ပရီးမီးယားလိဂ် ရာသီ ပထမပိုင်း အပြီး title race ကို ခန့်မှန်းမှု လုပ်သွားခဲ့တဲ့ ဂယ်ရီနဗီး

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး မစတင်မီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ပထမ ရာသီ၀က်ဟာ ဒီတစ်ပတ်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ world cup break မှာ ဒုတိယ နေရာမှာ ရှိနေတဲ့ မန်ချက်စတာစီးတီးကို ၅ မှတ်အသာနဲ့ ဦးဆောင်လျက် ရှိနေပြီး နယူးကာဆယ်ဟာ ရမှတ် ၃၀ နဲ့ မန်စီးတီးရဲ့နောက် ၂ မှတ် အကွာမှာ ရှိနေပါတယ်။

တော့တင်ဟမ် ကလည်း လိဒ်ကို အကြိတ်အနယ် ကစားကာ အနိုင်ရရှိခဲ့ပြီး top 4 နေရာကို ဆက်လက် ထိန်းထားနိုင်ခဲ့ကာ မန်ယူနိုက်တက် နဲ့ လီဗာပူး တို့ကတော့ အဆင့် ၅ နဲ့ အဆင့် ၆ နေရာတွေမှာ ရှိနေပါတယ်။

နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးက အဆင့် ၈ နေရာထိ ကျဆင်းသွားခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး ဒုတိယ ရာသီ၀က်မှာ အမှတ်ပေးဖလား အတွက် ပြိုင်ဆိုင်မှု နဲ့ top 4 နေရာတွေ အတွက် ပြိုင်ဆိုင်မှုဟာ ပိုမို ပြင်းထန်လာဖို့ ရှိနေပါတယ်။

မန်ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးက ပရီးမီးယားလိဂ် title race နဲ့ ပက်သက်ပြီး သူ့ရဲ့ ယူဆချက်ကို ချပြသွားခဲ့ပါတယ်။

နဗီးက “မန်ချက်စတာစီးတီး အနေနဲ့ title race မှာ ဒုတိယ နေရာက အသင်းကို ၁၅ မှတ်လောက် ဖြတ်ပြီး ဗိုလ်စွဲမယ်လို့ ထင်ကြောင်း ကျနော် ပြီးခဲ့တဲ့ အပတ်က ပြောခဲ့ပါတယ်။ ကျနော် ဒီခန့်မှန်းချက်ကိုပဲ ဆက်လက် ဆုပ်ကိုင်သွားအုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ကျနော့််ရဲ့ ခန့်မှန်းချက်ကို သံသယ ဖြစ်အောင် လုပ်နေပါတယ်။ သူတို့ဟာ တအားကို ကောင်းနေပြီး ပထမ ၁၄ ပွဲ အပြီးမှာ မြင့်မားတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

ကျနော်တို့ဟာ title race ကို အလိုရှိပါတယ်။ ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှု ရှိတာကို ကျနော်တို့ လိုချင်ပါတယ်။ ရာသီတိုင်းမှာ တစ်သင်းတည်းက အပြတ်အသတ် ဦးဆောင်နေတာမျိုးကို မလိုချင်ပါဘူး။ ဒီအချိန်မှာတော့ အာဆင်နယ်ဟာ တကယ့် တိ်ုက်ပွဲ ဆင်နွှဲနေပါတယ်။ သူတို့ဟာ ဒီရာသီရဲ့ ပထမ ၁၄ ပွဲအပြီးမှာ ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက ပဲလေ့စ် vs အာဆင်နယ် တို့ရဲ့ အဖွင့်ပွဲစဉ်ကို ကျတော် ကွင်းထဲမှာ ကြည့်ဖြစ်ခဲ့ပါတယ်။ ပထမပိုင်း ၂၅ မိနစ်က အာဆင်နယ်ရဲ့ တိုက်စစ် ကစားပုံဟာ တအားကို ကောင်းလှပြီး သူတို့ဟာ ဒီအရှိန်အဟုန်ကောင်းကို ဒီအချိန်ထိ ထိန်းထားနိုင်ခဲ့ပါတယ်။ သူတို့ဆီမှာ စိတ်ဓာတ် ညီညွှတ်မှု နဲ့ အရမ်းကောင်းတဲ့ ဘောလုံး ကစားဟန်တွေ ရှိနေပါတယ်။

ဂျီဆု အနေနဲ့ ၂၅ ဂိုးလောက် သွင်းနိုင်မှာ မဟုတ်တဲ့ အချက်ကို ကျနော် ကြိုက်ပါတယ်။ ယူနိုက်တက်မှာတုန်းက ကျနော်တို့ရဲ့ တိုက်စစ်မှာ တစ်ဦးတည်း ဂိုးတွေ အများကြီး သွင်းယူတဲ့ ကစားသမား မရှိဘဲနဲ့ အမှတ်ပေးဖလားကို အကြိမ် အနည်းငယ် ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် ဘာသတ်မှတ်ချက်မှ မရှိပါဘူး။ တစ်ခါတစ်ရံ ဒီလိုပဲ ဖြစ်သွားတက်ပါတယ်။ ဗန်နစ္စတယ်ရွိုင်း ဒွိုက်ယော့ အန်ဒီကိုးလ် နဲ့ ရွန်းနီ တို့ ရှိခဲ့တုန်းက ဒီလို ဖြစ်ခဲ့ပါတယ်။ တစ်ခါတစ်ရံ တိုက်စစ် ကစားသမားတွေ ကြားမှာ ၁၅ ဂိုး ကျော်တဲ့သူ မရှိပေမယ့် အသင်းလိုက်က ပိုကောင်းနေတာမျိုး ရှိတက်ပါတယ်။

တိုက်စစ်ပိုင်းမှာ ဂျီဆုရဲ့ လုပ်ဆောင်မှုတွေဟာ အသင်းကို ပိုကောင်းစေပါတယ်။ သူတို့ဟာ ဒီအချိန်မှာ နေရာစုံမှာ တအားကောင်းနေပါတယ်။ သူတို့ အမှတ်ပေးဖလား ဆွတ်ခူးနိ်ုင်လိမ့်မယ်လို့တော့ ကျနော် မထင်ပါဘူး။ စီးတီးပဲ ဆွတ်ခူးနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ Top 4 တော့ သေချာပေါက် ၀င်မှာပါ။ ဒါပေမယ့် ဖေဖော်ဝါရီ မတ်လ လောက်မှာတော့ အာဆင်နယ်ရဲ့ ရပ်တည်မှုက ဒီအတိုင်းပဲ ရှိနေမယ်ဆိုရင် စိတ်၀င်စားစရာ ကောင်းသွားမှာပါ။

သူတို့ဟာ ကိုယ့်ကိုကိုယ် သက်သေပြစရာတွေ ရှိနေပါသေးတယ်။ သူတို့ ကျနော့်ကို ခြားနားမှု မလုပ်ပြမီ အထိ ဒီအတိုင်း ပြောနေအုံးမှာပါ။ ဒါပေမယ့် သူတို့ဟာ ဒီအချိန်မှာ လ်ိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်း ၊ ခြေစွမ်းအတည်ငြိမ်ဆုံး အသင်း ဆိုတာကိုတော့ ပြသနေပါတယ်။ ပြီးခဲ့တဲ့ရာသီက သူတို့ ရပ်တည်နိုင်ခဲ့တဲ့ အနေအထားအရ မီခေးအာတီတာဟာ အကောင်းဆုံး လုပ်ပြထားပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM