ယူနိုက်တက် ကြယ်ပွင့်တစ်ဦးနဲ့ ပတ်သက်လို့ စိတ်မကျေမနပ် ဖြစ်မိကြောင်း ဖွင့်ပြောလာတဲ့ ပီတာ ရှမိုက်ကယ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမားဟောင်း တစ်ဦး ဖြစ်တဲ့ ပီတာ ရှမိုက်ကယ် က အသင်းကို ရောက်ခဲ့တဲ့နောက် ဂျေဒန် ဆန်ချို ရဲ့ အကျိုးသက်ရောက်မှု မပေးနိုင်သေးခြင်းအပေါ် စိတ်မကျေမနပ် ဖြစ်မိကြောင်း ထုတ််ပြောသွားခဲ့လိုက်ပါတယ် ။

ဂျေဒန် ဆန်ချို ဆိုတာ ဒေါ့မွန် အသင်းမှာ သုံးနှစ်ဆက်တိုက်် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို လိုချင်ခဲ့ပြီး အဆိိုပါ အချိန်က နည်းပြ ဆိုးလ်ရှားဟာ သူ့ကို ပေါင် 85 သန််းနဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။

ဆိုးလ်ရှား ဖက်ကတော့ အသင်းကို သေွးသစ် ပြန်လောင််းရင်း ပြန်လည် တည်ဆောက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမဲ့ ဆန်ချို ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့တဲ့နောက် ပရိသတ်တွေ မျှော်လင့်နေခဲ့ကြတဲ့ ဒေါ့မွန် တုန်းကလို စွမ်းဆောင်ရည် ပြသဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက််လာတဲ့ ပထမဆုံး ရာသီမှာ 38 ပွဲ ကစားခဲ့ပြီး 5 ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် နည်းပြသစ် ဖြစ်လာခဲ့တဲ့ အဲရစ် တန်ဟတ် လက်အောက်မှာလည်း သူဟာ ခြေစွမ််း မပြနိုင်ခဲ့ပြန်ပါဘူး ။

ဒါ့အပြင် အခုတော့ သူဟာပွဲထွက်ခွင့်တွေပါ ပျောက်ဆုံးနေခဲ့ရပါပြီ ။ အခုတော့ ယူနိုက်တက် ဂန္တှဝင် ရှမိုက်ကယ် က ဆန်ချိုဟာ ကြံ့ခိုင်မှု ပြည့်ဝနေရင်တောင် အက်စတွန် ဗီလာ အသင်းနဲ့ ကာရာဘောင် ဖလား ပြိုင်ပွဲမှာ ကစားခွင့် ရခဲ့မှာ မဟုတ်ဘူးလို့ ပြောခဲ့လိုက်ပါတယ် ။

” သူဟာ လုံလောက်တဲ့ ခြေစွမ်း မပြနိုင်ခဲ့ဘူးလို့ ထင်မိပါတယ် ။ သူဟာ ပါရမီကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် အခုလို ခြေစွမ်း မပြနိုင် ဖြစ်နေတဲ့အပေါ် အနည်းငယ်တော့ စိတ်မကျေမနပ် ဖြစ်မိတယ်လေ ။ ဟုတ််ပါတယ် ၊ ဒီစျေးနဲ့ အိုးလ် ထရပ်ဖို့ဒ် ဆီ ရောက်လာရင် ခက်ခဲနေမှာပါပဲ ”

” အချို့အရာတွေကို ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ ဒါပေမဲ့ သူဟာ ဒေါ့မွန်မှာ တုန်းကတော့ လုပ်နိုင်တာတွေ အကုန် လုပ်ပြနိုင်ခဲ့တယ်လေ ။ ဒါပေမဲ့ အိုးလ် ထရပ်ဖို့ဒ် မှာတော့ လုံလောက််တဲ့ စွမ်းဆောင်ရည်ကို အခုထိ မပြသနိုင်ခဲ့သေးပါဘူး ” လို့ ရှမိုက်ကယ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ဂျေဒန် ဆန်ချိုဟာ ပြီးဆုံးခဲ့တဲ့ ရက်စွဲတွေတုန်းက နေမကောင််း ဖြစ်ခဲ့တဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ ပွဲစဥ်တွေကို ကစားခွင့် မရခဲ့ပါဘူး ။ ဒါ့အပြင် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ရွေးချယ် မခံရခဲ့တဲ့ အတွက် စိတ်ပျက်ဖွယ် ရက််စွဲတွေ ပိုင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar