လီဆန်ဒရို မာတီနက်ဇ် ကို အာဆင်နယ်တို့ အရင် ကမ်းလှမ်းခဲ့ပေမဲ့ ဘာလို့ ယူနိုက်တက်ဆီ ရောင်းချခဲ့တာလဲဆိုတာ ပြောပြလိုက်တဲ့ ဗန်ဒါဆား 

 ပြီးခဲ့တဲ့ နွေတုန်းက အေဂျက်ဇ် အသင်းရဲ့ ဗဟို နောက်ခံလူ တစ်ဦး ဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ် ကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ခေါ်ယူဖို့ အပြိုင် ကမ်းလှမ်းခဲ့ကြပါတယ် ။ 

အဲ့ဒီထဲမှာတော့ ကစားသမားကို အာဆင်နယ် အသင်းဖက်မှ အရင် ကမ်းလှမ်းခဲ့ကြပါတယ် ။ ဒါပေမဲ့ အဆုံးသတ််မှာတော့ အာဂျင်တီးနား လက်ရွေးစင် ခံစစ်မှူးဟာ အာဆင်နယ်ဆီ မရောက်ပဲ မန်ချက်စတာ ယူနိုက်တက် အသင််းဆီ ရောက်သွားခဲ့ပါတယ် ။

အဆိုပါ အချိန်တုန်းကတော့ အရပ် 5 ပေ 9 လက်မသာ ရှိတဲ့ အရပ်ပုပု ခံစစ်မှူးဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အံဝင်နိုင်မှာ မဟုတ်ဘူးလို့ ထင်ကြေးတွေ ပေးခံခဲ့ရပါသေးတယ် ။ လူတွေ ထင်ခဲ့တဲ့ အတိုင်းပဲ မာတီနက်ဇ် ဟာ အဖွင့်ပွဲ နှစ်ပွဲမှာ မက်ဂွားယား နဲ့ တွဲဖက်ရင်း ခြေစွမ်းပြဖို့ ရုန််းကန်ခဲ့ရပါတယ် ။

ထို့အတူ အဆိုပါ ပွဲစဥ် နှစ်ပွဲလုံးမှာ ယူနိုက်တက်တို့ ရှုံးနိမ့်သွားခဲ့ကြပါတယ် ။ ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ ယူနိုက်တက် ခံစစ်မှူး ရာဖေးလ် ဗာရန်းဟာ ဒဏ်ရာ ပြသနာမှ ပြန််လည် သက်သာလာခဲ့ပြီး အသင်းအတွက် ကစားပေးရာမှာ သူတို့ နှစ်ဦး အတွဲမိခဲ့ကြပါတယ် ။

ဒါ့အပြင် အမှတ်ပေး ဇယား အောက်ခြေမှာ ရောက်သွားခဲ့တဲ့ ယူနိုက်တက်တို့လည်း အမှတ်ပေး ဇယား အဆင့် 5 နေရာ အထိ ပြန်လည် တက်လှမ်းလာနိုင်ခဲ့ကြပါတယ် ။ ထို့အတူ အသင်းအတွက် ပုံစံကောင်းတွေ ဆက်တိုက် ပြနိုင်ခဲ့တဲ့ မာတီနက်ဇ် လည်း ချီးကျူးမှုတွေ ရရှိခဲ့ပါတယ် ။

အထူးသဖြင့် မာတီနက်ဇ် ဟာ ကွင်းထဲမှာ ရေသာခိုခြင်း မရှိခဲ့တာတွေ ၊ မာမာထန်ထန် ကစားရင်း အစွမ်းကုန်ပေးဆပ််ခဲ့တာတွေ ၊ ခံစစ်ကို ပိုကောင်းစေခဲ့တာတွေက သူ့ကို ပရိသတ် အချစ်တော် ကစားသမားတစ်ဦး ဖြစ်လာစေနိုင်ခဲ့ပါတယ် ။

အခုတော့ အေဂျက်ဇ် အသင်းရဲ့ အကြီးအကဲ ဖြစ်သလို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမားဟောင်း တစ်ဦးလည်း ဖြစ်ခဲ့ဖူးတဲ့ အက်ဒ်ဝင် ဗန်ဒါဆား က အာဆင်နယ် တို့ မာတီနက်ဇ် ကို ခေါ်ယူဖို့ အရင် ကမ်းလှမ်းခဲ့ပေမဲ့ စျေးနှုန်းကို သ​ဘောမကျခဲ့ကြောင်း ဖွင့်ပြောသွားခဲ့လိုက်ပါတယ် ။

” လီဆန်ဒရို အတွက် အာဆင်နယ်တို့ အရင် ရောက်လာခဲ့ကြတာပါ ။ ဒါပေမဲ့ အဲ့တာက ‘ အခုလို ကမ်းလှမ်းတဲ့ အတွက်် ကျေးဇူးတင်မိပါတယ် ၊ ဒါကို ဆက်လက် ဆွေးနွေးမယ့်အစား ကျွန်တော်တို့ရဲ့ ကစားသမားကို အသင်းမှာပဲ ဆက််လက် ရှိစေချင်ပါတယ် ‘ လို့ ပြောရမယ့် ပမာဏမျိုး ဖြစ်နေခဲ့ရပါတယ် ”

” ယူနိုက်တက် ရောက်လာခဲ့ပုံက အနည်းငယ် ခြားနားခဲ့ပါတယ် ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဒါလေ ဘလိုင်း ၊ ဒွန်နီ ဗန်ဒီ ဘိခ် တို့နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြဖူးတယ်လေ ။ ကျွန်တော့်ရဲ့အလုပ်က အေဂျက်ဇ်အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် ဆုံးဖြတ်ချက် ချမှတ်ဖို့ပါပဲ ” လို့ ဗန်ဒါဆား က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar