ပထမရာသီဝက် အပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ့် အသင်းကို ခန့်မှန်းလိုက်တဲ့ အိုဝင်

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ပထမရာသီဝက် အပြီး အမှတ်ပေးဇယားထိပ်မှာ ငါးမှတ်အသာနဲ့ ဦးဆောင်လျက် ရှိနေပေမယ့်လည်း မိုက်ကယ်အိုဝင်က လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီး ကသာ ရာသီကုန်မှာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ သူ ထင်နေဆဲ ဖြစ်‌ကြောင်း ပြောလိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ကွင်းလယ်လူ အိုဒီဂတ်ရဲ့ ဂိုးတွေနဲ့ အတူ ဝုဖ်ကို ၂-၀ နဲ့ အနိုင်ယူကာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၄ ပွဲကစား နိုင်ပွဲ ၁၂ ပွဲထိ ရယူနိုင်ခဲ့ပြီး ကလပ်သမိုင်းတစ်လျှောက် အကောင်းဆုံး တာထွက်ကို လုပ်ထားနိုင်ခဲ့ကာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် mid-season break မှာ ငါးမှတ်အသာနဲ့ ဦးဆောင်နေပါတယ်။ အာဆင်နယ်ဟာ စနေနေ့ အစောပိုင်းက ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ရှုံးထားခဲ့တဲ့ မန်စီးတီးရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူကာ title race မှာ အရှိန်အဟုန်ကောင်းနဲ့ ခရီးဆက်နေတာ ဖြစ်ပါတယ်။

အိုဝင်က မန်ချက်စတာစီးတီးရဲ့ ရှုံးပွဲဟာ သူတို့ရဲ့ ဖလားပြိုင်ဘက်တွေကို မျှော်လင့်ချက်တွေ ပေးသလို ဖြစ်သွားတယ်လို့ ဆိုလိုက်ပေမယ့်လည်း လာမည့် မေလမှာ မန်စီးတီး ကသာ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ရန် ရေပန်းအစားဆုံး အသင်း အဖြစ် ရှိနေဆဲလို့ ဆိုလိုက်ပါတယ်။

အိုဝင်က “အာဆင်နယ်ဟာ ဒီအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ်။ ဒီအချိန်မှာ လူတော်တော်များများက အာဆင်နယ်ဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ ထင်နေကြပါပြီ။ ကျနော်လည်း ဒီထဲက တစ်ယောက်ပါပဲ။ အာဆင်နယ်ဟာ ဒီဖလားကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ ကျနော်တို့ စိတ်ထဲမှာ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ပုံမှန် တိုးတက်လာခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ သူတို့ဟာ များစွာ တိုးတက်လာခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာစီးတီး ကသာ အကောင်းဆုံး အသင်းလို့ ကျနော် ယူဆနေဆဲပါ။ သူတို့ဟာ အမှတ်ပေးဖလား အတွက် ရေပန်း အစားဆုံး ဖြစ်နေဆဲလို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ်ကို မန်စီးတီးတို့ မထင်မှတ်ဘဲရှုံးနိမ့်သွားခဲ့ခြင်းဟာ title race ကနေ ထွက်သွားပြီလို့ ထင်ခဲ့တဲ့ အသင်းတွေကို အနည်းငယ် မျှော်လင့်ချက် တိုးစေခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ခရစ်စမတ်ကာလ အထိ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်ရန် သေချာသွားခဲ့ပြီးနောက် အာတီတာက “ဒီနေရာမှာ ရှိနေတာ အရမ်းကို ကောင်းပါတယ်။ ဒီအခိုက်အတန့်ကို ကျနော်တို့ ပျော်ရွှင်မိပါတယ်။ အခုဆိုရင် ကြီးမားတဲ့ break ကို ရထားပါတယ်။ ကျနော်တို့ ကိုယ်လုပ်ခဲ့တာတွေကို reflect လုပ်သွားရမှာပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး ကြုံလာရနိုင်တဲ့ ‌အခြေအနေတွေကို အများကြီး ကြိုတင် ပြင်ဆင်သွားမှာပါ။

ဒါပေမယ့် ကျနော်တို့ရဲ့ ရည်ရွယ်ချက်က နေ့တိုင်း အသင်း တသင်း အနေနဲ့ ဒီထက် ပိုကောင်းအောင် ကစားသွားဖို့ ဖြစ်ပါတယ်။ ကျနော် ပြောနိုင်တာကတော့ ဒီကစားသမား ဒီဝန်ထမ်းတွေနဲ့ အလုပ်လုပ်ရတာဟာ တအားကို ကောင်းလွန်းလှပါတယ်။”

SM