ရိုနယ်ဒို ၊ မက်ဆီ တို့အပါအဝင် World Cup ရဲ့ ထူးရှယ်မှတ်တမ်းကို ပိုင်ဆိုင်ကြမယ့် ကစားသမား ၄ ယောက်

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ဟာ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ စတင် ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပြီး ဘရာဇီး ၊ အာဂျင်တီးနား ၊ ဂျာမနီ ၊ အင်္ဂလန် ၊ စပိန် ၊ ပေါ်တူဂီ ၊ နယ်သာလန် တို့ဟာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းတွေ ဖြစ်နေကြပါတယ် ။

ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ လေးနှစ်မှ တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲ ဖြစ်တာကြောင့် ကစားသမား အများစု ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အကြိမ်ရေ များများ မကစားဖူးကြပါဘူး ။ ဒါပေမယ့် ဒီနှစ် ကမ္ဘာ့ဖလားမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ငါးကြိမ်မြောက် ပါဝင် ဆင်နွဲမယ့် ကစားသမား ၄ ဦး အထိ ရှိနေပါတယ် ။

၂၀၂၂ ကမ္ဘာ့ဖလား မတိုင်ခင် အချိန်တုန်းက ကမ္ဘာ့ဖလား ပြိုင်ပွဲကို ငါးကြိမ် အထိ ပါဝင် ကစားဖို့ အခွင့်အရေး ရခဲ့ကြတဲ့ ကစားသမား ၄ ဦး သာ ရှိခဲ့ပြီး ၎င်းတို့ကတော့ လိုသာမားသီးယက်စ်(ဂျာမနီ) ၊ ဘူဖွန်(အီတလီ) ၊ ရာဖေးလ်မားကွက်ဇ် နှင့် အန်တိုနီယိုကာဘာဂျယ်(စပိန်) တို့ပါ ။

ဒီတစ်ကြိမ် ကမ္ဘာ့ဖလားမှာလည်း အရှေ့က လေးယောက် ရဲ့ စံချိန်ကို အမှီလိုက်နိုင်တော့မယ့် ကစားသမား ၄ ဦး ရှိပါတယ် ။ သူတို့ လေးဦးကတော့

၄ ။ အိုချိုအာ ( မက္ဆီကို )

အိုချိုအာ ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ကောင်းမွန်တဲ့ လက်စွမ်းတွေကို ပြသနိုင်ခဲ့တဲ့ ဂိုးသမားပါ ။ အိုချိုအာ ဟာ ၂၀၀၆ ကမ္ဘာ့ဖလားမှာ စတင် ရွေးချယ် ခံခဲ့ရသူ ဖြစ်ပြီး ပါဝင် ကစားခွင့်တော့ မရခဲ့ပါဘူး ၊ အဲ့ဒီနောက် ၂၀၁၀ ကမ္ဘာ့ဖလားမှာလည်း ထပ်မံ ရွေးချယ် ခံခဲ့ရပြီး ကစားခွင့်တော့ မရခဲ့ပြန်ပါဘူး ။

၂၀၁၄ နှင့် ၂၀၁၈ ကမ္ဘာ့ဖလားတွေမှာတော့ အိုချိုအာ ဟာ မက္ဆီကို အဓိက ဂိုးသမား အဖြစ် ကစားခွင့် ရခဲ့ပါတယ် ။ မက္ဆီကို အတွက် ၁၃၂ ပွဲ ကစားထားတဲ့ အသက် ၃၇ နှစ် အရွယ်အိုချိုအာ ဟာ ကမ္ဘာ့ဖလားပွဲ ၈ ပွဲ ကစားထားပြီး Clean-Sheet ၃ ပွဲ ရထားပါတယ် ။

၃ ။ ဂှာဒါဒို (မက်ဆီကို)

၂၀၂၂ ကမ္ဘာ့ဖလားမှာ စံချိန် မှတ်တမ်း တစ်ခုကို စိုက်ထူသွားမယ့် နောက်ထပ် မက္ဆီကို ကစားသမား တစ်ဦးပါ ။ ၂၀၀၆ ခုနှစ်ကတည်းက မက္ဆီကို အသင်းကြီးမှာ စတင် ရွေးချယ် ခံရတဲ့ ဂွာဒါဒို ဟာ ဒီနှစ်မှာ သူ့ရဲ့ ငါးကြိမ်မြောက် ကမ္ဘာ့ဖလားကို ပါဝင် ကစားတော့မှာ ဖြစ်ပါတယ် ။

အိုချိုအာ နဲ့ မတူတဲ့ အချက်ကတော့ ဂွာဒါဒို ဟာ ၂၀၀၆ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနား နဲ့ ပွဲမှာ လူစားဝင် ကစားခွင့် ရရှိခဲ့တာပါပဲ ။ဂွာဒါဒို ဟာ ၂၀၁၀ ၊ ၂၀၁၄ ၊ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာလည်း မက္ဆီကို အသင်းအတွက် စုစုပေါင်း ၁၁ ပွဲ ပါဝင် ကစားပေးခဲ့ပြီး ၁ ဂိုးသွင်း ၁ ဂိုး ဖန်တီး ပေးထားပါတယ် ။ ဂွာဒါဒို ဟာ မက္ဆီကို လက်ရွေးစင် ဘောလုံး အသင်း သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားထားသူ (၁၇၈ ပွဲ) လည်း ဖြစ်ပါတယ် ။

၂ ။ ရိုနယ်ဒို (ပေါ်တူဂီ)

ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်တဲ့ ခရစ်တီယာနို ရိုနယ်ဒို ဟာလည်း ပေါ်တူဂီ အသင်းနဲ့ အတူ သူ့ရဲ့ငါးကြိမ်မြောက် ကမ္ဘာ့ဖလားကို ယှဉ်ပြိုင် မှာပါ ။ ရိုနယ်ဒို ဟာ၂၀၁၆ ကမ္ဘာ့ဖလား အန်ဂိုလာ အသင်းနဲ့ အုပ်စုပွဲမှာ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲ ကို ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ၂၀၁၀ ၊ ၂၀၁၄ ၊ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာလည်း ပေါ်တူဂီ အသင်း ရဲ့ အဓိက ကစားသမား အဖြစ် ကစားခွင့် ရခဲ့ပြီး ၁၇ ပွဲ ကစား ၇ ဂိုးသွင်း နိုင်ခဲ့ပါတယ် ။

ရိုနယ်ဒို အနေနဲ့ ဒီနှစ် ကမ္ဘာ့ဖလား မှာ ရှုံးထွက် အဆင့် ရောက်တိုင်း ဂိုးမသွင်း နိုင်တဲ့ သူ့ရဲ့ ကျိန်စာဆိုးကို ချေဖျက် နိုင်မလား ၊ သူ လုံးဝ မရဖူးသေးတဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို ရယူ နိုင်မလား ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။


၁ ။ မက်ဆီ (အာဂျင်တီးနား)

ဒီနှစ်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ငါးကြိမ်မြောက် ပါဝင် ယှဉ်ပြိုင်မယ့် နောက်ဆုံး ကစားသမားကတော့ Greatest of All Time မက်ဆီ ပါပဲ ။ အသက် ၃၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မက်ဆီ ဟာ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား အဖြစ် ၂၀၀၆ ကမ္ဘာ့ဖလား မှာ စတင် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပြီး သွင်းဂိုး ရော ဂိုးဖန်တီးမှုပါ လုပ်နိုင်ခဲ့ပါတယ် ။

အာဂျင်တီးနား စူပါစတား ဟာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆု နဲ့ လက်တစ်ကမ်းကွာ အနေအထား အထိ ရောက်ခဲ့ပြီး ဒုတိယနေရာ နဲ့သာကျေနပ် ခဲ့ရပါတယ် ။ ဒီနှစ် ကမ္ဘာ့ဖလားဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားလို့ ကြေညာထားတဲ့ မက်ဆီ ဟာ ကမ္ဘာ့ဖလား ပွဲပေါင်း ၁၉ ပွဲ ကစားထားပြီး ၆ ဂိုးသွင်း ၅ ဂိုးဖန်တီး ပေးထားပါတယ် ။

ပရိသတ် အများစုကတော့ မက်ဆီ နိုင်ငံ လက်ရွေးစင် အသင်းကနေ အနားမယူခင် ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို ကိုင်မြှောက် အောင်ပွဲခံတာကို မြင်တွေ့ချင်နေကြပါတယ် ။ မက်ဆီ ရဲ့ အာဂျင်တီးနား အသင်းဟာလည်း ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဒုတိယ ရေပန်းအစားဆုံး အသင်း ဖြစ်နေပါတယ် ။

SM