အင်္ဂလန် ရဲ့တန်ကြေးမြင့် လူငယ် ကြယ်ပွင့်ဟာ လီဗာပူး ကို ငြင်းပယ်ပြီး အာဆင်နယ် ကို ရောက်လာလိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ ချဲလ်ဆီး နောက်ခံလူဟောင်း

ချဲလ်ဆီး အသင်း ရဲ့ ဘယ်နောက်ခံလူဟောင်း စကော့မင်တို က အင်္ဂလန် အသင်း နဲ့ ဒေါ့မွန် အသင်းရဲ့ လူငယ် ကြယ်ပွင့် ဘယ်လင်ဟမ် ဟာ လီဗာပူး အသင်းကို ငြင်းပယ်ပြီး အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိလာလိမ့်မယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

မင်တို ​က Ladbrokes မှာ “ဘယ်လင်ဟမ် ပရီးမီးယား ကို ရောက်လာလိမ့်မယ်လို့ ထင်သလားဆိုရင် ကျွန်တော်က လုံးဝ ရောက်လာလိမ့်မယ် လို့ ဖြေချင်ပါတယ် ။ ရာသီမစခင်တုန်းက ကျွန်တော်တို့ အများစုက ဘယ်ဟင်လမ် ဟာ လီဗာပူး ရဲ့ကစားသမား ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ကြပါတယ် ၊ သူတို့က ထိပ်ဆုံးမှာ ရပ်တည်နိုင်ရေး မန်စီးတီး နဲ့ ယှဉ်ပြိုင်နေတဲ့ အသင်း ဖြစ်တာကြောင့်ပါ ။ ”

” ဒါပေမယ့် ဒီရာသီ ရလဒ်တွေကို ကြည့်ပီး လီဗာပူး Top 4 တောင် ဝင်ပါ့မလား ဆိုတာ သံသယ ဖြစ်မိပါတယ် ။ လီဗာပူး သာ ချန်ပီယံလိဂ် ကစားခွင့် မရရင် ဘယ်လင်ဟမ် တစ်ယောက် အန်ဖီးလ် ကို လာဖို့ စိတ်အားထက်သန်မှာ မဟုတ်ပါဘူး ။ ”

” သူ့ရဲ့စာချုပ် အခြေအနေ ဘယ်လို ရှိသလဲ ကျနော် မသိပါဘူး ။ ဒါပေမယ့် သူ ပရီးမီးယားလိဂ် ကို လာရောက် ကစားလိမ့်မယ်ဆိုတာကိုတော့ သံသယ လုံးဝ မဖြစ်မိပါဘူး ၊ သူက ကမ္ဘာ့အကောင်းဆုံး အသင်း တစ်သင်းမှာ အဓိက ကစားသမား အဖြစ် ကစားဖို့ အရည်အချင်း ပြည့်မှီသူပါ ။ ”

” ကျွန်တော် ကတော့ အခု အချိန်မှာ အကောင်းဆုံး အသင်းက မန်စီးတီး လို့ မြင်ပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်း ရဲ့ ကစားပုံကို ကြည့်ပီး သူတို့သာ Top 4 ဝင်ရင် ဒါမှမဟုတ် ဒုတိယ နေရာရရင် ဒါမှမဟုတ် အမှတ်ပေး ချန်ပီယံ ဖြစ်သွားရင် မန်စီးတီး လိုပဲ ကစားသမားတွေကို ဆွဲဆောင်နိုင်တဲ့ အသင်း ဖြစ်လာပါလိမ့်မယ် ။ ”

” အာဆင်နယ် သာ လာမယ့်ရာသီ ချန်ပီယံလိဂ် ကစားခွင့် ရရင် ထိပ်တန်း ကစားသမားတွေ လာရောက် ကစားချင်တာမျိုး ဖြစ်မှာကို ကျွန်တော် အံ့ဩမိမှာ မဟုတ်ပါဘူး ။ မီခေးလ် အာတေတာ ရဲ့ အသင်းကို ကြည့်ကြည့်ပါ ၊ သူတို့သာ ဥရောပ ပြိုင်ပွဲ ကစားခွင့် ရရင် ကစားသမား အင်အားကို ဖြည့်တင်းဖို့ လိုအပ်ပါလိမ့်မယ် ၊ ဒီအခြေအနေမှာ သူတို့ ဘယ်လင်ဟမ် ကို ခေါ်ဖို့ ကြိုးစား လာနိုင်ပါတယ် ။ ”

” ရာသီအစတုန်းကတော့ အာဆင်နယ် အသင်း ဒီရာသီ Top 4 ဝင်မယ်လို့ ကျွန်တော် လုံးဝ မထင်ခဲ့ပါဘူး ။ ဒါပေမယ့် ပွဲတွေကြည့်ပီး ပြန်လည် သုံးသပ်ကြည့်တဲ့ အခါမှာ အာဆင်နယ် သာ Top 4 ဝင်ရင် ကစားသမားတွေကို အဆွဲဆောင်နိုင်ဆုံး အသင်း ဖြစ်မယ်လို့ မြင်လာပါတယ် ။ ”

” အခု လက်ရှိ အာဆင်နယ် အသင်းက မန်စီးတီး အသင်း ရဲ့ ချန်ပီယံဆုကို ခြိမ်းခြောက် ထားနိုင်ပါတယ် ၊ နည်းပြ အာတေတာ ရဲ့ အံ့မခန်း စွမ်းဆောင်မှုတွေနဲ့ ပေါ့ဗျာ ၊ အာဆင်နယ် အသင်းက စိတ်ကျေနပ်စရာ ကောင်းတဲ့ အသင်း တစ်သင်း ဖြစ်နေပါပြီ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

CIES Football Observatory ရဲ့ဖော်ပြချက်အရ ဘယ်လင်ဟမ် ရဲ့တန်ကြေးဟာ ပေါင် ၁၇၆.၉ သန်း အထိ ရှိနေပြီး ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တန်ကြေး အမြင့်မားဆုံး ကစားသမား ဖြစ်နေပါတယ် ။

SM