Three Lion တို့ အုပ်စု အဖွင့်ပွဲမှာတင် ဂိုး ဒါဇင်ဝက် သွင်းပြီး အောင်ပွဲဆင်နိုင်ခဲ့တဲ့ပွဲမှာ ဘယ်သူတွေ အကောင်းဆုံး ကစားနိုင်ခဲ့သလဲ…..

ဘောလုံး အားကစား လောကမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အများဆုံး ရရှိနေခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် အသင်းဟာ ဒီနေ့ညမှာတော့ ကမ္ဘာ့ ဖလား အုပ်စု အဖွင့် ပွဲစဥ်အဖြစ် ကာတာမြေမှာ အီရန် လက်ရွေးစင် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 6 – 2 ဆိုတဲ့ ရလဒ်် နဲ့ ဂိုးပြတ်နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ အင်္ဂလန် တို့သာ ပွဲစဥ်ကို မကြာခန ဖိကစားနိုင်ခဲ့ကြပြီး လူငယ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဘယ်လင်ဂမ် နဲ့ ဆာကာ ၊ ဝါရင့် ကစားသမား ဖြစ်တဲ့ စတာလင်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ကြပါတယ် ။ အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာလည်း အင်္ဂဘန်တို့ကပဲ ဆာကာရဲ့ ဒုတိယဂိုးနဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပြန်ပါတယ် ။

ဒါပေမဲ့ သုံးမိနစ် အကြာမှာပဲ တာရေမီ က တစ်ဂိုးပြန်လည်် သွင်းယူခဲ့ပြီး 4 – 1 ဖြစ်စေနိုင်ခဲ့ပါတယ် ။ အင်္ဂလန် တို့ကတော့ ဒီလောက်နဲ့ ကစားအား မလျှော့သေးပဲ ဒိုင်ယာ ၊ ရပ်ရှ်ဖို့ ၊ ဂရီလစ်ရှ် ၊ ဖိုဒန် တို့ကို ထည့်သွင်းခဲ့ပြီး တိုက်စစ်မြှင့် ကစားခဲ့ပြန်ပါတယ် ။ အဲ့ဒီမှာပဲ ရပ်ရှ်ဖို့ က လူစားဝင်ပြီး တစ်မိနစ် အကြာမှာ ဂိုးသွင်းယူသွားနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် 90+ မိနစ်မှာ ဂရီလစ်ရှ် က တစ်ဂိုး သွင်းယူခဲ့ပါတယ် ။ ဒါပေမဲ့ ပွဲစဥ်ဟာ ပြီးဆုံးမသွားသေးပဲ ရရှိခဲ့တဲ့ ပင််နယ်တီကို တာရေမီက ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တဲ့ အတွက် ပွဲစဥ်ဟာ 6 – 2 ဆိုတဲ့ ရလဒ် နဲ့ ပြီးဆုံးသွားခဲ့ရပါတယ် ။ Three Lion တို့ ဂိုး ဒါဇင်ဝက် သွင်းယူခဲ့တဲ့ နိုင်ပွဲမှာ ဘယ်သူတွေ အကောင်းဆုံး ဖြစ်ခဲ့ကြသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။

ပစ်ဖို့ဒ် (6)

ဂိုးပေါက် ကာကွယ်မှု မယ်မယ်ရရ မလုပ်ခဲ့ရတဲ့ ပွဲစဥ်မှာ သူ့ရဲ့ စွမ်းဆောင်ရည်ကို ချင့်ချိန်ရ ခက်ခဲခဲ့ပါတယ် ။ သူ့ရဲ့ ဖြန့်ဝေမှုတွေ အကောင်းဆုံး မဖြစ်နိုင်ခဲ့သလို ပင်နယ်တီကိုလည်း လမ်းကြောင်းမှန်အောင် မခန့်မှန်းနိုင်ခဲ့ပါဘူး ။

ထရစ်ပီယား (7)

ပွဲစဥ်စတင်ကတည်းက တိုက်စစ်ကို တရစပ် လိုက်ပါခဲ့ပြီး အလွတ် တည်ကန်ဘောတွေဟာလည်း တကယ့်ကို အားရစရာ ကောင်းခဲ့ရပါတယ် ။ ပေးပို့မှု အချို့ လွဲခဲ့ပါသေးတယ် ။

ဂျွန်စတုန်း (7)

အရောင်သိပ် မထွက်ခဲ့ပါဘူး ။ ဒါပေမဲ့ သူ့ရဲ့ ယုံကြည် စိတ်ချဖွယ် ကစားပုံကြောင့် အသင်းဖော်တွေ စိတ်ကြိုက် တိုက်စစ်ဆင်ခွင့် ရနိုင်ခဲ့ကြပါတယ် ။ မာကျော်တဲ့ ကစားဟန် ပြသသွားနိုင်ခဲ့ပါတယ် ။

မက်ဂွားယား (8)

ပင်နယ်တီ ရခဲ့သင့်ပါတယ် ။ အခွင့်အရေးကောင်း ရရှိခဲ့ပေမဲ့ ကံမကောင်းစွာပဲ ဂိုးဘားထိခဲ့ရပါတယ် ။ ဂိုး မရခဲ့ပေမဲ့ ဆာကာရဲ့ ဂိုးကို ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။

ရှော (7)

ဘယ်တောင်ပံ တစ်လျှောက် ကစားပုံ ကောင်းမွန်ခဲ့ပြီး အဖွင့်ဂိုးကို ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။ ဒုတိယဂိုး ရရှိရေးမှာလည်း ပါဝင်နိုင်ခဲ့ပါတယ် ။

ရိုက်စ် (7)

ကောင်းမွန်တဲ့ ဘောလုံးဖြတ်လုမှုတွေ လုပ်ပြသွားနိုင်ခဲ့ပြီး အသင်းရဲ့ ဟန်ချက်ကို ထိန်းထားပေးနိုင်ခဲ့ပါတယ် ။

ဘယ်လင်ဂမ် (9)

ကစားသမား ဘဝရဲ့ ပထမဆုံး ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဥ်မှာ ရင့်ကျက်မှုအပြည့်နဲ့ ကစားပြသွားနိုင်ခဲ့ပြီး ဘောလုံးကိုင်ကစားပုံလည်း ကောင်းမွန်ခဲ့ပါတယ် ။ အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ် ။ စျေးကြီးတော့မှာ အသေအချာပါပဲ ။

မေဆွန်မောင့် (7)

အစောပိုင်း မိနစ်တွေမှာ စတာလင်းအတွက် နေရာလွတ်တွေ ရရှိအောင် ကူညီပေးသွားနိုင်ခဲ့ပါတယ် ။ အဖွင့်ဂိုး ရရှိိရေးမှာ တဖက်တလမ်းမှ ပါဝင်နိုင်ခဲ့ပါတယ် ။

ဆာကာ (9)

ကစားသမား ဘဝရဲ့ ပထမဆုံး ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ နှစ်ဂိုး သွင်းယူပေးသွားနိုင်ခဲ့ပြီး ဂိုးတွေလည်း လှပခဲ့ပါတယ် ။ လုပ်အားကတော့ တကယ့်ကို အားရကျေနပ်စရာပါပဲ ။ ပြိုင်ဖက် ခံစစ်ကို အလုပ်ရှုပ်စေခဲ့ပါတယ် ။

စတာလင်း (8)

အစနှေးခဲ့ပေမဲ့ အဖွင့်ဂိုးမှာ မောင့်နည်းတူ ပါဝင်ပေးနိုင်ခဲ့ပါတယ် ။ တတိယဂိုး သွင်းယူပေးနိုင်ခဲ့သလို ဆာကာရဲ့ ဒုတိယဂိုး ကိုပါ ဖန်တီးရင်း ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင််း ပြသသွားနိုင်ခဲ့ပါတယ် ။

ကိန်း (7)

ရွှေဖိနပ်ဆု ဆွတ်ခူးဖို့ ရေပန်းစားနေခဲ့တဲ့ တိုက်စစ်မှူးက ဒီပွဲမှာ ဂိုးပေါက် ပျောက်ဆုံးနေခဲ့ပါတယ် ။ ဒါပေမဲ့ စတာလင်း နဲ့ ရပ်ရှ်ဖို့ တို့ရဲ့ ဂိုးကို ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

ရပ်ရှ်ဖို့ (7)
ဂရီလစ်ရှ် (7)
ဖိုဒန် (6)
ဒိုင်ယာ (6)
ဝီလ်ဆင် (7)

#Sports_Myanmar