ဆော်ဒီကို အံ့ဖွယ်ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အာဂျင်တီးနားရဲ့ ကစားပုံနဲ့ ကစားသမား တစ်ဦးကို အပြင်းအထန် ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

ဆော်ဒီအာရေးဗျဟာ မနေ့က ကမ္ဘာ့ဖလားရဲ့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်းကို အံ့အားသင့်ဖွယ် အနိုင်ရရှိသွားခဲ့ပြီး အဆိုပါ အပြီးမှာ ရွိုင်ကိန်းက အာဂျင်တီးနား နဲ့ မန်ယူနိုက်တက် ကြယ်ပွင့်ဟောင်း အန်ဂယ်ဒီမာရီယာ တို့ကို အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ အာဂျင်တီးနား အတွက် မက်ဆီက ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ဒုတိယပိုင်း အစမှာတော့ ဆော်ဒီအတွက် Saleh Al-Shehri နဲ့ Salem Al Dawsari တို့က ဂိုးတွေ ဆက်တိုက်သွင်းယူကာ ကမ္ဘာ့ဖလးသမိုင်းမှာ အံ့ဖွယ်အကောင်းဆုံး ရလဒ်‌တွေထဲက တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုး ၃ ဂိုး offside ဖြစ်ခဲ့တဲ့ အာဂျင်တီးနားဟာ ဒီပွဲမှာ ကစားကွက် လေးလံနေခဲ့သလို ကစားသမား တော်တော်များများ ကလည်း ပုံမှန်စွမ်းဆောင်ရည်အောက်ကို ရောက်နေခဲ့ကာ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ဆော်ဒီရဲ့ တုန့်ပြန်မှုအောက်မှာ ရုန်းကန်နေရပါတယ်။

Al Dawsari တစ်ကိုယ်တော် အစွမ်းနဲ့ အာဂျင်တီးနား ကစားသမားတွေကို ကျော်ဖြတ်ကာ ဂိုးထောင့်ထဲ ဝှေ့ဝိုက်ကန်သွင်းခဲ့တဲ့ ဆော်ဒီရဲ့ ဒုတိယဂိုးနဲ့ ပက်သက်ပြီး analysis လုပ်ရာမှာ ရွိုင်ကိန်းက ဒီမာရီယာ အနေနဲ့ အဆိုဂိုးကို တားဆီးတဲ့ နေရာမှာ ကောင်းကောင်း မလုပ်ခဲ့ဘူးလို့ ဝန်ခံလိုက်ပါတယ်။

ကိန်းက “ဒီနေရာမှာ aggression က မရှိပါဘူး။ ပင်နယ်တီ ဧရိယာတစ်ဝိုက်မှာ လုံလောက်တဲ့ အာဂျင်တီးနား ကစားသမားတွေ ရှိနေပေမယ့် ဘောလုံးဆီကို သွားကာ ဖျက်ထုတ်မှု လုပ်ရပါမယ်။ ဒီနေရာမှာ တည်ငြိမ်မှုက မရှိပါဘူး။ သူတို့ဟာ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှု ပျောက်ဆုံးခဲ့ပါတယ်။ ခင်‌ဗျားတို့ ဒီမာရီယာကို ကြည့်လိုက်ပါ။ Oh my god လို့ ပြောရလောက်တဲ့ ဒီမာရီယာ ပါပဲ။” လို့ ဝေဖန်လိုက်ပါတယ်။

ဆက်လက်ပြီး ကိန်းက ချေပဂိုး ပြန်ရဖို့ ကြိုးစားနေတဲ့ အချိန်မှာ အာဂျင်တီးနားတို့ လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက် အမှားတွေ အပြင် ဒီမာရီယာ ကိုလည်း ထပ်မံ ဝေဖန်မှု လုပ်သွားခဲ့ပြန်ပါတယ်။

ကိန်းက “၂-၁ နဲ့ ဦးဆောင်နိုင်ချိန်မှာ ဆော်ဒီဟာ ဆော်ဒီဟာ ရလဒ်ကို ထိန်းချုပ် ကစားဖို့အတွက်ပဲ လုပ်ပါတော့တယ်။ သူတို့ဟာ အာဂျင်တီးနားကို ကြည့်ပြီး ‘မင်းတို့ ပြန်လာနိုင်ဖို့ အဝေးကြီး လိုသွားပြီ’ လို့ ဆိုလိုက်သလိုပါပဲ။ ဒီအချိန်မှာ အာဂျင်တီးနား ဘက်က အရည်အသွေး ပြသဖို့ လိုအပ်ခဲ့ပေမယ့် သူတို့ ဒီလို မလုပ်နိုင်ခဲ့ပါဘူး။

ဒီမာရီယာရဲ့ decision making တွေကလည်း စိတ်ပျက်စရာပါ။ သူတို့ဟာ နေရာကောင်းကို တစ်ကြိမ် နှစ်ကြိမ်လောက် ရောက်အောင် လုပ်နိုင်ခဲ့ပေမယ့် တကယ့်အချိန်မှာ တုံ့ဆိုင်းနေခဲ့ပါတယ်။ ဆော်ဒီကတော့ ခန္တာကိုယ်ကို ရင်းကာ ကာကွယ်မှုတွေ လုပ်ခဲ့ပြီး သူတို့ တကယ်တော်ခဲ့ပါတယ်။ အာဂျင်တီးနား အနေနဲ့ ဒီထက် ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်ပါတယ်။ ဆော်ဒီဟာ aggressive ဖြစ်သလို လူကောင်‌‌ကကြီးပြီး သန်မာကြပါတယ်။ လိုအပ်တဲ့ ကံတရားရဲ့ ဖေးမမှုတွေလည်း ရခဲ့ပါတယ်။ သူတို့ ဂိုးသမားက တကယ် ကောင်းခဲ့ပေမယ့်လည်း အာဂျင်တီးနားတို့ ပြသခဲ့တဲ့ အရည်အသွေးကတော့ ညံ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကိန်းက “ဆော်ဒီဘက်က အာဂျင်တီးနားနဲ့ အပြိုင် street fight လုပ်သွားဖို့ အသင့် ဖြစ်နေခဲ့ပါတယ်။ အာဂျင်တီးနား ဘက်ကတော့ ဒါမျိုး မလိုချင်ပါဘူး။ သူတို့ရဲ့ အရည်အသွေးအပေါ် depend လုပ်တဲ့ အသင်းဖြစ်ပြီး ဒီနေ့မှာတော့ ဒါကို မပြသနိုင်ခဲ့ပါဘူး။ သူတို့ဟာ ၁-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ကစားတာ တအားကို လေးလံနေကာ အရှိန်အဟုန်က မရပဲ ဖြစ်နေပါတယ်။ သူတို့ဟာ ဒီနေ့မှာ အသင်းတစ်သင်းလို မကစားခဲ့ပါဘူး။ ဒါဟာ သူတို့အတွက် ကြီးမားတဲ့ set-back ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

အာဂျင်တီးနားဟာ လာမည့် စနေနေ့မှာ မက္ကဆီကို နဲ့ ကစားရမှာ ဖြစ်ပြီး အုပ်စုနောက်ဆုံး ပွဲစဉ်မှာ ပိုလန်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

SM