ကမ္ဘာ့ဖလား ချန်ပီယံကို တွက်ချက်ရွေးချယ်ပေးလိုက်တဲ့ ကမ္ဘာ့အတော်ဆုံးကျောင်းသားများ

ဘောလုံး အားကစား လောကမှာ သာမက သာမန် ပြည််သူပြည်သားတွေပါ အနည်းနဲ့အများ စိတ်ဝင်စားတတ်ကြတဲ့ ၊ အားကစား လောကရဲ့ ပွဲတော်ကြီး တစ်ခုဖြစ်တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ မနက်ဖြန်ညမှာ စတင်တော့မှာပဲ ဖြစ်ပါတယ် ။

ဒီအတွက် ပါဝင်ယှဥ်ပြိုင်ခွင့် ရရှိတဲ့ နိုင်ငံမှ နိုင်ငံသူ နိုင်ငံံသားတွေသာမက ကမ္ဘာ့အနှံ့က ပရိသတ်တွေ စိတ်လှုပ််ရှားနေကြပါပြီ ။ အခြားတဖက်မှာတော့ အားကစားလောကရဲဲ့ စိတ်ဝင်စားစရာ တစ်ခုဖြစ်တဲ့ ဘယ်သူ ကမ္ဘာ့ ချန်ပီိယံ ဖြစ်မလဲဆိုတဲ့ ခန့်မှန်းချက်တွေလည်း ပျံ့နှံ့နေခဲ့ရပါပြီ ။

လက်ရှိ အချိန်အထိတော့ ဘရာဇီး ၊ ပြင်သစ် ၊ အာဂျင်တီးနား ၊ ဘယ်ဂျီယံ ၊ စပိန် ၊ အင်္ဂလန် ၊ ဂျာမဏီ စသဖြင့် နာမည် အကြီိးဆုံး နိုင်ငံ့ အသင်းတွေဟာ ဒီနှစ် ကမ္ဘာ့ချန််ပီယံ ဖြစ်ဖို့ ရေပန်း အစားဆုံး ဖြစ်နေခဲ့ကြပါတယ် ။ အဲ့ဒီထဲ အများစု တစ်ပေး ရွေးချယ်နေခဲ့ကြတာကတော့ ဘရာဇီးလက််ရွေးစင် အသင်းပဲ ဖြစ်ပါတယ် ။

ဒီလို ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ဘရာဇီး တို့ဟာ အဖက်ဖက်မှာ အင်အား တောင့်တင်းလွန်းနေပြီး ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားတွေ လူငယ် ကြယ်ပွင့် ကစားသမားတွေ ၊ ခြေစွမ်းပိုင်း သက်သေပြနှင့်ပြီးသား ကစားသမားတွေချည်း ပိုင်ဆိုင်ထားလို့ပဲ ဖြစ်ပါတယ် ။

ဒီလို ခန့်မှန်းမှုတွေကို အများဆုံး ပြုလုပ်ကြတာကတော့ ဘောလုံး သတင်းသုံးသပ်သူတွေ၊ အားကစားပိုင်းဆိုင်ရာ သုတေသန ပြုလုပ်သူတွေ ၊ စူပါ ကွန်ပျူတာတွေပဲ ဖြစ်ခဲ့ရပါတယ် ။ အခုတော့ ဒီစာရင်းထဲ ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ဖြစ်တဲ့ အောက်စ်ဖို့ တက္ကသိုလ် ကျောင်းသားတွေလည်း ပါဝင်လာခဲ့ကြပါပြီ ။

အောက်စ်ဖို့ တက္ကသိုလ် ဆိုတာ UK မှာ ရှိပြီး လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ် ဖြစ်နေခဲ့ရပါတယ် ။ ဒီလို ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းကတော့ ကမ္ဘာ့ အနှံ့မှ အတော််ဆုံးသော ကျောင်းသားတွေဟာ ဒီကျောင်းတော်ကြီးထဲမှာ ပြည့်နှက်နေလို့ပါပဲ ။

တကယ်တော့ အောက်စ်ဖို့ ဆိုတာ ပညာသင်ပေးရုံ တက္ကသိုလ်် တစ်ခုသာ မဟုတ်ပဲ အသစ်အဆန်း ဖန်တီးမှုတွေ ၊ သုတေသနတွေ လုပ်ဆောင်ရင်း ကမ္ဘာကြီးကို အထောက််အကူ ပေးနိုင်တဲ့ အရာတွေ ဖန်တီးပေးနေတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ် ။ အခုတော့ ဒီတက္ကသိုလ်ရဲ့ သင်္ချာဘာသာရပ်် ကျောင်းသားတွေဟာ ဘောလုံး လောကဖက် ခြေဦးလှည့်လိုက်ကြပါပြီ ။

ဒီတွက်ချက်မှုမှာတော့ သူတို့တွေဟာ နိုင်ငံအသင်း တစ်ခုချင်းစီရဲ့ အချက်အလက် ၊ ကစားသမား အင်အားတွေကို ထည့်တွက်ရင်း အကြိမ်ပေါင်း 1 သန်းလောက်အထိ simulation တွေ လုပ်ဆောင််ခဲ့ကာ ဘုံဖြစ်ခဲ့ရတဲ့ ရလဒ်တွေကို တွက်ထုတ်ပြီး ဘယ်အသင်းတွေ ဘယ်အဆင့်ထိ တက်နိုင်မလဲဆိုတာ အဖြေရှာခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ တွက်ချက်မှုမှာတော့ အုပ်စု အဆင့်ကို ကျော်ဖြတ််ပြီး 16 သင်း ရှုံးထွက်အဆင့်မှာ နယ်သာလန် Vs အီရန် ၊ အာဂျင်တီးနား Vs ဒိန်းမတ် ၊ စပိန် Vs ခရိုအေးရှား ၊ ဘရာဇီး Vs ဥရုဂွေး ၊ အင်္ဂလန် Vs အီကွေဒေါ ၊ ပြင်သစ် Vs မက္ကဆီကို ၊ ဘယ်လ်ဂျီယံ Vs ဂျာမဏီ ၊ ပေါ်တူဂီ Vs ဆွစ်ဇာလန် တို့ တွေ့ဆုံခဲ့ကြပါတယ် ။

အဲ့ဒီနောက် ကွာတား ဖိုင်နယ် အဆင့်မှာတော့ နယ်သာလန် Vs အာဂျင်တီးနား ၊ စပိန် Vs ဘရာဇီး ၊ အင်္ဂလန် Vs ပြင်သစ် ၊ ဘယ်လ်ဂျီယံ Vs ပြင်သစ် တို့ တွေ့ဆုံခဲ့ကြပြီး ဂျာမဏီ ၊ ဒိန်းမတ် ၊ ခရိုအေးရှား တို့လို အသင်းတွေဟာ အောက်ဖျာလိပ် အိမ်ပြန်ခဲ့ရပါတယ် ။

အဲ့ဒီနောက် ဆီမီးဖိုင်နယ် အဆင့်မှာ နယ်သာလန် နဲ့ စပိန် တို့ ကျန်ရစ်ခဲ့ကြပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေကြတဲ့ ဘရာဇီး နဲ့ အာဂျင်တီးနားတို့ ထိပ်တိုက် တွေ့ဆုံခဲ့ကြရပါတယ် ။ အခြားတဖက်မှာတော့ အင်္ဂလန် နဲ့ ပေါ်တူဂီ တို့ ပြုတ်ပြီး ဘယ်လ်ဂျီယံ နဲ့ ပြင်သစ် တို့ တွေ့ဆုံခဲ့ရပါတယ် ။

အဲ့ဒီနောက် ဆီမီး ဖိုင်နယ် မှာ နေမာရဲ့ ဘရာဇီး က မက်ဆီ ရဲ့ အာဂျင်တီးနားကို ကျော်ဖြတ်ပြီး ဖိုင်နယ် တက်နိုင်ခဲ့သလို အခြားတဖက်မှာတော့ ကယ်ဗင် ဒီဘရိုင်း ရဲ့ ဘယ်လ်ဂျီယံ အသင်းက ကိုင်လီယံ အမ်ဘာပေ ရဲ့ ပြင်သစ် အသင်းကို ကျော်ဖြတ်ပြီး ဖိုင်နယ်ကို တက်ရောက်သွားနိူင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ဖိုင်နယ်မှာ ကမ္ဘာ့ အဆင့် အကောင်းဆုံး ဖြစ်ကြတဲ့ ဘရာဇီး နဲ့ ဘယ်လ်ဂျီယံ တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပရိသတ်တွေ ရင်ခုန်နေခဲ့ကြတဲ့ ကမ္ဘာ့ ချန်ပီယံဆုကို ဆမ်ဘာ တေးသွားတွေ အကြား မြူးထူး ကခုန်မှုတွေနဲ့ အတူ အများ အလေးပေးထားကြတဲ့ ဘရာဇီးတို့ သိမ်းပိုက်သွားနိုင်လိမ့်မယ်လို့ အောက်စ်ဖို့ တက္ကသိုလ် ကျောင်းသားတွေက တွက်ချက်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဒီတွက်ချက်မှုဟာ ဘယ်လောက် အတိုင်းအတာအထိ မှန်ကန်မလဲဆိုတာကို ရင်ခုန်စွာ စောင့်ဆိုင်းကြစို့…..

#Sports_Myanmar