ကမ္ဘာ့ဖလားမှာ သူအားပေးကြည့်ရှုသွားမယ့် အသင်းကို ပြောပြလိုက်တဲ့ ရွိုင်ကိန်း

ရွိုင်ကိန်းက ဘရာဇီးဟာ လာမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကောင်းကောင်း လုပ်ပြနိုင်လိမ့်မယ်လို့ ဆိုလိုက်ပေမယ့် မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဖရက်ဟာ ဘရာဇီးရဲ့ အားနည်းချက် ဖြစ်သွားနိုင်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ ရှက်တာဒိုးနက် ကွင်းလယ်လူဟောင်း ဖရက်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က အိုးထရပ်ဖို့ဒ်ကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ‌၎င်းရဲ့ တည်ငြိမ်မှုမရှိတဲ့ စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက် ပရိတ်သတ်တွေကြားမှာ အကောင်းအဆိုး ရောထွေးနေသူ ဖြစ်နေခဲ့ပါတယ်။

ဖရက်ဟာ ဒီရာသီမှာ မန်ယူနိုက်တက်အတွက် ပွဲကစားခွင့် နည်းပါးလျက် ရှိနေပေမယ့်လည်း ဘရာဇီး နည်းပြ တီတေးရဲ့ အရေးပါတဲ့ ကစားသမား အဖြစ် ဆက်လက် တည်ရှိနေကာ ဒီကမ္ဘာ့ဖလားမှာ ချန်ပီယံဆုကို မျှော်မှန်းနေတဲ့ ဘရာဇီးအတွက် ပွဲထွက်ကစားခွင့် ရဖို့ ရှိနေပါတယ်။

ရွိုင်ကိန်းက သူ့အနေနဲ့ ဘရာဇီး တိုက်စစ် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကာတာ ကမ္ဘာ့ဖလားမှာ ကြည့်ရှုဖို့အတွက် ရင်ခုန်နေတယ်လို့ ဝန်ခံသွားခဲ့ပြီး
သူ့အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အားကစားလောကရဲ့ ဖျော်ဖြေမှု အပေးနိုင်ဆုံး ကစားသမား တစ်ချို့ကို မွေးထုတ်ပေးနိုင်တဲ့ နိုင်ငံနဲ့ပက်သက်ပြီး အမြဲတမ်း နှစ်သက်စွာ အားပေးလေ့ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

ကမ္ဘာ့ဖလားမှာ ဘယ်အသင်းကို ကြည့်ရှုဖို့အတွက် ရင်ခုန်နေသလဲဆိုတဲ့ မေးခွန်းကို ရွိုင်ကိန်းက “ခင်‌ဗျားတို့ သိကြသလားတော့ မသိပါဘူး။ ကျနော်ဟာ ကလေးဘဝကတည်းက ဘရာဇီးကို အမြဲတမ်း နှစ်သက်စွာ အားပေးခဲ့ပါတယ်။ ဘရာဇီးတို့ ဒီ ကမ္ဘာ့ဖလားမှာ ဘယ်လောက် ကောင်းအောင် လုပ်ပြသွားမလဲဆိုတာ ကျနော် မြင်ချင်ပါတယ်။ သူတို့နဲ့ ပက်သက်ပြီး ကျနော့်မှာ အရမ်းကို ကောင်းတဲ့ ခံစားချက် ရှိနေပါတယ်။

သူတို့ဟာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မယ် ဆိုတာကတော့ သေချာပါတယ်။ သူတို့ ပိုင်ဆိုင်ထားတဲ့ ကစားသမား တစ်ချို့ကို ကျနော် နှစ်သက်ပါတယ်။ သူတို့မှာ တအားကို ကောင်းတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့် ကျနော် ဘရာဇီးကို ကြည့်ဖို့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ ဘရာဇီးရဲ့ ကွင်းလယ်ပိုင်းမှာ တီတေး အနေနဲ့ ဖရက် နဲ့ ကတ်စမီရို တို့ အတွဲကို ပွဲထုတ်သွားဖို့ ရှိနေပါတယ်။ ဒီနေရာမှာ ဖရက်ကတော့ သူတို့ရဲ့ အားနည်းချက် ဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီအားနည်းချက်ကို ကာဗာ လုပ်ပေးနိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ကာတာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းတွေနဲ့ ပက်သက်ပြီး ဘရာဇီးရဲ့ အဓိက ကစားသမား ဖြစ်သူ နေမာက “ကျနော်ကတော့ ဂျာမနီ ပြင်သစ် အာဂျင်တီးနား နဲ့ စပိန် တို့ဟာ ရေပန်းအစားဆုံးလို့ ထင်ပါတယ်။ ဒီ ၄ သင်း နဲ့ ဘရာဇီး တို့ဟာ ဖိုင်နယ်ကို တက်ရောက်နိုင်အောင် လုပ်ဆောင်နိုင်စွမ်း ရှိနေတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော် အင်္ဂလန်ကို မေ့နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့လည်း အခွင့်အရေး ရှိနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM