ကမ္ဘာ့ဖလားနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ သတင်းများ

စပိန် လက်ရွေးစင် ဘောလုံးအသင်းဟာ မနေ့ညတုန်းက ဂျော်ဒန် အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ပြီး ၃ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ စပိန် အတွက် အန်ဆု ဖာတီ ၊ ဂါဗီ နဲ့ နီကို ဝီလ်ယံ တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ကြတာပါ ။ ဒီပွဲဟာ စပိန် အတွက် ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံး ကစားတဲ့ ခြေစမ်းပွဲလည်း ဖြစ်ခဲ့ ပါတယ် ။

စပိန် ဟာ အုပ်စု အီး မှာ ဂျာမနီ ၊ ဂျပန် ၊ ကော်စတာရီကာ တိ့ုနဲ့ အတူ ကျရောက်နေပြီး လာမယ့် နိုဝင်ဘာ ၂၃ ရက်နေ့မှာ အဖွင့်ပွဲစဉ် အဖြစ် ကော်စတာ ရီကာ အသင်းနဲ့ စတင်ကစားရမှာပဲ ဖြစ်ပါတယ် ။

ပေါ်တူဂီ အသင်းကလည်း နိုက်ဂျီးရီးယား အသင်းနဲ့ ခြေစမ်း ခဲ့ပြီး ၄ ဂိုးပြတ် အနိုင်ရခဲ့ ပါတယ် ။

ပေါ်တူဂီ အတွက် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ၂ ဂိုး သွင်းယူပေး ခဲ့ပြီး ဂွန်ကာလို ရာမိုစ့် နဲ့ ဂျာအို မာရီယို တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ကြပါတယ် ။
ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ဒီပွဲမှာ မပါဝင်ခဲ့ကြပါဘူး ။

ပေါ်တူဂီ ဟာ လာမယ့် ၂၅ ရက်နေ့မှာ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ဂါနာ အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

မော်ရိုကို အသင်းကလည်း ဂျော်ဂျီယာ အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာ ချဲလ်ဆီး ကွင်းလယ်လူ ဟာကင်ဇီယက်ချ် ရဲ့ ကွင်း တဝက် ကနေ သွင်းယူခဲ့တဲ့ ဂိုးဟာ ပရိသတ်တွေ အကြားမှာ ရေပန်းစားနေပါတယ် ။

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ်မှာ မန်စီးတီး လူငယ်လေး ဖီးလ်ဖိုဒန် ပွဲထွက်ခွင့် ရမယ်လို့ သတင်းကြီးနေပါတယ် ။

အင်္ဂလန် ဟာ အာရှ က အီရန် နဲ့ ကမ္ဘာ့ဖလား အုပ်စု အဖွင့်ပွဲကို ကစားရမှာ ဖြစ်ပြီး ဖိုဒန် အပြင် ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့် လည်း Line-up မှာ ပါဝင်လာမယ်လို့ သိရပါတယ် ။ အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ ၄-၃-၃ နဲ့ ပွဲထွက်လာဖို့ ရှိနေပြီး တိုက်စစ်မှာ ဟယ်ရီကိန်း ၊ စတာလင် နဲ့ ဖိုဒန် တို့ကို ထည့်သုံးဖွယ် ရှိတယ်လို့ သိရပါတယ် ။

ကမ္ဘာ့ဖလား ဘွတ်ကီဒိုင်တွေ ကတော့ ပြင်သစ် တိုက်စစ် အတွဲ ဖြစ်တဲ့ ခီလီယံ အမ်ဘာပေ နဲ့ ကာရင် ဘန်ဇီးမား တို့ကို အခု ကမ္ဘာ့ဖလား ရဲ့ ရွှေဖိနပ်ဆုရှင်တွေ အဖြစ် အများဆုံး အလေးပေးထားတယ်လို့ သိရပါတယ် ။ သူတို့ ရဲ့ နောက်မှာ ဟယ်ရီကိန်း ၊ လူတာရို မာတီနက် တို့ ရှိနေပြီး ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါ့စကီး ကတော့ ပိုလန် အသင်းနဲ ဖြစ်နေတာကြောင့် အလေးပေးခံရမှု နိမ့်သွားခဲ့ပါတယ် ။

ဆာဒီယို မာနေး ရဲ့ ကမ္ဘာ့ဖလား မျှော်လင့်ချက် ကတော့ လုံး၀ အဆုံးသတ် သွားခဲ့ ပါပြီ ။ ဘိုင်ယန်မြုးနစ် နဲ့ ဝါဒါဘရီမင် တို့ ကစားခဲ့တဲ့ ပွဲမှာ ဒဏ်ရာ ရရှိ ခဲ့တဲ့ မာနေး ကို ဆီနီဂေါ အသင်းက ကမ္ဘာ့ဖလား လူစာရင်းထဲ ထည့်သွင်းလာခဲ့ ပါတယ် ။

ဒါပေမယ့် မနေ့က ပြုလုပ်တဲ့ MRI စစ်ဆေးမှု ရလဒ် မှာ မာနေး ရဲ့ ဒဏ်ရာဟာ ခွဲစိတ်ကုသဖို့ လိုအပ်နေတာကြောင့် ဆီနီဂေါ အတွက် အချိန်မီ ပြန်ကစားပေးနိုင်တော့မှာ မဟုတ်တာ သေချာ သွားခဲ့ရပါပြီ ။

ဒါကြောင့် ဆီနီဂေါ အသင်းဘက်ကလည်း မာနေး အမြန်ဆုံးပြန်ကောင်းလာဖို့ ဆုတောင်းပေးခဲ့ပြီး ကမ္ဘာ့ဖလား ကို ပါဝင် နိုင်တော့မှာ မဟုတ်ဘူးဆိုတာကို ထုတ်ပြန်သွားခဲ့ ပါတယ် ။

မာနေး မပါနိုင်တော့တာကြောင့် ဝက်ဖိုဒ့် တိုက်စစ်မှူး အစ္စမေလာ ဆား က ဆီနီဂေါ တိုက်စစ်ကို ဦးဆောင်သွားရတော့မှာပါ ။

လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာ ရပြီး ကမ္ဘာ့ဖလား နဲ့ ဝေးခဲ့ရတဲ့ ပြင်သစ် တိုက်စစ်မှူး အန်ကွန်ကူ ဟာ ဆိုရှယ်မီဒီယာပေါ်ကို တက်လာပြီး သူ့ကို ဒဏ်ရာ ရစေခဲ့တဲ့ လက်ရွေးစင် အသင်းဖော် ကာမာဗင်ဂါ ဘက်ကနေ ကာကွယ် ပြောဆိုခဲ့ ပါတယ် ။

ရီးရဲ ကွင်းလယ်လူ ကာမာဗင်ဂါ ဟာ အန်ကွန်ကူ ကို ဖျက်ထုတ်မှု ပြုလုပ် ရာကနေ လိုက်ပ်ဇစ် တိုက်စစ်မှူး ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလား နဲ့ လွဲချော်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ အန်ကွန်ကူ ဒဏ်ရာ ရ အပြီးမှာ ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာထက်မ ှာ ကာမာဗင်ဂါ ကို ပြစ်တင်ဝေဖန်ရေးသားမှုတွေ ပြုလုပ်ခဲ့ ပါတယ် ။

ဒါပေမယ့် မနေ့ကတော့ အန်ကွန်ကူ က တွစ်တာ ကနေ ကာမာဗင်ဂါ ကို အပြစ်အမြင်ကြဖို့ တိုက်တွန်း ရေးသားရင်း ပြင်သစ်အတွက် အကောင်းဆုံး ဆုတောင်းပေးကြောင်း ပြောဆိုသွားခဲ့ ပါတယ် ။

ပြင်သစ် ဟာ ကမ္ဘာ့ဖလား မှာ သြစတြေးလျ ၊ ဒိန်းမတ် ၊ တူနီးရှား တို့နဲ့ တအုပ်စုတည်း ကျရောက်နေတာပဲ ဖြစ်ပါတယ် ။

နောက်ဆုံး သတင်းတပုဒ် ကတော့ အာဂျင်တီးနား ရဲ့ အကြောင်းပါပဲ ။ အာဂျင်တီးနား လက်ရွေးစင် နီကိုလပ်စ် ဂွန်ဇာလက် ဟာ ကြွက်သား ဒဏ်ရာ ရရှိ သွားတာကြောင့် ကမ္ဘာ့ဖလား နဲ့ လွဲချော် သွားခဲ့ပါတယ် ။

အင်တာမီလန် ရှေ့တန်းလူ ဟွာကွင်း ကော်ရီယာ လည်း ဒဏ်ရာ ရရှိတယ်လို့ သိရပါတယ် ။

ဒါကြောင့် အာဂျင် နည်းပြ လီယွန်နယ် စကာလိုနီ ဟာ ပြိုင်ပွဲ မစတင်ခင်မှာ လူစားလဲမှု ၂ ခု ပြုလုပ်ခဲ့ရပြီး အက်သလက်တီကို မက်ဒရစ် တောင်ပံ ကစားသမား အန်ဟဲ ကော်ရီယာ နဲ့ သီယာဂို အယ်မားဒါး တို့ ၂ ယောက်ကို လှမ်းခေါ် ခဲ့တယ်လို့ သိရပါတယ် ။

အန်ဟဲ ကော်ရီယာ နဲ့ အယ်မားဒါး တို့ဟာ ကမ္ဘာ့ဖလား မှာ မပါရလို့ အာဂျင်တီးနား ကို ပြန်ပြီး သူငယ်ချင်းတွေနဲ့ ဘောလုံး ကစားနေတာပါ ။ အခုတော့ သူတို့ ၂ ယောက် မိုင်ပေါင်း ထောင်ချီတဲ့ ခရီးကို အပြင်းနှင်ပြီး ကာတာ ကို အရောက်လာလို့ နေကြပါပြီ ။

 

SPORTS MYANMAR