ရော်နယ်ဒိုဖက်က ကာကွယ်ပေးခဲ့တဲ့ ရွိုင်ကိန်းကို မေးခွန်းထုတ်လိုက်တဲ့ ရွန်းနီ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်သူ ဝိန်းရွန်းနီ က လက်ရှိ အသင်းမှ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဖက်မှ ကာကွယ် စကား ဆိုသွားခဲ့တဲ့ ကွင်းလယ်လူဟောင်း ရွိုင်ကိန်း ကို မေးခွန်းထုတ်သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ တော့တင်ဟမ် ဟော့ စပါး အသင်းကို အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်တုန်းက လူစားဝင် ကစားဖို့ ငြင်းဆန်ခဲ့ပြီး အဝတ်လဲခန်းထဲ ဝင်ရောက်သွားခဲ့တာက ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က သူ့ကို တစ်ဦးထဲ လေ့ကျင့်စေခဲ့ပြီး ချဲလ်ဆီး နဲ့ ကစားတဲ့ ပွဲစဥ်မှာလည်း အသင်းရဲ့ ကစားသမားစာရင်းထဲ မပါဝင်စေခဲ့ပါဘူး။ အဆိုပါ အဖြစ်အပျက်က မီဒီယာတွေကြား ပြောစရာ ခေါင်းစဥ်ကြီး တစ်ခုလို ဖြစ်သွားခဲ့ရပါတယ် ။

တကယ်တော့ ရော်နယ်ဒိုဆိုတာ ပြီးခဲ့တဲ့ နွေကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာခွင့်​ပေးဖို့ တောင်းဆိုထားခဲ့သူပဲ ဖြစ်ပါတယ် ။ အခုလို အဖြစ်အပျက််တွေ ဖြစ်ပွားခဲ့တဲ့နောက်တော့ သူဟာ ဆောင်းရာသီမှာပဲ ယူနိုက်တက်မှ ထွက်ခွာလိမ့်မယ်လို့ သတင်းတွေ ကျယ််လောင်ခဲ့ပါတယ် ။

အခြားတဖက်မှာတော့ ရော်နယ်ဒို မပါတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပိုကောင်းတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ် ။ အခုတော့ ရွန်းနီ က ရွိုင်ကိန်း ရဲ့ ပြောစကားကို မေးခွန်းထုတ်လိုက်ပြီး အသင််းဖော်ဟောင်း မပါတဲ့ အသင်းရဲ့ ကစားပုံက ပိုကောင််းလားလို့ အမေးခံရချိန်မှာ…

” နိုးပါ ၊ ကျွန်တော်တော့ အဲ့ဒီလို မထင်မိပါဘူး ။ သူ့ရဲ့ ကစားသမားဘဝကို ပြန်ကြည့်လိုက်ရင် သူနဲ့ လီယွန်နယ် မက်ဆီ ဆိုတာက အငြင်းပွားစရာမရှိတဲ့ ဘောလုံးသမိုင်းကြောင််းရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦးပဲ ဖြစ်ကြပါတယ် ။ ကျွန်တော်တို့ ဒီနည်းနဲ့ပဲ မှတ်ချက်ပေးလို့ ရပါလိမ့်မယ် ”

” ဒါပေမဲ့ ဒီရာသီ ရော်နယ်ဒို လုပ်ဆောင်ခဲ့တာတွေက အသင််းဖက်က စဥ်းစားတွေးတောမှု မရှိသလို ဖြစ်နေခဲ့ရပါပြီ ။ ရွိုင်ကိန်း သူ့ဖက်ကကာကွယ်ပေးခဲ့တာကို ကျွန်တော် မြင်တွေ့မိပါတယ် ။ ရွိုင်း အနေနဲ့ ဒီလို မပြောသင့်ပါဘူး ။ ရွိုင်းဖက်က ဒီလို စကားမျိုး ပြောကို မပြောသင့်ခဲ့ပါဘူး ”

” ဒါက မန်ချက်စတာ ယူနိုက်တက် အသင်းဖက်က ပြန်ကြည့်ရင် စိတ်ပျံ့လွင့်စေနိုင်တဲ့ စကားမျိုးပါပဲ ။ အခုက အသင်းကို ပြန်လည် တည်ဆောက်ရမယ့် အချိန်ကာလ တစ်ခုလေ ။ ခရစ္စတီယာနို အနေနဲ့ စိတ်လျှော ၊ အလုပ်တွေ ကြိုးစားရင် နည်းပြ ခေါ်တဲ့ အခါတိုင်း အသင့်ဖြစ်နေဖို့ ကြိုးစားရမှာပါ ”

” သူသာ အဲ့တာကို လုပ်ပြနိုင်မယ်ဆိုရင် နှစ်ဖက်စလုံး အတွက် ကောင်းလိမ့်မယ်လို့ ထင်မိပါတယ် ။ အကယ်လို့ သူမလုပ်နိုင်ခဲ့ရင် အဲ့တာက ယူနိုက်တက် အတွက် မလိုအပ််တဲ့ စိတ်အနှောက်အယှက် တစ်ခု ဖြစ်သွားရပါလိမ့်မယ် ” လို့ ရွန်းနီ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar