ဂျပန်ကို အံ့အားသင့်ဖွယ် ရှုံးခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဂျာမနီစတားနှစ်ဦးရဲ့ performance ကို ဝေဖန်လိုက်တဲ့ အီရန်ရိုက်

အီရန်ရိုက်ဟာ မနေ့ညက ဂျပန်တို့ ဂျာမနီကို အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲစဉ်အတွင်းမှာ တိုက်စစ်မှုး ကိုင်ဟားဗက်စ်ရဲ့ performance နဲ့ ပက်သက်ပြီး ဝေဖန်သွားခဲ့ပါတယ်။ ဟားဗက်စ်ဟာ ကာတာရှိ the Khalifa International Stadium မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး ပထမပိုင်း မပြီးခင်မှာ ဂနာဘရီရဲ့ ဖြတ်တင်ဘောကို ပိတ်သွင်းယူကာ ဂျာမနီကို ၂-၀ ဖြစ်စေခဲ့တယ်လို့ ထင်မှတ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း VAR နဲ့ ပြန် check ခဲ့ပြီးနောက် ဒါဟာ လူကျွံဘော ဖြစ်နေခဲ့ကာ အ‌ဆိုပါဂိုးကို ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။ ဂျာမနီဟာ ပထမပိုင်းမှာ ဂွန်ဒိုဂန်ရဲ့ ဦးဆောင်ထားနိုင်ခဲ့ကာ ခြေစွမ်းအသာစီးနဲ့ ကစားခဲ့တာကြောင့် သာသာယာယာ နိုင်ပွဲရမယ့်ပုံ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ နည်းပြရဲ့ လူစားလဲမှုတွေနဲ့အတူ ဂျပန်ရဲ့ ကစားကွက် ပိုကောင်းလာခဲ့ပြီး ဒိုအန် အဆာနို တို့က ဂျပန်အတွက် နောက်ကျဂိုးတွေ သွင်းယူကာ သမိုင်းတစ်လျှောက် ဂျာမနီကို ပထမဦးဆုံး အနိုင်ရခဲ့ပါတယ်။

 

ဂျာမနီရဲ့ ပယ်ဖျက်ခံခဲ့ရတဲ့ ဂိုးနဲ့ ပက်သက်ပြီး analyst လုပ်ရာမှာ အီရန်ရိုက်ဟာ ဟားဗက်စ်ရဲ့ နေရာယူပုံနဲ့ ပက်သက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ပါတယ်။

ရိုက်က “ဟားဗက်စ် အနေနဲ့ သူ ပထမ နေရာယူထားတဲ့ နေရာမှာပဲ ရှိနေရမှာပါ။ ဘောလုံးက အဲဒီနေရာကို ဖြတ်ပြီး ရောက်လာမှာပါ။ သူ့အနေနဲ့ ပြေးထွက်စရာကို မလိုအပ်ပါဘူး။ အကယ်၍ သူသာ အဲဒီနေရာမှာ စောင့်နေခဲ့မယ်ဆိုရင် ဘောလုံးလာချိန်မှ ပြေးထွက်ကာ slide ထိုးရင်လည်း ဒီဘောလုံးကို ထိနိုင်ပါတယ်။ သူသာ ဂိုးပေါက်နဲ့ ဘယ်လောက်တောင် ကပ်နေသလဲဆိုတာ ခင်ဗျားတို့ မြင်နိုင်မှာပါ။ ဒီလို level မှာ ဒီလိုမျိုး ဖြစ်ခဲ့တာကို ကျနော် မယုံနိုင်လောက်အောင်ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

လေဗာကူဆင်ကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွေ့လာခဲ့ပြီးနောက်ပိုင်း ချဲလ်ဆီးမှာ ထင်ထားသလောက် လုပ်ပြထားနိုင်ခြင်း မရှိတာကြောင့် ဟားဗက်စ်ဟာ ဝေဖန်မှုတွေ ခံနေရသူ ဖြစ်ပါတယ်။ ဂျာမနီ အတွက်ကတော့ ဒါဟာ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ၂ ကြိမ်ဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး လာမည့် တနင်္ဂနွေနေ့မှာတော့ ခက်ခဲတဲ့ စမ်းသပ်မှု အဖြစ် ကော်စတာရီကာကို ၇ ဂိုးပြတ်နဲ့ အနိုင်ရရှိထားခဲ့တဲ့ စပိန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အီရန်ရိုက်ဟာ အဆာနိုရဲ့ သွင်းဂိုးမှာ အမှား ကျူးလွန်ခဲ့တဲ့ နောက်ခံလူ နီကလက်ဆူလာ ကိုလည်း ဝေဖန်သွားခဲ့ပါတယ်။

ရိုက်က “ဂျပန် အသင်းကို ကြည့်ရင် သုတို့ဟာ ဒီပွဲစဉ်မှာ ဂျာမန် နောက်ခံလူ နီကလပ်ဆူလာကို အဓိက ပစ်မှတ်ထားကာ ထိုးဖောက် ကစားသွားခဲ့သလိုပါပဲ။ ဂျပန်တို့ ရရှိခဲ့တဲ့ ဒုတိယဂိုးကို ကြည့်လိုက်မယ် ဆိုရင် ပြိုင်ဘက်က ဘောလုံးကို ခုတ်တင်ပေးလိုက်တဲ့ အချိန်မှာ ဆူလာဟာ နောက်ကို တအား ဆင်းလွန်းနေတာကြောင့် အဆာနိုကို onside ဖြစ်သွားစေခဲ့ပါတယ်။ ဂျာမနီ ခံစစ်ရဲ့ ကစားပုံဟာ ညံ့ဖျင်းခဲ့ပါတယ်။ ဒါပေမယ့် အဆာနိုရဲ့ ဘောလုံးထိချက်နဲ့ သွင်းဂိုး ကတော့ စပယ်ရှယ် ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

SM