” ဘယ်လိုလုပ်ပြီး ကျွန်တော် MVP ဖြစ်သွားတာလဲ မသိတော့ပါဘူးဗျာ ” ကနေဒါနဲ့ နိုင်ပွဲအပြီး ဝန်ခံစကားတွေဆိုလိုက်တဲ့ ဒီဘရိုင်း

ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းရဲ့ အားထားရတဲ့ ကွင််းလယ်လူ တစ်ဦး ဖြစ်တဲ့ ကယ်ဗင် ဒီဘရိုင်း က ကနေဒါ လက်ရွေးစင် အသင်းကို 1 – 0 ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်အပြီး ဒီပွဲမှာ သူဘာကြောင့် ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ရသလဲဆိုတာ နားမလည်နိုင် ဖြစ်ခဲ့ရကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ကာတာမြေမှာ ကနေဒါ လက်ရွေးစင် အသင်းနဲ့ ကမ္ဘာ့ ဖလား အုပ်စု အဖွင့် ပွဲစဥ် ကစားခဲ့ရပြီး ပွဲချိန် 44 မိနစ််မှ တိုက်စစ်မှူး မီချီ ဘတ်ရှူဝါယီ ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူ သွားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ တကယ်တမ်းမှာတော့ ကစားကွက် ပိုကောင်းပြီး ဂိုးပေါက်ခြိမ်း​ခြောက်မှုတွေ၊ အခွင့်အရေးကောင်း ဖန်တီးမှုတွေ ပိုမိုလုပ်ဆောင်နိုင်ခဲ့တာက ကနေဒါ တို့ပဲ ဖြစ်ခဲ့ရပါတယ် ။ ဒီပွဲမှာ ဘယ်လ်ဂျီယံ တို့ဟာ ဘောလုံး ပိုင်ဆိုင်မှု အပိုင်းသာ အသာစီး ရယူနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ကယ်ဗင် ဒီဘရိုင်းရဲ့ ဖန်တီးမှုတွေကို တိုက်စစ်မှူး ဘတ်ရှူဝါယီ ထိုင်ဖြုန်းနေခဲ့တာဟာလည်း ဘယ်လ်ဂျီယံ တို့ကို နစ်နာစေခဲ့ပါတယ် ။ အခြားတဖက်မှာတော့ ဂိုး သမား ဖြစ်သူ သီဘောက် ကော်တွိုက်စ် က ပင်နယ်တီ အပါအဝင် ဂိုးပေါက် သုံးကြိမ် ကာကွယ်ပြီး ဟိုးရိုး ဖြစ်ခဲ့ပါတယ် ။

သာမန်အားဖြင့်ဆိုရင် ဒီလို ပွဲမျိုးမှာ ဂိုးသွင်းသူ ၊ ဒါမှမဟုတ် ပင်နယ်တီ ကာကွယ်သူ တို့က ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သင့်ပါတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဂိုးပေါက် နှစ်ကြိမ် ကန်ပြီး ဖန်တီးမှု 4 ကြိမ် လုပ်ခဲ့တဲ့ ဒီဘရိုင်း က ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ််သွားနိုင်ခဲ့ပါတယ် ။

ဒါ့နဲ့ ပတ်သက်လို့ ဒီဘရိုင်း က သူဟာ ဘာကြောင့် ဒီဆုကို ရရှိခဲ့တာလဲ ဆိုတာ နားမလည်ကြောင်း ၊ သူ့ရဲ့နာမည်က ဒီဆုကို ရရှိစေနိုင်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” အသင်း တစ်သင်း အနေနဲ့ ကျွန်တော်တို့ အကောင်းဆုံး မကစားပြနိုင်ခဲ့ကြပါဘူး ။ ကျွန်တော် ကိုယ်တိုင်လည်း ဒီပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမား ဘာကြောင့် ဖြစ်သွားခဲ့သလဲဆိုတာလည်း နားမလည်နိုင်တော့ပါဘူး ။ ဒါဟာ ကျွန်တော့်ရဲ့ နာမည်ကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ”

” ဒီပွဲအတွက် ကနေဒါကို ဂုဏ်ထူးမှတ် ပေးချင်ပါတယ် ။ ကျွန်တော်တို့ဟာ သူတို့ရဲ့ ဖိအားပေး ကစားမှုကို ခံခဲ့ရတယ်လေ ။ ဒီနေ့ ကျွန်တော် အပါအဝင် ကျွန်တော်တို့ ပွဲကောင်း တစ်ပွဲ မကစားနိုင်ခဲ့ကြပါဘူး ။ ဒါပေမဲ့ အနိုင်ရဖို့ နည်းလမ်းတော့ ရှာနိုင်ခဲ့ကြပါတယ် ” လို့ ဒီဘရိုင်းက ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar