မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လမ်းခွဲလိုက်ရပြီဖြစ်တဲ့ ရော်နယ်ဒို အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဘရူနို

ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ ကွင်းလယ်လူ ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် ဖျက်သိမ်းဖို့ သဘောတူညီခဲ့တဲ့ ရော်နယ်ဒို နဲ့ လက်ရွေးစင် အသင်းမှာ တွဲဖက် ကစားရတာက သူ့အတွက် စိတ်မသက်မသာ ဖြစ်စေမှာ မဟုတ်ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

 

 

ရော်နယ်ဒို ဟာ ပီယာ့စ် မော်ဂန် နဲ့ အကြမ်းစား အင််တာဗျူး လုပ်ဆောင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင််းကို စီးပွားရေဆန်တဲ့ ကလပ်လို့ ခေါင်းစဥ်တပ်ခဲ့သလို နည်းပြ အဲရစ် တန်ဟတ် အပေါ်လည်း လေးစားသမှု မရှိကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပိုင်ရှင် တစ်ဦး ဖြစ်တဲ့ ဂျိုးလ် ဂလေဇာ ၊ အမှုဆောင်ချုပ် ရစ်ချက် အာနိုး ၊ အားကစား ဒါရိုက်တာ ဖြစ်သူ ဂျွန် မားတော့ဗ် နဲ့ နည်းပြ အဲရစ် တန်ဟတ် တို့ဟာ ရော်နယ်ဒို နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အခုတော့ ရော်နယ်ဒို နဲ့ ကလပ်မှာရော လက်ရွေးစင် အသင််းမှာပါ အသင်းဖော်အဖြစ် ကစားနေခဲ့ရတဲ့ ဘရူနို ဖာနန်ဒက်စ် က သူနဲ့ တွဲဖက် ကစားရလို့ သက်သောင့်သက််သာ မဖြစ်တာမျိုး မရှိကြောင်း ၊ ဒီသတင်းက သူတို့တွေရဲ့ အသင်းအဖွဲ့ စိတ်ဓါတ်ကို ထိခိုက်စေမှာ မဟုတ်ကြောင််း ပြောခဲ့လိုက်ပါတယ် ။

” နိုးပါ ၊ ခရစ္စ က ကျွန်တော်နဲ့ ဒီအကြောင်း ဆွေးနွေးတာမျိုး မရှိခဲ့ပါဘူး ။ ဒါက သူ့ ဆုံးဖြတ်ချက်ပါ ။ ကျွန်တော်တို့ အားလုံးဟာ ခုချိန်မှာ လက်ရွေးစင် အသင်း အပေါ်ပဲ အာရုံစိုက်နေကြပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး အကြောင်းပဲ တွေးတောနေခဲ့ကြပါတယ် ”

” ကျွန်တော်တို့ အခု ပြိုင်ပွဲကြီး ကစားရတော့မှာပါ ။ ဒါဟာ ကစားသမားတိုင်းရဲ့ အိပ်မက်တစ်ခုပဲလေ ။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးဟာ ဒီပြိုင်ပွဲ အပေါ် 100 % အပြည့် အာရုံစိုက်နေကြပါတယ် ။ ကျွန်တော်တို့ အားလုံး ဘာလုပ်ကြရမလဲဆိုတာ သိကြတယ်လေ ”

” သူနဲ့ အတူ တွဲဖက် ကစားရတဲ့ အတွက် ကျွန်တော့်ဖက်က သက်သောင့်သက်သာ မဖြစ်ဘူးလို့ ခံစားရတာမျိုး မရှိပါဘူး ။ လက်ရွေးစင် အသင်းမှာ ခရစ္စတီယာနို လိုမျိုး ကစားသမားနဲ့ အတူ တွဲဖက် ကစားခွင့် ရရှိတယ်ဆိုတာက တကယ့် အခွင့်ထူးပါပဲ ”

” ပြီးတော့ ကလပ်အသင်းအဆင့်မှာ သူနဲ့ တွဲဖက် ကစားခွင့် ရရှိတာကလည်း အိပ်မက်တွေ တကယ် ဖြစ်လာခြင်းပါပဲ ။ ဒါပေမဲ့ ဘယ်အရာမှ ထာဝရ တည်မြဲနေမှာတော့ မဟုတ််ဘူးလေ ။ အခုက ခရစ္စတီယာနိုဟာ သူ့ဘဝအတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ ”

” ကစားသမား တစ်ဦးအနေနဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် ကျွန်တော်တို့ လေးစားသမှု ရှိရပါ့မယ် ။ ကမ္ဘာ့ ဖလား ဆိုတာက ခရစ္စတီယာနို အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာ ကျွန်တော်တို့ သိထားပါတယ် ။ သူ့ရဲ့ အာရုံတွေက ဒီမှာပဲ ရှိနေမှာပါ ” လို့ ဘရူနို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar