အီရန်ကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်စတားကို အထူးချီးကျုးလိုက်တဲ့ ဖာဒီနန်

ရီယိုဖာဒီနန်က မနေ့ညက အင်္ဂလန်တို့ အီရန်ကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ ကွင်းလယ်ကနေ ထူးချွန်စွာ ကစားခဲ့တဲ့ ဂျူ့ဘယ်လင်ဟမ်ကို အထူး ချီးကျူးသွားခဲ့ပါတယ်။

အင်္ဂလန်ဟာ သူတို့ရဲ့ အုပ်စုအဖွင့်ပွဲမှာ အီရန်ကို ၆ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာ ဖြစ်ပြီး ဂိုးတွေကိုတော့ ဘယ်လင်ဟမ် ဆာကာ (၂ ဂိုး) စတားလင်း ရပ်ဖို့ဒ် ဂရီလစ်ခ်ျ တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ သူ့ရဲ့ ပထမဦးဆုံး ကမ္ဘာ့ဖလား ပွဲဦးထွက်မှာပဲ လူ့ရှောရဲ့ ဖြတ်တင်ဘောကနေ နိုင်ငံအတွက် အဖွင့်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဆာကာဟာ ဒီပွဲမှာ man of the match ဆုကို ရခဲါပေမယ့်လည်း အင်္ဂလန်ရဲ့ ကောင်းမွန်တဲ့ ကစားပုံတွေဟာ ဒေါ့မွန်စတား ဆီကနေပဲ ဖြတ်လာတာ ဖြစ်ပါတယ်။ ဖာဒီနန်ကတော့ အီရန်နဲ့ ပွဲစဉ်အပြီးမှာ ဘယ်လင်ဟမ်ရဲ့ ကစားပုံအပေါ် အထူး ချီကျူးသွားခဲ့ပါတယ်။

ဖာဒီနန်က “သူဟာ တစ်ချို့ ပွဲချိန်တွေမှာ ကွင်းလယ်ကနေ စီမံခန့်ခွဲမှုတွေ လုပ်ပေးခဲ့သလို တစ်ခါတစ်ရံ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာ တစ်ဝိုက်ကနေ တိုက်စစ်အတွက် ကောင်းမွန်တဲ့ ပံ့ပိုးမှုတွေ လုပ်ခဲ့ပါတယ်။ တစ်ခါတစ်ရံ သူဟာ နောက်ထိဆင်းကာ ကစားကွက်ကို တည်ဆောက်ပေးသလို ခံစစ်ကိုလည်း ကောင်းစွာ ကူကစားပေးခဲ့ပါတယ်။ လူငယ်ကစားသမား တစ်ဦးဟာ များသောအားဖြင့် သူတို့ရဲ့ game ကို ကြည့်ကာ ‘ငါ ဒါတွေဒါတွေ ပေါင်းထည့်ဖို့ လိုအပ်တယ်’ လို့ တွေးကြပါတယ်။ ဒါပေမယ့် ဘယ်လင်ဟမ်ဟာ ဒီအသက်အရွယ်လေးနဲ့ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူတစ်ဦးလို ဖြစ်နေပါတယ်။ ဒါဟာ ရယ်စရာပါပဲ။

အသက် ၂၃ ၂၄ နှစ်အရွယ်လောက်မှ ကိုယ်ဟာ ဘယ်နေရာတွေ ကောင်းသလဲ ဘယ်နေရာတွေ မကောင်းဘူးလဲ ဆိုတာ သိနိုင်ကာ ဒီအချိန်မှ ကိုယ့်ရဲ့ skills တွေကို တိုးတက်အောင် လုပ်ရပါတယ်။ သူ့ရဲ့ ဗီဒီယိုကလစ်တွေကို ကြည့်လိုက်မယ်ဆိုရင် ကွဲပြားတဲ့ skills မျိုးစုံ ရှိနေတာကို မြင်ရမှာပါ။ သူဟာ လူငယ် ကစားသမား တစ်ဦးပဲ ရှိနေပါသေးတယ်။ သူ ဘယ်လို ကစားသမား ဖြစ်လာမလဲဆိုတာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ များစွာသော အရည်အသွေးတွေ ရှိနေလို့ပါ” လို့ ဆိုလိုက်ပါတယ်။

မီကာရစ်ချက်ကတော့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ ဆာကာကို ချီးကျူးသွားခဲ့ပါတယ်။ ဒါဟာ ဆာကာရဲ့ ပထမဦးဆုံး major tournament ဂိုးတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီက ယူရိုဖိုင်နယ်မှာ ပင်နယ်တီ လွဲခဲ့မှု အပေါ် လူမျိုးရေးခွဲခြားကာ စော်ကားခံခဲ့ရမှုတွေ အပေါ် ကောင်းကောင်း တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဆာကာဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ဇယားထိပ်မှာ ဦးဆောင်နေတဲ့ အာဆင်နယ် အတွက် အကောင်းဆုံး ပုံစံပြသနေသူလည်း ဖြစ်ပါတယ်။

ရစ်ချက်က “သူဟာ ဒီရာသီမှာ အာဆင်နယ် အတွက် အကောင်းဆုံး ခြေစွမ်းကို ပြသနေသူ ဖြစ်ပြီး သူဟာ ဒီပုံစံကောင်းကို ဒီပြိုင်ပွဲဆီ သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ တကယ့်ကို wonderful ပါပဲ။ သူဟာ ယူရိုပြိုင်ပွဲအပြီးမှာ ခက်ခဲတဲ့ ကာလတစ်ချို့ကို ဖြတ်သန်းခဲ့ရကာ အဲဒီနောက် သူဟာ ကောင်းမွန်တဲ့ character နဲ့ တုန့်ပြန်ကာ ရုန်းထွက်ခဲ့ပြီး ယခုလို performance ကို ပြသခဲ့ပါတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် သူဟာ ဘယ်လို ကစားသမားမျိုး ဖြစ်ပြီး ဘယ်လို character ရှိသလဲဆိုတာ သိနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

 

SM