123 ပွဲ ဆိုတဲ့ စံချိန်တင် ကိန်းဂဏန်း တစ်ခုကို ယူနိုက်တက်တို့ ပိုင်ဆိုင်ခဲ့တဲ့ ပွဲမှာ ဘယ်သူတွေ ခြေစွမ်းပြပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ….

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက ကရာဗန် ​ကော့တေ့ချ် ကွင်းထဲမှာ ဖူလ်ဟမ် အသင်းကို သွားရောက််ရင်ဆိုင်ခဲ့ရပြီး ပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ် ပွဲစဥ် တစ်ပွဲကို ဖန်တီးပေးခဲ့ကာ အဖိုးတန် အနိုင် 3 မှတ် ရှာဖွေသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာ ဖူလ်ဟမ် အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူသွားနိုင်ခဲ့ပေမဲ့ ကြီးမားတဲ့အခွင့်အရေးတွေကိုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်က ပိုပြီး ဖန်တီးသွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အဲရစ်ဆင်ကြောင့် ပထမပိုင်းကို ဦးဆောင်ခွင့် ရနိုင်ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီပွဲမတိုင်ခင် အနိုင်ရလဒ်နဲ့ ပထမပိုင်း ဦးဆောင်နိုင်ခဲ့တဲ့ ပွဲစဥ်တွေမှာ မရှုံးနိမ့်ခဲ့တာ 122 ပွဲ အထိ ရှိခဲ့ပါတယ် ။ ဒါပေမဲ့ ဒီပွဲမှာတော့ ဖူလ်ဟမ် အသင်းရဲ့ တိုက်စစ်ကြောင့် ဒီမှတ်တမ်း ကျိုးသွားမလားဆိုပြီး ရင်တထိတ်ထိတ် ဖြစ်ခဲ့ရပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ ဖူလ်ဟမ် အသင်း ဖက်မှ လူစားဝင် ကစားခဲ့တဲ့ ယူနိုက်တက် ကစားသမားဟောင်း ဒန်နီယယ် ဂျိမ်းစ် က ပွဲချိန် 61 မိနစ်မှာ ခြေပဂိုး သွင်းယူသွားပြီးနောက် ဖူလ်ဟမ် တို့ကပဲ မကြာခန ဖိအားပေး တိုက်စစ််ဆင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ အဲရစ် တန်ဟတ် ရဲ့ လူစားလဲမှုက ဒီတစ်ပွဲမှာလဲ အလုပ်ဖြစ်သွားခဲ့ရပါတယ် ။ ပွဲချိန် 72 မိနစ်မှာ အန်သိုနီ မာရှယ်ရဲ့ နေရာကို လူစားဝင်ကစားပေးခဲ့တဲ့ လူငယ်လေး ဂါနာချို က အချိန်ပို 3 မိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့ပြီး ယူနိုက်တက်ရဲ့ ရှုံးပွဲမရှိ မှတ်တမ်းကို 123 ပွဲ အထိ အဓွန့်ရှည်စေခဲ့လိုပဲ ဖြစ်ပါတယ် ။

3 မိနစ် မန်ယူဆိုတဲ့ စကားကို ပြန်လည် မြင်တွေ့ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စိတ်လှုပ်ရှားဖွယ် နိုင်ပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (7)

ဒီပွဲမှာလည်း ဒီဂီယာက အရေးကြီးတဲ့ ဂိုးပေါက် ကာကွယ််မှု အချို့ကို အံ့ဖွယ် လုပ်ပြသွားနိုင်ခဲ့ပါတယ် ။ ဒီပွဲမှာ ဗီနီးရှပ် ၊ တင် ရီးမ် တို့ရဲ့ ကန်ချက်တွေ ဂိုး ဖြစ်ခဲ့သင့်ပေမဲ့ ဒီဂီယာ လက်စွမ်းပြနိုင်ခဲ့ပါတယ် ။

မာလာစီယာ (5)

ဘယ်ခံစစ် ကစားသမားလေးဟာ ညာခံစစ်မှာ ကစားရချိန် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ဝီလီယံ ကို မကိုင်တွယ် နိုင်ခဲ့ပေမဲ့ ရှင်းထုတ်မှု အချို့လုပ််နိုင်ခဲ့သလို အမြင့်ဘော အချို့လည်း ဦးဆောင်နိုင်ခဲ့ပါတယ် ။

လင်ဒီလော့ဖ် (6)

မက်ဂွားယားကို ကျော်ပြီး ပွဲထွက် ကစားခွင့် ရရှိခဲ့ပြန်တဲ့ ပွဲမှာ တည်ငြိမ်တဲ့ ကစားဟန် အချို့ကို ပြသရင်း မာတီနက်ဇ် နဲ့လည်း အကောင်းဆုံး တွဲဖက်နိုင်ခဲ့ပါတယ် ။

မာတီနက်ဇ် (8)

ကစားပုံ လေးလံ နှေးကွေးတတ်ကြတဲ့ လင်ဒီလော့ဖ် ၊ လုခ်ရှော တို့ရဲ့ ကြားမှာ အကောင်းဆုံး ဖြည့်စွက် ကစားပေးနိုင်ခဲ့ပြီး ဖူးလ်ဟမ်ရဲ့ ဖိအားပေး တိုက်စစ်ဆင်မှုတွေကို တည်တည်ငြိမ်ငြိမ် ဟန့်တားပြနိုင်ခဲ့ပါတယ် ။

ရှော (7)

ဒန်နီယယ် ဂျိမ်းစ် ကို မဟန့်တားနိုင်ခဲ့ပေမဲ့ တိုက်စစ်ဆင် ကစားပုံ ကောင်းမွန်ခဲ့သလို အန်သိုနီ မာရှယ် အတွက် ဂိုး ရရှိစေဖို့တောင် နီးစပ်ခဲ့ပါသေးတယ် ။ ပွဲကောင်း တစ်ပွဲ ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ။

ကာဆီမီရို (7)

ခံစစ်ကို ကူညီရင်း တိုက်စစ် အသွင်ပြောင်း ကစားရာမှာလည်း အကူအညီပေးနိုင်ခဲ့ပါတယ် ။ အဲရစ်ဆင်ရဲ့ အဖွင့်ဂိုးကို ရရှိစေရေးမှာ အရေးပါခဲ့ပါတယ် ။

အဲရစ်ဆင် (8)

အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သလို နောက်တစ်ဂိုးလည်း ရရှိခဲ့သင့်ပါတယ် ။ ဖြန့်ဝေမှုတွေ ကောင်းမွန်ခဲ့ပြီး ဂါနာချို ရဲ့ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

အီလန်ဂါ (5)

ပွဲထွက်ခွင့် ရရှိခဲ့ပေမဲ့ မာလာစီယာ နည်းတူ ညာတောင်ပံ တစ်ခြမ်းမှာ ပုံစံကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ဒါ့ကြောင့် ဒုတိယပိုင်း စတင်ပြီး မကြာမီမှာပဲ လူစားလဲခံခဲ့ရပါတယ် ။

ဘရူနို (5)

ပထမပိုင်းမှာ ကောင်းမွန်စွာ ကစားပေးနိုင်ခဲ့ပေမဲ့ အရေးကြီိးချိန်တွေမှာ ဘောလုံး ထိချက်တွေ ညံ့နေခဲ့ရပါတယ် ။ သူ့ရဲ့ ဘောလုံးပျက်မှုကနေ စတင်ပြီး ဖူလ်ဟမ်တို့ ခြေပဂိုး သွင်းယူနိုင်ခဲ့ကြပါတယ် ။

ရပ်ရှ်ဖို့ (5)

သူ ကစားပုံ ကောင်းလေ့ရှိတတ်တဲ့ ဘယ်ခံစစ်မှာ ကစားခဲ့ရပြီး ခံစစ်ကိုလည်း အတော်လေး ဆင်းကူပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ တိုက်စစ်ဆင် ကစားပုံတွေက အားရစရာ မဖြစ်ခဲ့ရပါဘူး ။

မာရှယ် (6)

မာရှယ် ပါလာတာနဲ့ ယူနိုက်တက် တိုက်စစ် ကစားပုံက ပိုကောင်းလာခဲ့တာ ထင်ရှားခဲ့ပါတယ် ။ ဒါပေမဲ့ အဖိုးတန် အခွင့်အရေး အချို့ကို ဖြုန်းတီးခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

တော်မီနေး (4)
ဂါနာချို (8)

#Sports_Myanmar