မန်ချက်စတာမှာ အနာဂတ် မသေချာတော့တဲ့ ရော်နယ်ဒို အပေါ် မှတ်ချက်ပေးလိုက်တဲ့ ပေါ်တူဂီ နည်းပြ

ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ နည်းပြ ဖြစ်သူ ဖာနန်ဒို ဆန်းတို့စ် ကတော့ သူတို့ အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဆာလောင်မှု အပြည့် ရှိနေဆဲ ဖြစ်ကြောင်း ၊ ဒီတစ်ကြိမ် ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ နိုင်ငံ့ အသင််းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

လက်ရှိ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ သမိုင်း တစ်လျှောက််မှာ အူစီဘီယိုဟာ သွင်းဂိုး 9 ဂိုးနဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ပေါ်တူဂီသားအဖြစ် မှတ်တမ််းကောင်း ရေးထိုးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခြားတဖက်မှာတော့ ရော်နယ်ဒို က ဒီပြိုင်ပွဲမှာ 7 ဂိုး အထိ သွင််းယူထားနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် အူစီဘီယို ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ အတွက်် ရော်နယ်ဒို အနေနဲ့ ကစားသမား ဘဝရဲ့ နောက်ဆုံး ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ 3 ဂိုး သွင်းယူနိုင်ဖို့ ကြိုးစားသွားရမှာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ပြိုင်ပွဲစုံမှာတော့ ရော်နယ်ဒို ဟာ 177 ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီး ပေါ်တူဂီ ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ တစ်ပါတ်ကပဲ ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူးခဲ့ပြီး အသင်းနဲ့ ပတ်သက်လို့ မကောင်းတဲ့ အရာတွေ အများကြီး ပြောဆိုခဲ့တဲ့ အတွက် သူ့ရဲ့ အနာဂတ်် အသင်းမှာ ဆက်ရှိဖို့ မရေရာတော့တဲ့ အနေအထားကို ပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ကစားသမား ကိုယ်တိုင်ကတော့ ဒီပြိုင်ပွဲ အပေါ် အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ပြောကြားထားခဲ့သလိို အခုတော့ နည်းပြ ဆန်းတို့စ် ကလည်း အသက် 38 ပြည့်တော့မယ့် သူ့ရဲ့ ကစားသမားဟာ ဆာလောင်မှုအပြည့် ရှိနေသေးဆဲ ဖြစ်ကြောင်း ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ််ပါတယ် ။

” ခရစ္စတီယာနို အပါအဝင် ကျွန်တော် ခေါ်ယူထားခဲ့တဲ့ ကစားသမားတိုင်းက ကြီးမားတဲ့ ဆာလောင်မှုတွေနဲ့အတူ အသင်းဆီ ရောက်လာခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ အရည််အသွေးကို ပြသရင်း ပေါ်တူဂီ လက်ရွေးစင် အသင်းကို ကမ္ဘာ့ ချန်ပီယံ ဖြစ်နိုင်အောင် ကူညီပေးဖို့ အသင့်ရှိနေကြပါတယ် ”

” ရော်နယ်ဒို ကရော ဆာလောင်မှုတွေ အပြည့် ရှိနေသေးသလား ? ကျွန်တော်တို့တွေ စောင့်ကြည့် ကြရတာပေါ့ဗျာ ။ သူဟာ အမြဲတမ်းလို ဆာလောင်နေခဲ့သူပါလေ ။ အဲ့တာတွေကြောင့်လည်း သူဟာ ပြိုင်ပွဲတွေရဲ့ ထိပ်ဆုံး နေရာမှာ အမြဲတမ်း ရှိနေနိုင်ခဲ့တာပေါ့ဗျာ ”

” သူဟာ ပြီးခဲ့တဲ့ တစ်လကျော်တုန်းက ဘယ်လို ပုံစံတွေ ဖြစ်နေခဲ့ရသလဲဆိုတာ ကျွန်တော် စိတ်ဝင်စား မနေပါဘူး ။ အဲ့နောက် သူက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်် လေးပွဲ ကစားပေးထားခဲ့တယ်ဆိုတာပဲ ကျွန်တော့် အတွက် အရေးကြီးပါတယ် ” လို့ ဆန်းတို့စ် က ပြောလိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar