အီရန်နဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အတွက် ပွဲထွက် ကစားသမား ၁၁ ဦးကို ရွေးချယ်ပေးလိုက်တဲ့ ကာရေဂါ

အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလား campaign ဟာ လာမည့် နို၀င်ဘာလ ၂၁ ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပြီး the Three Lions တို့ဟာ အုပ်စု အဖွင့်ပွဲစဉ်မှာ အာရှတိုက် ကိုယ်စားပြု အီရန်နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ Sky Sports ရဲ့ pundit တစ်ဦး ဖြစ်သူ ဂျေမီကာရေဂါက အဆိုပါ ပွဲစဉ် အတွက် သူ့စိတ်ကြိုက် ပွဲထွက် ကစားသမား ၁၁ ဦး နဲ့ ဂါရက်ဆောက်ဂိတ် လုပ်သွားရမယ့် ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်ချို့ကို ဆွေးနွေးသွားခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ ပြီးခဲံတဲ့ ကြာသပတေးနေ့က ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အပြီးသတ် လူ ၂၆ ဦး စာရင်းကို ကြေငြာသွားခဲံပြီး ကာတာမှာ ကျင်းပမယ့် အဖွင့်ပွဲစဉ် မတိုင်မီ သူ့ရဲ့ ကစားသမားတွေနဲ့ အလုပ်လုပ်သွားရန် ရက်အနည်းငယ် ရထားပါတယ်။ ကာရေဂါက အဆိုပါ ပွဲစဉ်မှာ ဆောက်ဂိတ် အသုံးပြုသင့်တဲ့ ကစားကွက်ကို ပြောပြသွားခဲ့တဲ့ အပြင် မန်စီးတီးမှာ အကောင်းဆုံး ပုံစံ ပြသနေတဲ့ ဖိုဒန်ကို front three မှာ မဖြစ်မနေ ပွဲထွက်ခွင့် ပေးရမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

 

ကာရေဂါက “လူတွေက မေဆင်မောင့်နဲ့ ပက်သက်ပြီး မေးခွန်းထုတ်နေကြပါတယ်။ သူဟာ အခြား ကစားသမားတွေ လိုမျိုး လူတွေ မျက်စိထဲ စွဲနေအောင် ကစားနိုင်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် မန်နေဂျာတိုင်းဟာ သူ့ကို နေရာပေးလေ့ ရှိပါတယ်။ သူဟာ ခံစစ် ကစားပုံကို ကောင်းကောင်း နားလည်တဲ့သူပါ။ သူဟာ ကွင်းလယ်ကနေပြီး အင်္ဂလန်တို့ တန်ပြန်တိုက်စစ် မဆင်ခံရအောင် လုပ်ပေးနိုင်မယ့်သူ ဖြစ်ပါတယ်။

ကျွန်တော် ရာဟင်းစတားလင်းကို နှစ်သက်ပါတယ်။ သူဟာ ယူရိုမှာတုန်းက အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး ချီးကျူးစရာ စကားလုံးတောင် ရှာမရ ခဲ့ပါဘူး။ ဒီရာသီမှာ သူ့ရဲ့ form ဟာ သိပ်ပြီး မကောင်း ဖြစ်နေပြီး အင်္ဂလန်ရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာလည်း ဒီလိုမျိုး ဖြစ်နေခဲ့ပါတယ်။ ဒီနေရာမှာ ဆာကာက တအားကောင်းအောင် ကစားပြနေပါတယ်။ ကျွန်တော်ကတော့ စတားလင်းကို ဘယ်ခြမ်းမှာ ကစားတာ ပိုကြိုက်ပါတယ်။ ဒါ့ကြောင့် သူနဲ့ ဆာကာ တို့ကြား ရွေးချယ်စရာ မဟုတ်ပါဘူး။ သူနဲ့ ဖိုဒန်ကြား ရွေးချယ်ခဲ့ရတာပါ။ ဖိုဒန်ရဲ့ အရည်အသွေး နဲ့ ဒီရာသီမှာ သူ ပြသနေတဲ့ ပုံစံကောင်း အရ ကျွန်တော် ဖိုဒန်ကိုပဲ ရွေးချယ်သွားပါမယ်။

ဖိုဒန်ဟာ ဒီအသင်းမှာ မဖြစ်မနေ ပွဲထွက်ခွင့် ရသင့်ပါတယ်။ သူဟာ အင်္ဂလန်မှာ အကောင်းဆုံး မကစားထားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် မန်စီးတီး အတွက် သူကစားနေတဲ့ ပုံစံကို ကြည့်လိ်ုက်မယ် ဆိုရင် သူဟာ လက်ရှိ အင်္ဂလန်ရဲ့ အရည်အသွေး အမြင့်ဆုံး ကစားသမား ဖြစ်နေပါတယ်။ ဖိုဒန်ဟာ ကွင်းလယ် ၃ ဦး နေရာမှာ အံ၀င်မယ်လို့ ကျွန်တော် မထင်မိပါဘူး။ သူဟာ front three ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

သူ့ဆီမှာ တအားကို လျှင်မြန်တဲ့ စွမ်းရည် ရှိနေပါတယ်။ သူ့ရဲ့ လျှင်မြန်တဲ့ စွမ်းရည်ကြောင့်ပဲ ကိုယ့်ရဲ့ အသင်းမှာ ပြိုင်ဘက် ခံစစ်ကြောင်းကို ကျော်ကာ ပြေးလွှားနိုင်မယ့် သူမျိုး လိုချင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ကာရေဂါရဲ့ အင်္ဂလန် XI (4-3-3) – ပစ်ဖို့ဒ် ၊ ထရစ်ပီးယား ၊ စတုန်း ၊ မက်ဂွိုင်းယား ၊ ရှော ၊ ဘယ်လင်ဟမ် ၊ ရိုက်စ် ၊ မောင့် ၊ ဆာကာ ၊ ကိန်း ၊ ဖိုဒန်

 

SM