စံချိန် မှတ်တမ်း အသစ် တစ်ခု ရေးထိုးနိုင်ခဲ့တဲ့ ရော်နယ်ဒို ကို ဝေဖန်မှု ပြုလုပ်လိုက်တဲ့ ဟားမန်း

ဂျာမဏီ လက်ရွေးစင် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဒီဒီ ဟားမန်းက ပေါ်တူဂီတို့ ဂါနာ အသင်းကို နိုင်ခဲ့ကြတဲ့ ပွဲစဥ်အပြီးမှာ ပေါ်တူဂီ လက်ရွေးစင် အသင််းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ကို ဝေဖန််သွားခဲ့လိုက် ပါတယ် ။

ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာတော့ နှစ်ဖက်အသင်းဟာ ဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ကြရပေမဲ့ ဒုတိယပိုင်း ပွဲချိန် 65 မိိနစ်မှာတော့ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို က ပင်နယ်တီမှတဆင့် အဖွင့်ဂိုး သွင်းယူပေးသွားနိုင်ခဲ့ပါတယ် ။

ဒါဟာ ရော်နယ်ဒို အတွက်တော့ ယှဥ်ပြိုင်ခဲ့ဖူးတဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး 5 ခုလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်စေနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ရလဒ်ကတော့ ပေါ်တူဂီ ပရိသတ်တွေ အတွက် စိတ်သက်သောင့်သက်သာ မဖြစ်စေနိုင်ခဲ့ပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ ဂါနာ တို့ဟာ ဒီပွဲမှာ ပွဲချိန် ပြီးဆုံးခါနီး အထိ အကောင်းဆုံး ပြန်လည် ခြိမ်းခြောက် ကစားနိုင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ပေါ်တူဂီ တို့ဟာ 3 – 2 ဆိုတဲ့ ရလဒ် နဲ့ လိုအပ်တဲ့ အဖိုးတန် နိုင်ပွဲကို ရယူသွားနိုင်ခဲ့ကြပါတယ် ။

ပေါ်တူဂီတို့ အခုလို ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဥ်မှာ နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ရော်နယ်ဒို လည်း ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ဒီဒီ ဟားမန်း ကတော့ ပေါ်တူဂီ အသင်း ခေါင်းဆောင်ဟာ ကျဆင်းနေပြီ ဖြစ်ကြောင်း ၊ ရာဖေး လီယို က ပွဲထွက်ခွင့် ရသင့်ပြီ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူဟာ တူညီတဲ့ ကစားသမား တစ်ဦးအဖြစ် ရှိနေသေးတယ်လို့ ကျွန်တော် မထင်မိပါဘူး ။ သူ့ခြေစွမ်းက ကြံ့ခိုင်မှု မပြည့်လို့လား ၊ ပွဲတွေ မကစားရလို့လား ကျွန်တော်လည််း မသိပါဘူး ။ ဒီနေ့ သူ့ကို ကြည့်လိုက်ရင် ဘောလုံးကန််တာ ၊ ပို့တာတွေ အမှားများလွန်းခဲ့ပါတယ် ”

” ရော်နယ်ဒို ရဲ့ ကစားသမား ဘဝမှာ ဒါမျိုး ဘယ်တုန််းကမှ မဖြစ်ခဲ့ဖူးဘူးလေ ။ သူဟာ အနည်းငယ်ပျောက်ဆုံးနေပြီလို့ ထင်မိပါတယ် ။ ဒါပေမဲ့ သူ လုပ်နိုင်တာ ရှိနေပါသေးတယ် ။ သူဟာ လေထဲမှာ အကောင်းဆုံး ကစားပြနိုင်ပါတယ် ။ သူ့ရဲ့ အမြင့်ခုန်နိုင်စွမ်းက အံ့ဖွယ်ဖြစ်နေဆဲပဲလေ ”

” ရော်နယ်ဒိုဟာ ပေါ်တူဂီကို ကူညီပေးနိုင်မလားဆိုတာတော့ ကျွန်တော်လည်း သေချာ မပြောတတ်ပါဘူး ။ သူတို့တွေရဲ့ ကစားပုံက အသက်မဲ့နေသလို ဖြစ်နေခဲ့တယ်လေ ။ သူဟာ အလွတ် တည်ကန်ဘောတွေကနေ အမြဲလို ဂိုးသွင်းယူနိုင်သူ တစ်ဦးပဲလေ ”

” သူဟာ ခေါင်းတိုက်ဘောတွေမှာ ကောင်းလွန်းသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူဟာ နောက်ထပ် အသင်း တစ်သင်း ရနိုင်မလား ၊ ဘယ်မှာ အသင်းသစ် ရသွားမလဲ ဆိုတာကိုတော့ ကျွန်တော်လည်း သေချာပေါက် မပြောရဲပါဘူး ”

” ရာဖေး လီယို ကွင်းထဲ ပွဲထွက် ကစားသင့်ပြီလို့ ထင်မိပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ပေါ်တူဂီတို့ ပွဲချိန် အတွင််းမှာ လျင်မြန်မှု ကင်းမဲ့နေခဲ့ကြလို့ပါပဲ ။ မော်ဒန် ဘောလုံံး လောကမှာ လျင်မြန်မှု အပိုင်း အားနည်းနေရင် အခွင့်အရေးတွေ သိပ်ပြီး ဖန်တီးနိုင်မှာ မဟုတ်ပါဘူး ”

” အုပ်စု အဆင့်ကို ကျော်ပြီး ရှုံးထွက် အဆင့်တွေဆီကို ရောက်သွားရင်တော့ ခြားနားတဲ့ ပုံပြင်တစ်ခု ဖြစ်သွားပါလိမ့်မယ် ။ ဒီအသင်းကို အလွယ်လေး ဖြိုခွဲလို့တော့ မရနိုင်ပါဘူး ။ ဒါပေမဲ့ ကစားပုံ ထပ်နေသူ များနေပါတယ် ။ ကမ္ဘာ့ ဖလား ဆွတ်ခူးနိုင်ဖို့ 3-4 သင်း စာရင်းထဲ သူတို့ကို ထည့်လို့ မရနိုင်သေးပါဘူး ” လို့ ဟားမန်း က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar