ရော်နယ်ဒိုရဲ့ ဝေဖန်မှုကို ချက်ကျလက်ကျ ပြန်လည် တုန့်ပြန်လိုက်တဲ့ ရွန်းနီ

အိန္ဒိယ TV station တစ်ခု ဖြစ်တဲ့ JioCinema အစီအစဥ်မှာ အင်တာဗျူးခံလိုက်ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်သူ ဝိန်း ရွန်းနီ ဟာ ရော်နယ်ဒို ၊ မက်ဆီ နဲ့ ဟယ်ရီကိန်း တို့ အနက် ဘယ်သူ့ကို ပွဲထွက် ကစားစေပြီး ဘယ်သူ့ကို ချန်လှပ်မလဲ ၊ ဘယ်သူ့ကို အရန်ခုံထားမလဲဆိုတာ အမေးခံခဲ့ရပါတယ် ။

အဲ့ဒီအခါမှာတော့ ယူနိုက်တက် ဂန္တဝင် ဝိန်း ရွန်းနီ က သူဟာ မက်ဆီ ကို သေချာပေါက် ကစားစေမှာ ဖြစ်ကြောင်း ၊ အင်္ဂလန် လက်ရွေးစင် အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ််ရီကိန်း ကိုတော့ အရန်ခုံပေါ်မှာ ထားသွားမှာ ဖြစ်ကြောင််း မဆိုင်းမတွ ဖြေကြားသွားခဲ့လိုက်ပါတယ် ။

အဲ့ဒီနောက် ရော်နယ်ဒို ကိုတော့ ကစားသမား စာရင်းမှ ချန်လှပ်သွားမှာ ဖြစ်ကြောင်း ရွန်းနီ က ဆက်လက် ပြောခဲ့လိုက်ပါတယ် ။ ဒါ့အပြင် အခုလို လုပ်ဆောင်ရခြင်းရဲ့ အဓိက အကြောင်းအရင်းက ပေါ်တူဂီ လက်ရွေးစင် ဟာ အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် မရလို့ပဲ ဖြစ်ကြောင်း ဖွင့်ဟ သွားခဲ့လိုက်ပါတယ် ။

ဒီအဖြစ်အပျက် မတိုင်မီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားပုံဟာ ရော်နယ်ဒို မပါရင် ပိုကြည့်ကောင်းတယ်လို့ ရွန်းနီ က ပြောခဲ့သေးသလို ရော်နယ်ဒို ကလည်း ရွန်းနီ ထက် သူက ပိုပြီး ကြည့်ကောင်းကြောင်း ၊ သူဟာ အခုထိ ကစားနေဆဲ ဖြစ်တဲ့အတွက် သူ့အပေါ် မနာလိုဖြစ်နေတာ ဖြစ်ကြောင်း ပြန်လည် ထိုးနှက်ခဲ့ပါသေးတယ် ။

အခုတော့ ရွန်းနီ ကလည်း ရော်နယ်ဒို ဆိုတာ အံ့ချီးဖွယ် ကစားသမား တစ်ဦး ဖြစ်ကြောင်း ၊ သူနဲ့ မက်ဆီ တို့ဟာ အကောင်းဆုံး စာရင်းဝင်တွေ ဖြစ်ကြပေမဲ့ အသက်အရွယ််ကတော့ စကားပြောနေပြီ ဖြစ်ကြောင်း ပြန်လည် ပြောကြားရင်း အဖြေပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

” ကောင်းပါပြီ ၊ နားထောင်ပါ ။ ရော်နယ်ဒို က အံ့ဖွယ် ကစားသမား တစ်ယောက်ပါ ။ ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုပဲ သူနဲ့ မက်ဆီ တို့ဟာ ဘောလုံးပွဲတွေ ကစားခဲ့ကြသူတွေထဲ အကောင်းဆုံးသော ကစားသမား နှစ်ဦးပဲ ဖြစ်ကြပါတယ် ”

” ထပ်ပြောပါ့မယ် ၊ အခုဟာက ဝေဖန်တာလဲ မဟုတ်ပါဘူး ။ ကျွန်တော် ပြောခဲ့တာက အသက်အရွယ် ရနေပြီဆိုတဲ့ အကြောင်းပါ ။ ဒါကို ရော်နယ်ဒို လည်း ခံစားနေရပြီး ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းနေရတာ အားလုံး အသိပဲ ဖြစ်ပါတယ် ”

” သူလုပ်ခဲ့တဲ့ အင်တာဗျူးက တစ်ကမ္ဘာလုံး ပျံ့နှံ့သွားခဲ့ရပါတယ် ။ အဲ့ဒီထဲက အချို့သော မှတ်ချက်ပေးမှုတွေက ထူးဆန်းနေခဲ့တာ အမှန်ပါပဲ ။ အင်တာဗျူး အပြည့်အစုံ ကြည့်ပြီးရင်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်က ဒါကို ကိုင်တွယ် ဖြေရှင်းသွားမှာပါ ”

” အသင်း တစ်သင်း အနေနဲ့ သူတို့ဟာ ယူသင့်ယူထိုက်တဲ့ action တစ်ခုကို ယူသွားကြပါလိမ့်မယ် ” လို့ ရွန်းနီ က CNN သတင်း ဌာနမှာ ပြန်လည် ပြောကြား သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar