လေ့ကျင့်ရေးကွင်းထဲ ဂါနာချို ဘာတွေ သင်ယူနေခဲ့လို့ အခုလို တိုးတက်လာခဲ့တာလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ MOTM အဲရစ်ဆင်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက ကရာဗန် ​ကော့တေ့ချ် ကွင်းထဲမှာ ဖူလ်ဟမ် အသင်းကို သွားရောက််ရင်ဆိုင်ခဲ့ရပြီး ပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ် ပွဲစဥ် တစ်ပွဲကို ဖန်တီးပေးခဲ့ကာ အဖိုးတန် အနိုင် 3 မှတ် ရှာဖွေသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာ ဖူလ်ဟမ် အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူသွားနိုင်ခဲ့ပေမဲ့ ကြီးမားတဲ့အခွင့်အရေးတွေကိုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်က ပိုပြီး ဖန်တီးသွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အဲရစ်ဆင်ကြောင့် ပထမပိုင်းကို ဦးဆောင်ခွင့် ရနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ဒုတိယပိုင်း 61 မိနစ်မှာ ဖူလ်ဟမ် အတွက် လူစားဝင် ကစားပေးခဲ့တဲ့ ယူနိုက်တက် တောင်ပံ တိုက််စစ် ကစားသမားဟောင်း ဒန်နီယယ် ဂျိမ်းစ် က အိမ်ရှင် အသင်းအတွက် ခြေပဂိုး ပြန်လည် သွင်းယူသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အောင်ပွဲ မခံခဲ့တာက ယူနိုက်တက် ပရိိသတ်တွေရဲ့ နှလုံးသားကို အရည်ပျော်စေခဲ့ပါတယ် ။

အဲ့ဒီနောက် အဲရစ် တန်ဟတ် က တိုက်စစ်ပိုင်း မြှင့်တင်နိုင်ဖို့ အကောင်းဆုံး ပုံစံ မပြနိုင်သေးတဲ့ အန်သိုနီ မာရှယ်ကို အနားပေးခဲ့ပြီး စီနီယာ အသင်းအတွက် ပွဲထွက်ခွင့် ရရှိိကတည်းက ခြေစွမ်းကောင်း ပြသထားနိုင်ခဲ့တဲ့ လူငယ် ကြယ်ပွင့် ကစားသမာလေး ဂါနာချိုကို လူစားဝင် ကစားစေခဲ့ပါတယ် ။

အဲ့ဒီနောက် ဂါနာချိုဟာလည်း ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပြီး ပွဲချိန် 90 မိနစ် အကျော် ၊ နာကျင်ချိန်ပို 2 မိနစ်မှာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးသွားနိုင်ခဲ့ပါတယ် ။ ဒါဟာ ဆိုဆီဒတ် နဲ့ ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူ ၊ အက်စတွန် ဗီလာ နဲ့ ပွဲမှာ အနိုင်ဂိုး 2 ဂိုးလုံး ဖန်တီးပေးနိုင်ခဲ့တဲ့ ဂါနာချို အတွက် နောက်ထပ် ကယ်တင်တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ် ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ ကိုယ်တိုင် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သလို ဂါနာချို ရဲ့ အနိုင်ဂိုးကိုပါ ဖန်တီးရင် ပွဲစဥ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်သွားနိုင်ခဲ့တဲ့ ကွင်းလယ်လူ ခရစ္စတီယံ အဲရစ်ဆင် က လူငယ် ကြယ်ပွင့် ကစားသမားလေးဟာ လေ့ကျင့်ရေးကွင်းထဲ ဘယ်အချိန် ဘောလုံး ပေးပို့ရမလဲ ၊ ဘယ်အချိန် လိမ်ခေါက်ရမလဲဆိုတာတွေကို သင်ယူနေခဲ့ကြောင်း ဖွင့်ပြောခဲ့လိုက်ပါတယ် ။

” သူ ဘာတွေလုပ်နိုင်သလဲဆိုတာကို ပြသခဲ့ပြန်တဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်ခဲ့ရပါတယ် ။ သူဟာ တိုက်ရိုက် ကစားလိုသူဖြစ််ပြီး ဘယ်အချိန်မှာ ဘောလုံး ပေးပို့ရမလဲ ၊ ဘယ်အချိန်မှာ လိမ်ခေါက် ကျော်ဖြတ်ရမလဲ ဆိုတာတွေကို လေ့ကျင့်ရေးကွင်းထဲမှာ သင်ယူနေခဲ့သူ တစ်ဦးပါပဲ ”

” သူဟာ ပါရမီ ကောင်းလွန်းသူ တစ်ဦး ဖြစ်တဲ့ အတွက်ဘသူ့ရဲ့ ခရီးစဥ်တွေကို ရှေ့ဆက်နိုင်ပါစေလို့ မျှော်လင့်မိပါတယ် ။ အနာဂတ်မှာ သူ့ကို စောင့်ကြည့်ရတာက ပျော်ရွှင်စရာ ဖြစ်နေပါလိမ့်မယ် ။ နိုင်ငံတကာ ပွဲစဥ်တွေ မတိုင််ခင် ခင်ဗျားဟာ တက်နိုင်သလောက် အကောင်းဆုံး ဖြစ်နိုင်ဖို့ လိုချင်တာပဲလေ ”

” ဒီပွဲပြီးရင် ကလပ် အသင်းရဲ့ ပွဲစဥ်တွေဟာ အချိန်တစ်ခု အထိ နားနေရမှာပါ ။ ဒါ့ကြောင့် ဒီပွဲဟာ ကောင်းမွန်တဲ့ နိုင်ပွဲ တစ်ပွဲ ဖြစ်ခဲ့ရပါတယ် ။ ဒီလို ခံစားချက်မျိုးနဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲဆီ သွားရတာ ကောင်းမွန်လှပါတယ် ။ ဒါက ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ ညချမ်း တစ်ခုပါပဲ ”

” ဒီရာသီမှာ အနိမ့်အမြင့် အတက်အကျ အချို့ ရှိခဲ့ရပါတယ် ။ ရှုံးပွဲ အချို့လည်း ရှိခဲ့ရတယ်လေ ။ ယေဘုယျအားဖြင့်ပြောရရင် ကျွန်တော်တို့ဟာ ရှုံးပွဲတွေကတဆင့် ရုန်းထွက်ပြနိုင်ခဲ့ကြပါတယ် ။ ပြီးတော့ အခြား အဆင့် တစ်ခုဆီလည်း တက်လှမ်းနိုင်ခဲ့ကြပါတယ် ”

” ဟုတ်ပါတယ်၊ ပရီးမီးယားလိဂ်မှာ ရုပ်ဆိုးတဲ့ နိုင်ပွဲတွေကလည်း အရေးပါလွန်း ပါတယ် ။ ရာသီက ရှည်လျားဦးမှာပါ ။ ကျွန်တော်တို့ ရသင့်တဲ့အမှတ်တွေ ရှာဖွေနိုင်ဖို့ လိုအပ််လှပါတယ် ။ အဲ့တာကို ကျွန်တော်တို့ ဒီနေ့ လုပ်ပြနိုင်ခဲ့ကြပါတယ် ” လို့ အဲရစ်ဆင်က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar