” ယူနိုက်တက်မှာ ရော်နယ်ဒို မရတဲ့ အချစ်တွေ ၊ လေးစားသမှုတွေ ကျွန်တော်တို့ ပေးမှာပါ ” ရော်နယ်ဒို အတွက် ပထမဆုံး ကမ်လှမ်းမှု တစ်ခု

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ တစ်ပါတ်တုန်းက အသင်းရဲ့ တာဝန်ရှိသူတွေ ၊ နည်းပြတွေနဲ့ အသင်းဖော်ဟောင်း အချို့ကို ဝေဖန်ခဲ့တဲ့နောက် သူ့ရဲ့ အနာဂတ်ဟာ ယူနိုက်တက်မှာ ဆက်ရှိဖို့ မသေချာတော့ပါဘူး ။

ရော်နယ်ဒို ဟာ အသင်းကို တိုးတက်အောင် မလုပ်နိုင်ခဲ့တဲ့ ဂလေဇာ မိသားစု၊ ဆိုးလ်ရှား ထွက်ခွာပြီး နာမည်ကြီး နည်းပြ တစ်ဦးကို မျှော်လင့်နေချိန် ပရော်ဖက်ဆာ type နည်းပြ တစ်ဦး (ရန်းဂနစ်) ရောက်ရှိလာမှု ၊ တန်ဟတ် မှ သူ့ကို အခြားသော ကစားသမားတွေလို အလေးမပေးမှုတွေ ထုတ်ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ဂယ်ရီ နဗီးလ်က သူ့ရဲ့ သူငယ်ချင်း မဟုတ်ဘူး ၊ ဝိန်းရွန်းနီက သူ့အပေါ် မနာလိုဖြစ်နေတယ် ဆိုတဲ့ စကားတွေလည်း ပြောခဲ့ပါသေးတယ် ။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ခက်ခဲတဲ့ ရက်စွဲတွေအကြောင်း ၊ မိသားစု အခြေအနေ အကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်မှ ရော်နယ်ဒို နဲ့ လမ်းခွဲဖို့ ရှေ့နေတွေနဲ့ တိုင်ပင်နေပြီဖြစ််ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့နောက်မှာတော့ သူ့ရဲ့ အနာဂတ် ဘယ်မှာ ရှိမလဲဆိုတာ ပရိသတ်တွေအတွက်် စိတ်ဝင်စားစရာ ဖြစ်လာခဲ့ရပါတယ် ။

အခုတော့ သြစတြေးလျ A-League ရဲ့ CEO ဖြစ်သူ ဒန်နီ တောင်ဆန် က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အဆင်မပြေ ဖြစ်နေခဲ့ရတဲ့ ရော်နယ်ဒို ကို သူတို့ လိဂ်ဖက်မှ လိုချင်တဲ့ ချစ်ခင်မှု ၊ လေးစားသမှုတွေကို ပေးစွမ်းနိုင်ကြောင်း ထုတ်ဖော် ဖိတ်ခေါ် သွားခဲ့လိုက်ပါတယ် ။

” ရော်နယ်ဒိုက သူဟာ မန်ချက်စတာ ယူနိုက်တက် အသင််းမှာ ချစ်ခင်မှု ၊ လေးစားသမှုတွေ မရရှိခဲ့ဘူးလို့ ပြောခဲ့ပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ သြစတြေးလျ မှာတော့ သူ့ကို ချစ်ခင်မှုတွေ ၊ လေးစားသမှုတွေ အများကြီး ပေးစွမ်းသွားနိုင်မှာ သေချာလှပါတယ် ”

” အခြားသော ကမ်းလှမ်းမှုတွေမှာ ကျွန်တော်တို့ဟာ ငွေကြေးပိိုင်းအရတော့ သူ့ကို ကမ်းလှမ်းသွားနိုင်ဖွယ် မရှိနေပါဘူး ။ ဒါပေမဲ့ အခြားသော နည်းလမ်းတွေနဲ့ သူ့ကို ခေါ်ယူနိုင်ဖို့ ကျွန်တော်တို့ စျေးကွက်ထဲမှာ ယှဥ်ပြိုင်နိုင်စွမ်းတော့ ရှိနေပါသေးတယ် ”

” ဟုတ်ပါတယ် ၊ ဒါက ဖြစ်နိုင်ခြေ နည်းပါးတဲ့ အရာတစ်ခုပါ ။ ဒါပေမဲ့ သူ့ဖက်ကသာ ထည့်တွက် စဥ်းစားမယ်ဆိုရင် သြစတြေးလျမြေဆီ သူ့ကို အရောက်ခေါ်နိုင်ဖို့ လုပ်သွားမှာပါ ” လို့ ဒန်နီ တောင်ဆန် က ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဆောင်းရာသီ စျေးကွက်ထဲ ရော်နယ်ဒို ရောက်နိုင်ခြေ မြင့်တက်နေတဲ့ အသင်းတွေကတော့…

မန်ချက်စတာ ယူနိုက်တက် – 2/1
ချဲလ်ဆီး – 3/1
စပို့တင်း လစ္စဘွန်း – 3/1
MLS အသင်း တစ်သင်းသင်း – 6/1
ဘိုင်ယန် မြူးနစ် – 9/1
PSG – 12/1
ရိုးမား – 14/1
နာပိုလီ – 14/1 တို့ပဲ ဖြစ်ကြပါတယ် ။

#Sports_Myanmar