ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်မယ့် အသင်းကို ရွေးချယ်ပေးလိုက်တဲ့ အာဆင်ဝင်းဂါး

အာဆင်နယ် မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက ပြင်သစ်အသင်းဟာ လက်ရှိ ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်း ဖြစ်တယ်လို့ ‌ဆိုလိုက်ပါတယ်။ လက်ရှိ ကမ္ဘာ့ချန်ပီယံဟာ ယနေ့ညမှာ သူတို့ရဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို ဩစတေးလျနဲ့ စတင် ကစားသွားရမှာ ဖြစ်ပြီး အဲဒီနောက် ဒိန်းမတ် တူနီးရှား တို့နဲ့ ရင်ဆိုင်သွားရမှာပါ။

ပြင်သစ်ဟာ ဒီပြိုင်ပွဲမတိုင်မီ ဘန်ဇီးမား ကင်ပန်ဘေ ကန်တီ ပေါ့ဘာ နဲ့ အန်ကူကူ တို့ကို လက်လွှတ်ထားခဲ့ရတာကြောင့် အနည်းငယ် အားနည်းနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝင်းဂါးကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ ဒီလို setbacks တွေ ကြုံခဲ့ရခြင်းဟာ ဒေးချမ့်ရဲ့ အသင်းအတွက် positive တွေ ဖြစ်လာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်မယ့် အသင်းကို ခန့်မှန်းခိုင်းခဲ့ရာမှာ ဝင်းဂါးက “ကျနော့်ရဲ့ နံပါတ်တစ် favorite ကတော့ ပြင်သစ်ပဲ ဖြစ်ပါတယ်။ ကျနော် ပြင်သစ်သား ဖြစ်နေလို့ ဒီလို ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ အ‌ကြောင်းရင်းကတော့ ပြင်သစ် အသင်းဟာ အကောင်းဆုံး တိုက်စစ် အစုအဖွဲ့ကို ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။ အကယ်၍ ဒီဒီယာဒေးချမ့် အနေနဲ့ သူ့အသင်းရဲ့ ခံစစ်ပိုင်းကို တည်ငြိမ်အောင် လုပ်ပေးနိုင်ခဲ့မယ်ဆိုရင် လက်ရှိ ကမ္ဘာ့ချန်ပီယံဟာ ဒီ title ကို အောင်မြင်စွာ ကာကွယ်နိုင်ဖို့အတွက် တကယ့်ကို ကောင်းမွန်တဲ့ အခွင့်အရေး ရှိနေမှာ ဖြစ်ပါတယ်။

ကိုယ်ဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်နေတဲ့ အခါမှာ အကြီးမားဆုံး အန္တရာယ် ကတော့ ဘာကိုမှ ပူပန်မှု မရှိတာပါပဲ။ သူတို့အပေါ် စမ်းသပ်မှုတွေ အပေါ် လုံလောက်တဲ့ အာရုံစူးစိုက်မှု မရှိတဲ့အသင်းတွေ ပြိုင်ဘက်တွေကို လျှော့တွက်တဲ့ အသင်းတွေဟာ ဆိုးရွားတဲ့ အံ့ဩမှုနဲ့ ကြုံရကာ title race မှာ အကြာကြီး ရှိနိုင်မှာ မဟုတ်ပါဘူး။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် ပြိုင်ပွဲနဲ့ လွဲချော်ခဲ့မှုတွေဟာ ပြင်သစ်အတွက် သတင်းကောင်းတောင် ဖြစ်နိုင်ပြီး သူတို့အနေနဲ့ အာရုံစိုက်မှု အပြည့်နဲ့ အလုပ်လုပ်ရတော့မှာ မို့လို့ပါ။

ဒေးချမ့် အနေနဲ့ တစ်ချို့ အရာတွေကို အပြောင်းအလဲ လုပ်သွားရမှာ ဖြစ်ကာ ကျနော်ကတော့ ဒါတွေဟာ အသင်းအပေါ် ကောင်းတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ယူဆပါတယ်။ အကြောင်းကတော့ ဒေးချမ့်ရဲ့ အသင်းဟာ ဒီအတွက်ကြောင့် ပိုပြီး အာရုံစိုက်ရမှာ မို့လို့ပါ။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ဝင်းဂါးက ဘရာဇီး အာဂျင်တီးနား အင်္ဂလန် နဲ့ စပိန် တို့ဟာ ပြင်သစ်ရဲ့ အနီးကပ် စိန်ခေါ်သူတွေ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

“ပြီးခဲ့တဲ့ ၁၂ လ ကနေ ၁၅ လတာ ကာလအတွင်းမှာ ဘရာဇီးရဲ့ လုပ်ဆောင်ခဲ့မှုတွေ အပေါ်ကျနော် အတော် သဘောကျပါတယ်။ အရမ်းကို အတွေ့အကြုံ ရှိတဲ့ အသင်းဖြစ်ကာ နေမာလို ခေါင်းဆောင်မျိုးကလည်း ပြီးခဲ့တဲ့ ၆ လအတွင်း အကောင်းဆုံး ပုံစံကို ပြသနေပါတယ်။

အာဂျင်တီးနားကလည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ မက်ဆီဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်ဖို့နဲ့ ကျိန်စာကို ချိူးဖျက်သွားရန် အစွမ်းကုန် အားထုတ်သွားမှာပါ။

အင်္ဂလန်ကလည်း နောက်ဆုံးအဆင့်တွေကို ရောက်နိုင်တဲ့ အလားအလာကောင်းတွေ ရှိထားပါတယ်။ ဆောင်ဂိတ်ဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေမှာ အနိမ့်ဆုံး နောက်ဆုံး ၄ သင်း အဆင့်ကို တက်ရောက်အောင် လုပ်ပေးခဲ့ပါတယ်။ ဒါဟာ တိုက်ဆိုင်မှု လုံးဝမဟုတ်ပါဘူး။ သုတို့ဟာ တကယ့်ကိုကောင်းတဲ့ လူငယ်ကြယ်ပွင့်တွေ ရှိနေပါတယ်။

စပိန်ကိုလည်း ဘယ်တော့မှ ဖယ်ထုတ်ထားလို့ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ တအားကို နည်းစနစ်ကောင်းမွန်ကာ ကွင်းလယ်မှာ ပက်ဒရီ ဂါဘီ တို့လို ကစားသမားတွေ ရှိနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM