်း မဟုတ်ကြောင်း ၊ သူ့ဆီက ဒါတွေ သင်ယူခဲ့ကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

” ဘောလုံးသမား တစ်ဦး အနေနဲ့ ဘယ်သူမှ အဝေဖန်ခံချင်ကြမယ်လို့ မထင်မိပါဘူး ။ ဒါပေမဲ့ အဲ့တာက ဘောလုံံး လောကရဲ့ အစိတ်အပိုင်း တစ်ခုပဲလေ ။ ပြီးခဲ့တဲ့ နှစ်နှစ် အတွင်း ကျွန်တော်ဟာ ခရစ္စတီယာနို နဲ့ အတူ ကစားခဲ့ရပါတယ် ”

” သူဟာ ဘောလုံး အားကစား လောကရဲ့ အခမ်းနားဆုံး ကစားသမား တစ်ဦးပါ ။ သူဆိုရင် နေ့တိုင်းလိုလို ဝေဖန်ခံရပါတယ် ။ သူ့လို ကစားသမားမျိုးတောင် ဝေဖန်ခံရရင်် ၊ ကျွန်တော်တို့လို့ ကစားသမားတွေ မပြောနဲ့ အားလုံးပဲ ဝေဖန်ခံကြရမှာပါပဲ ”

” ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံး ကြိုးစားဖို့ ၊ လေ့ကျင့်ရေးကွင်းထဲ အားထုတ်နေဖို့ ၊ ပြီးရင် တက်နိုင်သမျှ အကောင်းဆုံး လုပ်ပြနိုင်ဖို့ ကြိုးစား ။ ကျွန်တော်တို့ဖက်က လုပ်နိုင်တာ အဲ့တာပါပဲ ” လို့ မက်ဂွားယား က ထုတ််ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar