ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ ပက်သက်ပြီး ကာရေဂါရဲ့ ခန့်မှန်းချက်

ဂျေမီကာရေဂါက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်တဲ့ အသင်း ၈ သင်းထိ ရှိနေတယ်လို့ ဆိုလိုက်ပြီး အင်္ဂလန်နဲ့ ပက်သက်တဲ့ သူ့ရဲ့ စိုးရိမ်မှုကိုလည်း ထုတ်ဖော်သွားခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိနေတဲ့ အသင်းကြီးတွေထဲက ဂျာမနီ အာဂျင်တီးနားတို့ အံ့အားသင့်ဖွယ် ရှုံးပွဲတွေ ကြုံတွေ့ခဲ့ရပေမယ့်လည်း ဘရာဇီး အင်္ဂလန် စပိန် ပြင်သစ် တို့ကတော့ ခြေစွမ်းပြကာ နိုင်ပွဲတွေ ရရှိခဲ့ပါတယ်။

နယ်သာလန် ဘယ်ဂျီယံ နဲ့ ပေါ်တူဂီ တို့ကတော့ ခြေစွမ်းအားရစရာ မရှိခဲ့ပေမယ့် အုပ်စုကို နိုင်ပွဲနဲ့ ဖွင့်နိုင်ခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ပက်သက်ပြီး ခန့်မှန်းမှု လုပ်ခဲ့ရာမှာ ကာရေဂါက “ကမ္ဘာ့ဖလားကို ဘယ်အချိန်ပဲ သွားသည်ဖြစ်စေ အသင်း ၂ သင်း ၃ သင်း ကတော့ ဗိုလ်စွဲဖို့ ရေပန်းစားတယ်ဆိုတဲ့ ခံစားချက်ကို ရလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ ‌ရာစီဝက်မှာ ကျင်းပကာ ခြေစမ်းပွဲတွေ မကစားရဘဲနဲ့ ပြိုင်ပွဲဝင်ရတဲ့ ခြားနားတဲ့ ကမ္ဘာ့ဖလား ဖြစ်ပါတယ်။ အရင်တုန်းက စပိန် နဲ့ ပြင်သစ် တို့လိုမျိုး တသင်းတည်းက ဗိုလ်စွဲဖို့အတွက် ချွန်ထွက်နေတာမျိုးကို ဒီပြိုင်ပွဲမှာ မခံစားရပါဘူး။

အီတလီဟာ ယူရိုမှာ ဗိုလ်စွဲနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ မအောင်ခဲ့ပါဘူး။ ၂၀၀၄ မှာ ဂရိက ယူရိုမှာ ဗိုလ်စွဲခဲ့ပြီး ၂၀၀၆ မှာ အီတလီက ကမ္ဘာ့ဖလားမှာ ‌ဗိုလ်စွဲခဲ့ပါတယ်။ အဲဒီတုန်းက သူတို့ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပါဘူး။ ဒီတစ်ကြိမ် ကမ္ဘာ့ဖလားမှာလည်း ပြိုင်ပွဲမစတင်မီ ဗိုလ်စွဲမယ်လို့ ဘယ်သူမှ ထင်မှတ်မထားခဲ့တဲ့ အသင်းက ဗိုလ်စွဲသွားနိုင်တယ်လို့ ကျနော် ခံစားမိနေပါတယ်။

ပြင်သစ်ဟာ တစ်ဦးကောင်း ကစားသမားတွေနဲ့အတူ အရမ်းကို ကောင်းတဲ့ လူစာရင်း ရှိနေပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒဏ်ရာပြသနာတွေ များစွာ ကြုံထားခဲ့ရကာ ဒါဟာ သူတို့ကို သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ အင်္ဂလန်ဟာ သူတို့ ပုံစံကောင်းပြသနိုင်တဲ့နေ့မှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်း ရှိတဲ့ အသင်း ၆ သင်း ၈ သင်းထဲမှာ ပါနေပါတယ်။ ကျနော်ကတော့ ဒီ ကမ္ဘာ့ဖလားဟာ အသင်းတော်တော်များများ အတွက် open ဖြစ်နေတယ်လို့ ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

၂၀၁၈ က ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တဲ့ အင်္ဂလန်ဟာ အဖွင့်ပွဲမှာ အီရန်ကို ဂိုးပြတ်နိုင်ထားခဲ့ကာ ဒီနေ့မှာ USA နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ကာရေဂါက အင်္ဂလန်နဲ့ ပက်သက်ကာ အားရနေပေမယ့် ဟယ်ရီကိန်း အပေါ် တအားမှီခိုနေမှုအပေါ် စိုးရိမ်နေပါတယ်။

ကာရေဂါက “ကိန်းသာ ဒဏ်ရာရသွားခဲ့မယ်ဆိုရင် အင်္ဂလန်အတွက် အတော်လေး စိုးရိမ်စရာ ဖြစ်ပါတယ်။ ဒါဟာ အသင်းမှာ ရှိတဲ့ အခြားတိုက်စစ်မှုးတွေကို မလေးမစား ပြောတာ မဟုတ်ပေမယ့် ကိန်းသာ မကစားနိုင်ဘူးဆိုရင် တိုက်စစ်ပိုင်းက အတော်လေး level ကျသွားမှာပါ။ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာ ကိန်းဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှုးဆိုတာကို သက်သေပြခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ပါတယ်။

သူဟာ ယူအက်စ်အေ နဲ့ ပွဲမှာ ဂိုးသွင်းကာ ဒိလို ထပ်လုပ်ပြနိုင်ဖို့ ရည်မှန်းနေမှာပါ။ သူဟာ အင်္ဂလန် အသင်းမှာ ပွဲထွက်ခွင့်ရဖို့ သေချာတဲ့ အဓိက ကစားသမား အနည်းငယ်ထဲက တစ်ဦးဆိုတာ ကျနော်ဆို့ အားလုံး သိထားပြီး ဖြစ်ပါတယ်။ သူ့ရဲ့ back up တွေ ဝင်ကစားမယ်ဆိုရင်တော့ အသင်းရဲ့ တိုက်စစ်ဟာ အားနည်းသွားမှာပါ။ သူဟာ ဒဏ်ရာရသွားခဲ့မယ်ဆိုရင် ကြီးမားတဲ့ ပြသာနာ ဖြစ်လာမှာပါ။ ဒါ့ကြောင့် ၁၀၀ % ကြံ့ခိုင်မှုပြည့်ဝနေတဲ့ ကိန်းကို ရထားဖို့ အရေးကြီးပါတယ်။”

SM