ပရီးမီးယားလိဂ် ကြယ်ပွင့် တစ်ဦးဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တောက်ပနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ အလန်ရှီးယား

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ အလန်ရှီးယား က ဘရိုက်တန် အသင်းရဲ့ ကွင်းလယ်လူ မွိုက်စ် ကိုစီဒို ဟာ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ဟောကိန်း ထုတ်လိုက်ပြီး ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာလည်း တောက်ပနိုင်လိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

အသက် 21 နှစ်သာ ရှိနေသေးတဲ့ကိုင်စီဒိုဟာ ဧပြီလကတည်းက Seagulls တွေ အတွက် ခြေစွမ်းကောင်း ပြသထားနိုင်ခဲ့သူပဲ ဖြစ်ပါတယ် ။ သူဟာ 2021 တုန်းက အင်ဒီပန့်ဒန့် အသင်းကနေ ပေါင် 4 သန်းနဲ့ ရောက်လာခဲ့သူ ဖြစ်ပြီး ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ ပုံစံကောင်းတွေ ဆက်တိုက် ပြသထားနိုင်ခဲ့ပါတယ် ။

အခုတော့ သူဟာ နိုင်ငံ့ လက်ရွေးစင် အသင်း ဖြစ်တဲ့ အီကွေဒေါ အသင်းအတွက်ပါ ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့မှုနဲ့ အတူ ဥရောပ ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရယူထားနိုင်ခဲ့ပါပြီ ။ အဲ့ဒီထဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း သူ့ကို စိတ်ဝင်စားနေခဲ့တယ်လို့ သိခဲ့ရပါသေးတယ် ။

အခုတော့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ အလန်ရှီးယား က အီကွေဒေါ လက်ရွေးစင််ဟာ စံချိန် စံနှုန်းတွေနဲ့ ကိုက်ညီသူ ဖြစ်ကြောင်း ပြောခဲ့လိုက်ပြီး ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ တောက်ပနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ဟောကိန်းထုတ်ခဲ့လိုက်ပါတယ် ။

” သူဟာ ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်လာပါလိမ့်မယ် ။ သူဟာ တကယ့်ကို စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ကစားသမားကောင်း တစ်ဦးပဲ ဖြစ်လာနိုင်ပါလိမ့်မယ် ။ သူဟာ အသက် 21 နှစ်ပဲ ရှိပါသေးတယ် ။ ဒါပေမဲ့ ဒီလူငယ်် အသင်းရဲ့ နှလုံးသည်းပွတ် ဖြစ်နေနိုင်ခဲ့ပါပြီ ”

” သူဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ကစားခွင့် စတင်ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီထဲက မန်နေဂျာက မက်ဆီလို ကစားသမားမျိိုးကို လူကပ် ကစားဖို့ သူ့ကို ထုတ်သုံးခဲ့ ပါတယ် ။ အဲ့တာကပဲ သူဟာ နည်းပြရဲ့ ယုံကြည်မှုကို ရရှိနိုင်ခဲ့တာ သိသာထင်ရှားလွန်းနေခဲ့ပါတယ် ”

” သူဟာ အရာရာတိုင်းကို အနည်းငယ်လောက် လုပ်ပြနိုင်ပါတယ် ။ သူဟာ လှုပ်လှုပ်ရှားရှား ကစားနိုင်စွမ်းရှိသူ ၊ ဘောလုံး ယှဥ်လုနိုင်သူ ၊ ပေးပို့မှုတွေ လုပ်ဆောင်နိုင်သူ ၊ ပွဲစဥ်ကို ဖတ်ရှုနိုင်သူမျိုး ဖြစ်သလို တစ်ဂိုး ၊ နှစ်ဂိုးလောက််လည်း သွင်းယူနိုင်စွမ်းရှိပါတယ် ”

” သူဟာ အသင်းရဲ့ ဘယ်ဖက် အခြမ်းက အက်စ်တူပီနန် နဲ့ တကယ့်ကို ကောင်းမွန်စွာ ချိတ်ဆက် ကစားပေးနိုင်တာက အရေးကြီးလှပါတယ် ။ သူတို့ဟာ အဲ့ဒီမှာ အချိတ်အဆက််မိအောင် မာမာထန်ထန် ကစားပေးနိုင်ကြတယ်လေ ”

” သူတို့ နှစ်ဦဟာ တစ်ဦးနဲ့ တစ်ဦး မျက်စိဒေါက်ထောက် ကြည့်နေကြပြီး တစ်ဦးက ဘယ်လိုကစားသလဲဆိုတာကို နောက်တစ်ဦးက ကောင်းကောင်းသိထားခဲ့ပါတယ် ။ သူ့ကို ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ စောင့်ကြည့်ကြရပါလိမ့်မယ် ” လို့ အလန်ရှီးယား က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar