အဲရစ် တန်ဟတ်ကို ကျေးဇူးတင်လိုက်ပြီး တူညီတဲ့ လမ်းကြောင််းအတိုင်း ရှေ့ဆက်သွားမယ်လို့ ပြောလိုက်တဲ့ ဂါနာချို

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်တဲ့ အလက်ဂျန်ဒရို ဂါနာချို ကတော့ စီနီယာအသင်းမှာ အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့တဲ့နောက် အခုလို လမ်းကြောင်း အပေါ်မှာပဲ ဆက်လျှောက်သွားဖို့ ရှိနေကြောင်း ၊ နောက်ဆုတ်ဖို့ မရှိကြောင်း ​ကြုံးဝါးသွားခဲ့လိုက််ပါတယ် ။

ဂါနာချိုဆိုတာ ရာသီအကြို ပွဲစဥ်တွေတုန်းက အသင်းရဲ့ meeting တွေကို တက်ရောက်ဖို့ နှစ်ကြိမ်အထိ နောက်ကျခဲ့တဲ့ အတွက် တစ်ပွဲသာ ကစားခွင့် ရရှိခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ရပါတယ် ။ ဒါ့ကြောင့် သူ့ရဲ့ attitude နဲ့ ပတ်သက်လို့ တန်ဟတ်ရော ဘရူနိုပါ မေးခွန်းထုတ်ခဲ့ကြပါတယ် ။

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် နဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် တို့ဟာ ရာသီကြို ပွဲစဥ်တွေ ကစားခဲ့စဥ် တုန်းက ဂါနာချိုနဲ့ လုပ်ဆောင်ချက် အချို့ကို မနှစ်သက််ခဲ့ကြတဲ့ အတွက် ကစားသမားလေးဟာ စီနီယာ အသင််းမှာ ကစားဖို့ နောက်ကျခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါကို အမှန် ပြန်ပြင်နိုင်ခဲ့တဲ့ ဂါနာချိုဟာ ပွဲထွက်ခွင့်တွေ စတင်ရရှိနိုင်ခဲ့ပြီး အခွင့်အရေးရရှိခိုက်မှာလည်း အကောင််းဆုံးပုံစံကို ပြသသွားနိုင်တာပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ စီနီယာ အသင်းအတွက် ပုံမှန် ပွဲထွက်ခွင့် ရရှိသင့်ပြီလို့ ထင်ကြေးပေးသူ များနေခဲ့ပါပြီ ။

အခုတော့ ကစားသမား ဖြစ်သူက အခွင့်အရေးတွေ ပေးခဲ့တဲ့ နည်းပြ အဲရစ် တန်ဟတ် ကို ကျေးဇူးတင် စကားဆိုရင်း နဲ့ သူဟာ နောက်ပြန်လှည့်ဖို့ မရှိကြောင်း ၊ အကောင်းဆုံး ဆက်လက် ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” အဲရစ် တန်ဟတ် ဟာ နည်းပြကောင်း တစ်ဦး ဖြစ်ပြီး အဲ့တာတွေထက် ပိုတာကတော့ သူက ခမ်းနားတဲ့ လူသား တစ်ဦးလည်း ဖြစ်နေတာပါပဲ ။ အထူးသဖြင့် သူဟာ ကျွန််တော်တို့လို လူငယ်တွေကို အနီးကပ် လေ့လာနေတတ်ပြီး အကူအညီတွေ ပေးနေတတ်ပါတယ် ”

” ကျွန်တော်ဟာ အခုလို အခွင့်အရေး ကိုယ့်ဆီ ရောက်မလာခင်အထိ အတော်လေးကြိုးစားအားထုတ်ခဲ့ရပါတယ် ။ အဲ့ဒီနောက် သူပေးခဲ့တဲ့ အခွင့်အရေးတွေကိုလည်း အကောင််းဆုံး ဖြစ်နိုင်အောင် ကျွန်တော့်ဖက်က ကြိုးစားခဲ့ရပါတယ် ”

” ကျွန်တော်ကတော့ ဒီကနေ နောက်ပြန်ဆုတ်ဖို့ တွေးကို မတွေးပါဘူး ။ ကျွန်တော်ဟာ အသင်းမှာ အမြဲလို ပါဝင်ခွင့် ရရှိပြီး တူညီတဲ့ လမ်းကြောင်းအတိုင်း ဆက်လက် ကြိိုးစားသွားဖို့ပဲ တွေးတောနေပါတယ် ” လို့ ဂါနာချို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar