မက်ဒီဆင် ကျောနံပါတ် ၂၅ ဝတ်မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်း ရဲ့ ကျောနံပါတ်များ ထွက်ပေါ်လာ

 

နိုဝင်ဘာလ ၂၀ ရက်နေ့မှာ စတင် ယှဉ်ပြိုင်ကစားတော့မယ့် ကာတာ ကမ္ဘာ့ဖလား မှာ အင်္ဂလန် အသင်း ကစားသမားတွေ ဝတ်ဆင် ကစားကြမယ့် ကျောနံပါတ်တွေ ထွက်ပေါ် လာခဲ့ပြီ ဖြစ်ပါတယ် ။

အင်္ဂလန် နည်းပြ ဂါရက် ဆောက်ဂိတ် ဟာ ကျောနံပါတ် ၁ ကနေ ၁၂ အထိ ကို ယူရို ၂၀၂၀ တုန်းက ဝတ်ဆင် ကစားခဲ့တဲ့ ကစားသမားတွေကိုပဲ ထပ်ပေးထားတာကို တွေ့ရပါတယ် ။ အဲဗာတန် ဂိုးသမား ပစ်ဖိုဒ့် က ကျောနံပါတ် ၁ ကို ဝတ်ဆင် ကစားမှာ ဖြစ်ပြီး ကပ္ပတိန် ဟယ်ရီကိန်း ကတော့ ကျောနံပါတ် ၉ ပါပဲ။

 

ကယ်ဗင်ဖီးလစ် ၊ ကော်နာ ကုတ်ဒီ ၊ မေဆင်မောင့် ၊ ဖီးလ်ဖိုဒန် တို့ဟာလည်း ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဝတ်ဆင် ခဲ့တဲ့ ကျောနံပါတ် ၁၄ ၊ ၁၆ ၊ ၁၉ ၊ ၇၀ တို့ကို ဆက်လက် ဝတ်ဆင် ကစားသွားမှာပါ ။ အရင်ပြိုင်ပွဲတွေမှာ အင်္ဂလန် အသင်း ရဲ့ အဓိက နောက်ခံလူ နှစ်ဦး ဖြစ်တဲ့ မက်ဂွိုင်းယား နဲ့ စတုန်းတို့ကတော့ ကျောနံပါတ် ၆ နဲ့ ၅ ကို ဝတ်ဆင် ကစားသွားမှာပါ ။

မက်ဂွိုင်းယား ဟာ ကလပ် အသင်းမှာ ရုန်းကန် နေရပေမယ့် အင်္ဂလန် အသင်းမှာတော့ ဆက်လက် ပွဲထွက်ခွင့် ရဖွယ် ရှိနေပါတယ် ။ စတုန်း နဲ့ မက်ဂွိုင်းယား အတွဲဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန် အသင်းကို ဆီမီးဖိုင်နယ် ၊ ၂၀၂၀ ယူရို မှာ ဒုတိယ နေရာ ရရှိအောင် စွမ်းဆောင် ပေးခဲ့ဖူးသူတွေ ဖြစ်ကြပါတယ် ။

အင်္ဂလန် အသင်း ကစားသမားတွေရဲ့ ကျောနံပါတ်များ

ဂိုးသမား
ပစ်ဖိုဒ့် (၁) ၊ နစ်ပုတ် (၁၃) ၊ ရမ်စ်ဒေးလ်(၂၃) ။

နောက်တန်း
ဝေါလ်ကာ(၂) ၊ လုခ်ရှော(၃) ၊ ဂျွန်စတုန်း(၅) ၊ မက်ဂွိုင်းယား(၆) ၊ ထရစ်ပီယာ(၁၂) ၊ အဲရစ် ဒိုင်ယာ(၁၅) ၊ ကော်နာကုတ်ဒီ(၁၆) ၊ အာနိုး(၁၈) ၊ ဘန်ဝှိုက်(၂၁) ။

အလယ်တန်း
ဒီကလန်ရိုက်စ်(၄) ၊ ဂရီးလစ်ရှ်(၇) ၊ ဟန်ဒါဆန်(၈) ၊ ကယ်ဗင်ဖီးလစ်(၁၄) ၊ မေဆင်မောင့်(၁၉) ၊ ဖိုဒန်(၂၀) ၊ ဘယ်လင်ဟမ်(၂၂) ၊ မက်ဒီဆင်(၂၅) ၊ ဂယ်လာဂါ(၂၆) ။

ရှေ့တန်း
ဟယ်ရီကိန်း(၉) ၊ စတာလင်(၁၀) ၊ ရက်ရှ်ဖိုဒ့်(၁၁) ၊ ဆာကာ(၁၇) ၊ ဝီလ်ဆင်(၂၄) ။

အင်္ဂလန် အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
ဂိုး – ပစ်ဖိုဒ့် ။
နောက်တန်း – ဘန်ဝှိုက် ၊ ဒိုင်ယာ ၊ စတုန်း ။
အလယ်တန်း – ထရစ်ပီယာ ၊ ဒီကလန်ရိုက်စ် ၊ ဘယ်လင်ဟမ် ၊ လုခ်ရှော ။
ရှေ့တန်း – ကိန်း ၊ ဆာကာ ၊ မေဆင်မောင့် ။

SM