‘ ရော်နယ်ဒို က GOAT ပဲ ၊ ဒါကို မက်ဆီလည်း သိတယ် ‘ လို့ ​စနောက်လိုက်တဲ့ ပီယာ့စ် မော်ဂန်

ဘောလုံး သတင်း အစီအစဥ်တင်ဆက်သူ တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်နေခဲ့တဲ့ အာဆင်နယ် ပရိသတ် ပီယာ့စ် မော်ဂန် က ကြာသပတေးညက ပွဲစဥ်မှ ဟာသဆန်ဆန် ဓါတ်ပုံတစ်ခု ထွက်လာခဲ့တဲ့နောက် ရော်နယ်ဒို က GOAT ဖြစ်တယ်ဆိုတာကို မက်ဆီတောင် သိနေတယ်လို့ ပြောခဲ့လိုက်ပါတယ် ။

ရော်နယ်ဒိုဟာ ပေါ်တူဂီတို့ ကာတာ ကမ္ဘာ့ ဖလား အုပ်စု အဖွင့်ပွဲစဥ် အဖြစ် ဂါနာ လက်ရွေးစင် အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဥ်မှာ ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး အဖွင့်ဂိုးကို ပင်နယ်တီမှတဆင့် သွင်းယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ သွင်းဂိုးကြောင့် ရော်နယ်ဒိုဟာ ကမ္ဘာ့ ဖလား ပြိုင််ပွဲကို 5 ကြိမ် အထိ ကစားခွင့် ရရှိခဲ့ပြီး အဆိုပါ ပြိုင်ပွဲ 5 ပွဲလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် သူဟာ သူ့ရဲ့ အမှတ် သ​င်္ကေတ ဖြစ််တဲ့ ‘ SIU ‘ နဲ့ အောင်ပွဲခံသွားခဲ့ပါတယ် ။

ဒါပေမဲ့ သူအောင်ပွဲခံခဲ့တဲ့ နေရာမှာပဲ ပြုံးရွှင်စွာ မော့ကြည့်နေတဲ့ မက်ဆီရဲ့ banner တစ်ခု ရှိနေတာကို မြင်တွေ့ခဲ့လိုက်ရပါတယ် ။ အဆိုပါ ပုံစံက မက်ဆီ ဟာ ရော်နယ်ဒို အောင်ပွဲခံတာကို လိုက်ကြည့်နေတဲ့ ပုံစံမျိုး ဖြစ်နေခဲ့တာကြောင့် ပီယာ့စ် မော်ဂန် က အခွင့်အရေးကို အသုံးချပြီး အခုလို ​နောက်ပြောင်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

” မက်ဆီတောင်မှ ရော်နယ်ဒို 🦌 ဆိုတာကို သိနေပြီ ” လို့ ပီယာ့စ် မော်ဂန် က လူမှုကွန်ယက် အထက်မှာ ရေးတင် စနောက်ခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာတော့ ပေါ်တူဂီ လက်ရွေးစင် အသင်းဟာ ဂါနာ တို့ကို 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ကြပါတယ် ။

ဒါပေမဲ့ ဒီပွဲမှာတော့ ဘောလုံး ပရိသတ် နဲ့ သတင်း သုံးသပ််သူ အချို့က ရော်နယ်ဒို ဟာ ဆောက်သမ်တန် အသင််းရဲ့ ကစားသမား ဖြစ်သူ မိုဟာမက် ဆလီဆူ ရဲ့ ထိချက်ကို အလိုက်သင့် လှဲချရင်း ပင်နယ်တီ ရရှိစေခဲ့တာ ဖြစ်တယ််လို့ ဝေဖန်နေခဲ့ကြပါသေးတယ် ။

အခုတော့ အဆိုပါ ပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ ရော်နယ်ဒို ဟာ မဟာ ပြိုင်ဖက် မက်ဆီ ၊ ပီလီ ၊ မီရိုဆလပ် ကလိုဆေး ၊ ယူဝီ ဆီလာ တို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ 5 ကြိမ် ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာနိုင်ခဲ့ပါတယ် ။

အခုတော့ ရော်နယ်ဒို အနေနဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နိုင်ဖို့ 2 ဂိုးသာ ထပ်မံ သွင်းယူရပါတော့မယ် ။ လက်ရှိ အချိန်မှာ အူစီဘီယို က တစ်ဂိုး အသာနဲ့ ဒီ စံချိန်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar