ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုရှင် ဖြစ်နိုင်တယ်လို့ ထင်မှတ်မိတဲ့ ကစားသမား တစ်ဦးအမည်ကို ထုတ်ပြောလိုက်တဲ့ မာလာစီယာ

နယ်သာလန် လက်ရွေးစင် အသင်းရဲ့ ဘယ်နောက်ခံလူ တစ်ဦး ဖြစ်သူ တိုင်ရယ် မာလာစီယာ က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ လက်ရွေးစင် အသင်းဖော် မန်ဖစ် ဒီပေး ဟာ ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ရွှေဖိနပ်ဆု ဆွတ််ခူးသူ ဖြစ်လာနိုင်မယ်လို့ ထင်မိကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ် ။

မန်ဖစ် ဒီပေး ဆိုတာ 2015 ခုနှစ် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းကို (လက်ရှိ နယ်သာလန် လက််ရွေးစင် အသင်း နည်းပြ ) လူးဝစ် ဗန်ဟားလ် ကိုင်တွယ်ခဲ့စဥ်တုန်းက အိုးလ် ထရပ်ဖို့ဒ် ဆီကို ရောက်လာခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီအချိန်က သူဟာ ယူနိုက်တက်တို့ရဲ့ သမိုင်းဝင်် ကျောနံပါတ် 7 ဂျာစီကို ဝတ်ဆင်ခွင့် ရရှိခဲ့ပါတယ် ။

ဒါပေမဲ့ အစပိုင်းတုန်းက ပွဲထွက် ကစားခွင့်တွေ ရရှိထားနိုင်ခဲ့တဲ့ နယ်သာလန်သားဟာ ​နောက်ပိုင်းမှာ ခြေစွမ်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် ပွဲထွက်ခွင့်တွေပျောက််ဆုံးခဲ့ရတာပဲ ဖြစ်ပါတယ် ။ သူဟာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ 53 ပွဲ အထိ ကစားပေးခဲ့ရာမှာ 7 ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ဟိုဆေး မော်ရင်ဟို ရောက်လာချိန်မှာ သူ့ကို လိုင်ယွန် အသင်းဆီ ရောင်းချခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ဒီပေးဟာ ပြင်သစ်မြေမှာ အထူးခြေစွမ်းကောင်းတွေ ပြန််လည် ပြသနိုင်ခဲ့ပြီး အကောင်းဆုံး တိုက်စစ်မှူး စာရင်းဝင် ကစားသမား တစ်ဦး ဖြစ်လာနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် စပိန် လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းက သူ့ကို ခေါ်ယူခဲ့တာပဲဖြစ်ပါတယ် ။ ဒါပေမဲ့ ဘာစီလိုနာ နည်းပြ ဇာဗီ ရဲ့ လက်အောက်မှာတော့ သူဟာ ပွဲထွက်ခွင့်တွေဟာ အကန့်အသတ်နဲ့ ဖြစ်သွားခဲ့ရပြီး အူဘာမီယန်း ရောက်လာတဲ့နောက်မှာတော့ သူဟာ အရန်လူ သက်သက်သာ ဖြစ်သွားခဲ့ပါတယ် ။

အခုတော့ နယ်သာလန် လက်ရွေးစင် အသင်းမှာ အရွေးခံရတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဘယ်နောက််ခံလူ တိုင်ရယ် မာလာစီယာ က နည်းပြ ကမ္ဘာ့းဖလား ပြိုင််ပွဲ ကစားခွင့်ရတဲ့ ခံစားချက် ၊ နည်းပြ လူးဝစ် ဗန်ဟားလ် နဲ့ တိုက်စစ်မှူး ဒီပေး တို့ အကြောင်းကို ပြောကြားသွားခဲ့လိုက် ပါတယ် ။

” ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ကစားခွင့် ရရှိတယ် ဆိုတာကိုက ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပါ ။ ဒါကို ကျွန်တော့်ဖက််က ခံစားချက် မဖော်ပြတတ်ပါဘူး ။ ဒီခံစားချက်ကြီးက တကယ့်ကို အံ့ဖွယ်ပါပဲ ။ ကျွန်တော် ကစားသမားဘဝ ပထမဆုံး ဆုဖလား ဆွတ်ခူးခဲ့ချိန်ကနေ အခုချိန် အထိကို ကျွန်တော့်ရဲ့ မိသားစုဝင်တွေ ဝမ်းသာ ဂုဏ်ယူခဲ့ကြတယ်လေ ”

” လူးဝစ် ဗန်ဟားလ်က ကျွန်တော်တို့ အကြောင်း အများကြီး သိထားပြီး အများကြီးလဲ အကူအညီ ပေးထားနိုင်ခဲ့ပါတယ် ။ သူဟာ ကျွန်တော်တို့နဲ့ စကားတွေ အများကြီး ပြောသလို အဲ့တာတွေက ကျွန်တော်တို့လို လူငယ်လေးတွေအတွက် ဗဟုသုတလည်း အများကြီး ရရှိစေပါတယ် ”

” အသင်းမှာ အရင်ထဲက ကမ္ဘာ့ဖလား ပြိုင်ပွဲ ကစားခဲ့ဖူးသူတွေ ရှိနေခဲ့ကြတယ်လေ ။ သူတို့တွေလည်း ကျွန်တော်တို့ကို အများကြီး ကူညီပေးကြပါတယ် ။ ဒါ့ကြောင့် ကျွန််တော်တို့ အသင်းမှာ လိုအပ်တဲ့ အရာတွေ အများကြီး ရှိနှင့်ပြီးသားလို့ ကျွန်တော် ထင်မိပါတယ် ”

” ဒါပေမဲ့ ဒီလို ပြိုင်ပွဲမျိုးမှာ ဘယ်အသင်းက အနိုင်ရရှိမလဲဆိုတာ ကြိုမသိနိုင်တာမို့ ပွဲစဥ်တွေဟာ ခက်ခဲနေဦးမှာပါပဲ ။ ရွှေဖိနပ်ဆု ဆွတ်ခူးရေးအတွက် မန်ဖစ် ဒီပေး ကို တွေးမိပါတယ် ။ သူနဲ့ ဒီပြိုင်ပွဲကြီးအတွက် ကျွန်တော် စိတ််လှုပ်ရှားနေမိပါတယ် ” လို့ မာလာစီယာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar