စံချိန်သစ်နဲ့ ရိုနယ်ဒို ၊ လက်ရွေးစင်နည်းပြလုပ်မယ့် အန်ဆယ်လော့တီ ၊ ကမ္ဘာ့ဖလား + ကလပ်အကြောင်းတွေနဲ့ . . . နံနက်ခင်းအားကစားသတင်းများ

မနေ့ညက ကစားသွားတဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေ မှာတော့ ပေါ်တူဂီ ၊ ဘရာဇီး နဲ့ ဆွစ်ဇာလန် တို့ နိုင်ပွဲ ကိုယ်စီ ရခဲ့ကြပြီး ယူရဂွိုင်း နဲ့ တောင်ကိုရီးယားတို့ရဲ့ ပွဲစဉ် ကတော့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ခဲ့ ပါတယ် ။ ပေါ်တူဂီ ပွဲမှာ ဂိုးသွင်း ခဲ့တဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ကမ္ဘာ့ဖလား ၅ ကြိမ် ဂိုးသွင်း နိုင်တဲ့ ပထမဆုံး ဘောလုံးသမား ဖြစ်လာခဲ့ ပါတယ် ။

ဘရာဇီး တိုက်စစ်မှူး နေမာ ဟာ မနေ့ညက ပွဲမှာ ၉ ကြိမ် ပြစ်ဒဏ်ကျူးလွန် ခံခဲ့ရပြီး လက်ရှိ ကမ္ဘာ့ဖလားမှာ အရေအတွက် အများဆုံး ဖြစ်ခဲ့ ပါတယ် ။ နေမာ ဟာ ခြေကျင်းဝတ် မှာ ဒဏ်ရာ ရရှိသွားခဲ့ ပေမယ့် နည်းပြကြီး တီတေး ကတော့ နေမာ ရဲ့ ကမ္ဘာ့ဖလားဟာ အဆုံးမသတ်သွားပါဘူးလို့ ထုတ်ဖော် ပြောဆို ခဲ့ပါတယ် ။

ဒါပေမယ့် နောက်ပွဲစဉ် ကို ပါဝင် နိုင်ဖို့ကတော့ အခုထိ မသေချာသေးပါဘူး ။

ရီးရဲ မက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ ဟာ ကနေဒါ လက်ရွေးစင် အသင်းကို အားပေးနေကြောင်း ထုတ်ဖော် ပြောဆို ခဲ့ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မှာ ကနေဒါ ကို ကိုင်တွယ် နည်းပြဖို့ စိတ်ကူး ရှိကြောင်းလည်း ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

ကနေဒါ ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ရဲ့ အိမ်ရှင် ၃ နိုင်ငံ ( ကနေဒါ ၊ အမေရိကန် ၊ မက္ကဆီကို ) ထဲက တခုဖြစ်ပြီး ခြေစစ်ပွဲ မကစားဘဲ တိုက်ရိုက် အောင်မြင်ခွင့် ရရှိဖို့ အလားအလာ ကောင်းနေပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အမှုဆောင်ဟောင်း အက်ဝုဒ်ဝက် ဟာ အသင်းကို ဝယ်ယူဖို့ စိတ်ကူးနေတဲ့ ဘီလီယံနာ တွေထဲက အဖွဲ့အစည်းတခုကို အကြံပေးအဖြစ် လုပ်ဆောင်ပေး နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဆော်ဒီ အာရေဗျ အားကစား ဝန်ကြီး ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် ဖျက်သိမ်းပြီး အသင်း လက်မဲ့ ဖြစ်နေတဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကို ပြည်တွင်း ကလပ် တသင်းသင်းဆီ ရောက်ရှိ စေလိုကြောင်း ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။ ဆော်ဒီ က အမည်မဖော်ပြတဲ့ အသင်း တသင်းဟာ ရိုနယ်ဒို မန်ယူနိုက်တက် နဲ့ စာချုပ် ဖျက်သိမ်းတဲ့ သတင်း ထွက်လာအပြီးမှာ ပေါင် သန်း ၃၀၀ ကျော် စာချုပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ် လို့လည်း ကြားသိရ ပါတယ် ။

ယူဗင်တပ် နောက်ခံလူဟောင်း လီဂရော့တာဂလီ က အသင်း အနေနဲ့ ပြင်သစ် ကွင်းလယ်လူ ရာဘီယော့ ကို ဆက်လက် ထိန်းထား သင့်ကြောင်း အကြံပြု ပြောဆိုခဲ့ ပါတယ် ။ ရာဘီယော့ ဟာ အခု ကမ္ဘာ့ဖလားမှာ ပြင်သစ် နဲ့ ပုံစံကောင်းတွေ ပြသလို့ နေပါတယ် ။

နယူးကာဆယ် အသင်းကတော့ ယူဗင်တပ် က အပြီးဝယ်ယူဖို့ စိတ်ကူး နေတဲ့ အဲဗာတန် တိုက်စစ်မှူး မွိုက်စ်ကင်း ကို ကြားဖြတ် ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သိရပါတယ် ။ ယူဗင်တပ် ဟာ မွိုက်စ်ကင်း ကို အဲဗာတန် ကနေ ၂ နှစ် အငှား စာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး နွေရာသီမှာ ပေါင် ၂၄ သန်း နဲ့ အပြီးသတ် ဝယ်ယူဖို့ စိတ်ကူးနေပါတယ် ။

အာဆင်နယ် အသင်းဟာ ကွင်းလယ်ကို အားဖြည့်ဖိ့ု အစီအစဉ် ရေးဆွဲ နေပြီး မူလ ပစ်မှတ်တွေ အပြင် ဗစ်တိုးရီးယား ဂွီမာရက်စ် အသင်းရဲ့ ကွင်းလယ်လူ အီဘရာဟီမာ ဘမ်ဘာ ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရှိရ ပါတယ် ။

မန်စီးတီး နဲ့ လီဗာပူး တို့ကတော့ အတ္တလန်တာ ကြယ်ပွင့် ကစားသမားလေး ဂျော်ဂျီယို စကယ်ဗီနီ ကို အပြိုင် ကြိုးစား သွားဖွယ် ရှိတယ်လို့ သိရပါတယ် ။

ကမ္ဘာ့ဖလား အိမ်ရှင် ကာတာ ဟာ ကမ္ဘာအနှံ့ ကနေ လာရောက်တဲ့ ဘောလုံး ပရိသတ်တွေကို ကာတာ ရိုးရာ ဝတ်စုံ ကို ဝတ်ဆင်ပြီး ဘီယာ ၊ အရက် ဝယ်ယူခွင့် ပိတ်ပင် လိုက်တယ်လို့ သိရပါတယ် ။

အာဂျင်တီးနား နဲ့ ပွဲမှာ အသင်းဖော် ဂိုးသမား နဲ့ ထိခိုက်မိပြီး အရေးပေါ် ကုသရတဲ့ အထိ ဖြစ်ခဲ့တဲ့ ဆော်ဒီ အာရေဗျ ကစားသမား အယ်လ် ရှာရာနီ ဟာ သူ့ရဲ့ အခြေအနေ ကောင်းမွန်ကြောင်း ပရိသတ်တွေကို အသိပေး ပြောဆိုခဲ့ ပါတယ် ။

 

SPORTS MYANMAR