ပိုင်ရှင်တွေ အသင်းအပေါ် ဂရုမစိုက်ဘူးလို့ ပြောခဲ့တဲ့ ရော်နယ်ဒို အပေါ် တုန့်ပြန်လိုက်တဲ့ အဗရမ် ဂလေဇာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပိုင်ရှင် တစ်ဦး ဖြစ််တဲ့ အဗရမ် ဂလေဇာ က သူတို့ဟာ အသင်း အပေါ် ဂရုစိုကွမှု မရှိဘူးလို့ ပြောဆိုသွားခဲ့တဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဝေဖန်မှုကို ငြင်းဆန်စကားဆိုသွားခဲ့လိုက်် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပီယာ့စ် မော်ဂန် နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ်မှာ ယူနိုက်တက် အသင်းရဲ့ အကြီိးအကဲတွေဟာ အသင်းအပေါ် ဂရုမစိုက်ပဲ စီးပွားရေးဆန်နေခဲ့တယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

” ဂလေဇာ မိသားစု ၊ သူတို့ဟာ ဘောလုံးအသင်းအပေါ် အာရုံစူးစိုက်မှု မရှိကြပါဘူး ။ ကျွန်တော် ဆိုလိုချင်တာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကလပ် မဟုတ်တာမျိုးပါ ။ မန်ချက််စတာ က စီးပွားရေးဆန်တဲ့ ကလပ်မျိုး ဖြစ်နေခဲ့ပါပြီ ။ သူတို့ဟာ စျေးကွက် ၊ ဘောလုံးကနေ ငွေတွေ ရရှိနေကြပါတယ် ၊ ဒါပေမဲ့ အသင်းအပေါ်တော့ ဂရုမစိုက်ကြပါဘူး ”

” ပရိသတ်တွေကတော့ အမြဲတမ်း မှန်ကြပါတယ် ။ ပရိိသတ်တွေအနေနဲ့ အမှန်တရား သိသင့်တယ်လို့ ကျွန်တော် ထင်မိပါတယ် ။ ကစားသမားတွေ အသင်းအတွက်တော့ အကောင်းဆုံး ကစားချင်ကြတယ်ဆိုတာ သူတို့သိစေချင်ပါတယ် ။ ကျွန်တော်က အသင်းအတွက် အကောင်းဆုံးတွေကို လိုချင်တာပါ ။ ဒါ့ကြောင့်လည်း ဒိီကို ပြန်လာခဲ့တာလေ ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းကို ရောင်းချတော့မယ်ဆိုတဲ့ အသံတွေ ကျယ်လောင််လာခဲ့ချိန်မှာ အဗရမ်ဟာ ရော်နယ်ဒို ရဲ့ အကြောင်းကို အမေးခံခဲ့ရပါတယ် ။ Sky News ရဲ့ သတင်းထောက် တစ်ဦး ဖြစ်တဲ့ ဖလော်ရီဒါ က…

” ခရစ္စတီယာနို ရော်နယ်ဒို က ခင်ဗျားတို့ မန်ချက်စတာ ယူနိုက်တက် အသင်း အပေါ် ဂရုမစိုက်ဘူးလို့ ပြောခဲ့တယ််နော် ။ ဒါကို ပရိသတ်တွေ အများစု က သဘောတူညီခဲ့ကြတယ်မလား ? ” လို့ မေးမြန်းသွားခဲ့ရာမှာ အဗရမ် ဂလေဇာ က …

” ရော်နယ်ဒို အကြောင်း ခင်ဗျားတို့ကို ပြောပြပါ့မယ် ။ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခမ်းနားတဲ့ ကစားသမား တစ်ဦးပါ ။ ကလပ် အသင်း အတွက် သူလုပ််ဆောင်ခဲ့တာတွေအပေါ် ကျွန်တော့်ဖက်က တကယ်ပဲ အသိအမှတ် ပြုမိပါတယ် ”

” သူ့ရဲ့ အနာဂတ် မှာ အရာရာ အကောင်းဆုံး ဖြစ်နိုင်ပါစေလို့ ကျွန်တော့်ဖက်က ဆန္ဒပြုလိုက်ပါတယ် ။ ကျေးဇူး အများကြီး တင်ပါတယ် ” လို့ ပြောရင်း လိုရင်း မရောက်တဲ့ အဖြေကိုပဲ ပေးဆောင် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ရော်နယ်ဒို ရဲ့ အင်တာဗျူး အကြောင်း အပြည့်အဝ သိခဲ့ရတဲ့နောက် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တာဝန်ရှိိသူတွေ တွေ့ဆုံခဲ့ကြပြီး နှစ်ဦး သဘောတူ စာချုပ် ဖျက််သိမ်းခဲ့ကြပါတယ် ။ အခုတော့ ရော်နယ်ဒို က free agent ဖြစ်သွားခဲ့ရပါပြီ ။

အခြားတဖက်မှာတော့ မန်ချက်စတာ ညနေခင်း သတင်းက အသင်းဟာ ဆောင်းရာသီ စျေးကွက်ထဲမှာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူသွားဖို့ ရှိနေတယ်လို့ ဖော်ပြသွားခဲ့လိုက် ပါတယ် ။ ဒါပေမဲ့ အခုထိ ယူနိုက်တက် နဲ့ သတင်းကျယ််လောင်တဲ့ ကစားသမား မရှိသေးပါဘူး ။

#Sports_Myanmar