မော်ဂန် နဲ့ အကြမ်းစား အင်တာဗျူး လုပ်ခဲ့တဲ့နောက် ပထမဆုံး အကြိမ် Public ရှေ့မှောက် ဗျူးလိုက်ပြန်တဲ့ ရော်နယ်ဒို

ပီယာ့စ် မော်ဂန် နဲ့ အကြိမ်းစား အင်တာဗျူး လုပ်ဆောင်ခဲ့တဲ့နောက် ဝေဖန်မှုတွေ စုံလင်စွာ လက်ခံ ရရှိနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အထောင် တိုက်စစ်မှူး ခရစ္စတီယာနို က လူတွေ ဘာတွေးနေသလဲ ဆိုတဲ့ အပေါ် စိတ်ပူမနေဘူးလို့ စိုးရိမ်စရာ မလိုဘူးလို့ ပြောကြားသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ သူ့အပေါ် ဆက်ဆံရေး မကောင်းခဲ့ဘူးလို့ ပြောခဲ့တဲ့ အပြင် ဂလေဇာ မိသားစုဟာ ဘောလုံး အားကစား အပေါ် အလေးအနက်် ထားခြင်းမရှိဘူးလို့ပါ ဝေဖန်ခဲ့တဲ့ ပေါ်တူဂီသားနဲ့ ပတ််သက်လို့ အခုထိ တိကျသေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မချမှတ်နိုင်သေးပဲ ဖြစ်ခဲ့ရပါတယ် ။

ကနဦးတုန်းကတော့ မန်ချက်စတာ ညနေခင်းသတင်းက ရော်နယ်ဒို ဟာ သူမပါတဲ့ ရာသီကြို ပွဲစဥ်တွေရဲ့ အစီအစဥ်တွေနဲ့ ပတ်သက်လို့ ဝေဖန်ထိုးနှက်ခဲ့တာပဲ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပေမဲ့ အခုတော့ သတင်း သုံးသပ်သူတွေ နဲ့ ပရိသတ် အချို့က ရော်နယ်ဒို ရဲ့ အနာဂတ် မန်ချက်စတာမှာ ရှိမှာ မဟုတ်တော့ဘူးလို့ အခိုင်အမာ ယုံကြည်နေခဲ့ကြပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ရော်နယ်ဒိုကို ဥပဒေဘောင်ထဲက ကိုင်တွယ်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး လစာငွေ မပေးပဲ လမ်းခွဲဖို့ ၊ စာချုပ် ဖျက်သိမ်းလိုက်ဖို့ အထိပါ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ရပါတယ် ။

ရော်နယ်ဒို ကိုယ်တိုင်ကတော့ ပီယာ့စ် မော်ဂန် နဲ့ အင််တာဗျူး ခဲ့တဲ့နောက် မီဒီယာ သမားတွေနဲ့ ထပ်မံ တွေ့ဆုံပြီး နောက်ထပ် အင်တာဗျူး လုပ်တာမျိုး မရှိခဲ့သေးပါဘူး ။ ဒါပေမဲ့ သူ့ရဲ့ လက်ရွေးစင် နည်းပြ ဆန်းတို့စ် နဲ့ အသင်းဖော်တွေဟာ အင်တာဗျူးတွေမှာ သူ့အကြောင်း မကြာခန အမေးမြန်းခံခဲ့ကြရပါတယ် ။

အခုတော့ ရော်နယ်ဒို ကိုယ်တိုင်ဟာ မီဒီယာသမားတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ သူ့ရဲ့ အသင်းဖော်တွေကို သူ့အကြောင်း မမေးမြန်းကြဖို့ ပြောဆိုရင်း သူနဲ့ ပတ်သက်လို့ လူတွေက ဘာတွေ တွေးတောနေကြသလဲဆိုတာ အနည်းငယ်မျှ မစိုးရိမ်မိကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” အချိန်ကိုက် လှုပ်ရှားမှုဆိုတာက အချိန်ကိုက် လှုပ််ရှားမှုပါပဲ ။ ခင်ဗျားတို့ဖက်က ကြည့်ရင်တော့ ကျွန်တော်တို့ ဖက်က အချိန်ကို ဘယ်လို ရွေးချယ်ကြသလဲ ဆိုတာကို အလွယ်တကူ မြင်ကြပါလိမ့်မယ် ။ တခါတလေ ခင်ဗျားတို့ မှန်တာ ရေးချင်ရေးကြမှာ ဖြစ်သလို တစ်ခါတလေ အလိမ်အညာတွေလဲ ရေးချင် ရေးကြမှာပါပဲ ”

” ကျွန်တော့်အတွက်တော့ လူတွေ ဘာတွေးနေကြသလဲ ဆိုပြီး စိုးရိမ်မိမှာ မဟုတ်ပါဘူး ။ ကျွန်တော်ဖက်ကတော့ ပြောချင်တဲ့အခါ ထုတ်ပြောလိုက်မှာပါပဲ ။ ကျွန်တော်က ဘယ်သူလဲ ၊ ဘာကို ယုံကြည်သလဲဆိုတာ အားလုံးသိကြတယ်လေ ” လို့ ရော်နယ်ဒို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar