ရော်နယ်ဒိုကြောင့် ပေါင် 16 သန်း သက်သာသွားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ စာချုပ် သက်တမ်း ဖျက််သိမ်းခဲ့တဲ့နောက် ပေါင် 16 သန်း မရပဲ အသင်းမှ ထွက််ခွာရဖို့ ရှိနေပြီပဲ ဖြစ်ပါတယ် ။

မနေ့က ထွက်ခဲ့တဲ့ သတင်းတွေအရ ရော်နယ်ဒို နဲ့ မန်ချက််စတာ ယူနိုက်တက် အသင်းတို့ဟာ စာချုပ် ဖျက်သိမ်းဖို့ နှုတ်အားဖြင့် အကြို သဘောတူညီမှု ရရှိခဲ့ပြီလို့ သိခဲ့ရပြီး အခုတော့ ကစားသမားဟာ ရစရာရှိတဲ့ ငွေတွေ မယူပဲ ထွက်သွားဖို့ ရှိနေတယ်လို့ သိလိုက်ရပြန်ပါတယ် ။

မန်ချက်စတာ ညနေခင်း သတင်းဆီ အဆိုပါ သတင်းကို သယ်ဆောင်လာသူကတော့ ‘ Clean Break’ လို့ ခေါင်းစဥ်တပ်ခဲ့တဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်း မှ ရော်နယ်ဒို ကို ပေးချေရဖို့ ရှိနေတဲ့ ပေါင် 16 သန်း သက််သာသွားဖို့ ရှိနေတာပဲ ဖြစ်ပါတယ် ။

တကယ်တမ်းမှာတော့ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ဇွန်လမှာ စာချုပ် သက်တမ်း ကုန်မှာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ပီယာ့စ် မော်ဂန် နဲ့ အကြမ်းစား အင််တာဗျူး လုပ်ခဲ့တဲ့ ရော်နယ်ဒို ရဲ့ ပြောစကားတွေက အချိန််မတိုင်မီ လမ်းခွဲဖို့ အကြောင်းဖန်လာစေခဲ့ပါတယ် ။

အဆိုပါ အင်တာဗျူးမှာတော့ ရော်နယ်ဒို က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့အပေါ် သစ္စာဖောက်ခဲ့ကြောင်း ၊ သူ့ကို အသင်းမှမထွက်ထွက်အောင် လုပ်နေခဲ့ကြောင်း ၊ အဲရစ် တန်ဟတ်ဟာ သူ့အပေါ် လေးစားသမှု မရှိကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် တစ်ဦး ဖြစ်တဲ့ ဂျိုးလ် ဂလေဇာ ၊ အမှုဆောင်ချုပ် ရစ်ချက် အာနိုး ၊ အားကစား ဒါရိုက်တာ ဂျွန် မားတော့ဗ် နဲ့ အဲရစ် တန်ဟတ် တို့ တွေ့ဆုံခဲ့ပြီး ရော်နယ်ဒို နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အဲရစ် တန်ဟတ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင််းဆီ ရောက်ခဲ့တဲ့နောက် အသင်းကို စုစည်းဖို့ ၊ ကစား သမားတွေကို အတူတကွ ရှိနေဖို့ ကြိုးစားခဲ့သူ ဖြစ်တာကြောင့် ရော်နယ်ဒို ဖက်မှ အခုလို အင်တာဗျူးခဲ့တာကို ကြည့်ပြီး လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ရော်နယ်ဒို ဟာ free agent ဖြစ်သွားခဲ့ပြီ ဖြစ်တဲ့ အတွက် စိတ်ကြိုက် အသင်း တစ်သင်း ရွေးချယ်ခွင့် ပိုင်ဆိုင်သွားပြီပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန်အထိတော့ သူ ဘယ်ဆီ ရောက်မလဲဆိုတဲ့ အလေးပေးမှု အမျိုးမျိုး ထွက်ပေါ်နေခဲ့ပါပြီ ။

ဒါပေမဲ့ ကစားသမားဖက်ကတော့ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ပြီးဆုံးသွားမှ ဆုံးဖြတ်ချက် တစ်ခု ချမှတ်သွားဖို့ ရှိနေတာပဲ ဖြစ်ပါတယ် ။ အခြားတဖက်မှာတော့ သူ့ရဲ့ အေးဂျင့် ဂျော့ချ် မန်ဒက်စ် ကလည်း ရော်နယ်ဒို အတွက် အသင််းသစ် စတင်ရှာဖွေနေပြီလို့ သိနေရပါတယ် ။

#Sports_Myanmar