မက်ဂွဲယား ကို ရောင်းမယ့် ယူနိုက်တက် ၊ ပွဲပယ်ခံရတဲ့ ကလော့ ၊ အဲဗာတန်အတွက် သတင်းဆိုး တို့နဲ့ . . . နံနက်ခင်းအားကစားသတင်းများ

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် နွေရာသီမှာ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲယား ကို ရောင်းထုတ် သွားဖို့ စိတ်ကူး ရှိနေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မက်ဂွဲယား ဟာ ၂၀၁၉ တုန်းက ယူနိုက်တက် ဆီကို စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ရောက်လာခဲ့သူ ဖြစ်ပြီး အခုချိန်ထိ အဆိုပါ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို မပြသနိုင်ဘူးလို့ ဝေဖန်ခံ နေရသူ ဖြစ်ပါတယ် ။

အာဆင်နယ် မှာ ကစားနေတဲ့ ယူကရိန်း နောက်ခံလူ ဇင်ချန်ကို ဟာ သူ့ရဲ့ ယူကရိန်း ကျုးကျော်မှု အတွက် ရုရှ ကို ကန့်ကွက် ရှုံ့ချမှု မှာ အားသွန်ခွန်စိုက် ပါဝင်ခဲ့မှုအတွက် ဂုဏ်ပြုဆု ချီးမြှင့် ခံခဲ့ရတယ်လို့ သိရပါတယ် ။

ဝက်စ်ဟမ်း အသင်းမှာ ကစားနေတဲ့ ပြင်သစ် တိုက်စစ်မှူး ဂီယန်လူကာ စကာမာကာ က မန်ယူနိုက်တက် ဂန္ထဝင်ကြီး အဲရစ် ကန်တိုနာ ဟာ သူ့ရဲ့ Idol ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပြီး ကမ္ဘာ့ဖလား အပြီး ပြန်စချိန်မှာ ပိုကောင်းတဲ့ သူ့ကို မြင်တွေ့ရမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘုန်းမောက် အသင်းဟာ နည်းပြသစ် ရှာဖွေ နေပြီး လိဒ်ယူနိုက်တက် နည်းပြဟောင်း မာဆယ်လို ဘီယေဆာ ကို ခန့်အပ် ဖို့ စိတ်ကူး ရှိနေတယ်လို့ သိရပါတယ် ။

လီဗာပူး နည်းပြ ဂျာဂင် ကလော့ ဟာ တပွဲပယ် အပြစ်ဒဏ် ချမှတ် ခံလိုက်ရတာကြောင့် ဒီတပတ် ကစားမယ့် ဆောက်သမ်တန် နဲ့ ပွဲကို ကြီးကြပ် နိုင်တော့မှာ မဟုတ်ပါဘူး ။ ကလော့ ဟာ မန်စီးတီး နဲ့ ပွဲက အနီကတ် အတွက် ပေါင် ၃ သောင်း ဒဏ်ငွေ ချမှတ် ခံရပြီး ဖြစ်ပေမယ့် ဒိုင်အဖွဲ့ က ပြစ်ဒဏ် မလုံလောက်ဘူးလို့ သတ်မှတ်ကာ ထပ်တိုး အပြစ်ဒဏ် ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒေါ့မွန် အသင်းဟာ သူတို့ရဲ့ ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံး ပွဲစဉ် ကို မနေ့က ကစားခဲ့ပြီး မိုချန်ဂလာဘတ် အသင်းကို ၄-၂ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။

အဲဗာတန် တိုက်စစ်မှူး ဒိုမီနစ် ကယ်လ်ဗက်လီဝင်း ဟာ ပုခုံးအဆစ်လွဲမှု ၊ တံကြောက်ကော နဲ့ ဒူးဒဏ်ရာ ၃ ခု စလုံးကို တပြိုင်တည်း ခံစား နေရတယ်လို့ ကြားသိရ ပါတယ် ။

ဒါပေမယ့် အဲဗာတန် နည်းပြ လမ်းပတ် ကတော့ လီဝင်း ကို လာမယ့် ခရစ္စမတ် ကာလ မှာ အသင်းနဲ့ ပြန်လည် ပူးပေါင်း နိုင်ဖို့ မျှော်လင့်ထားကြောင်း ကြားသိရ ပါတယ် ။

နယူးကာဆယ် နဲ့ ဒေါ့မွန် အသင်းတို့ဟာ လိဒ်ယူနိုက်တက် လူငယ် ကစားသမားလေး ကိုဒီ ဒရာမတ် ကို အပြိုင် ဟောင့်ကြည့် နေကြတယ်လို့ သိရပါတယ် ။

ခြေဖဝါးမှာ အရိုး ၂ ချောင်းကျိုးတဲ့ ဒဏ်ရာ ရရှိထားတဲ့ ဆားဘီးယား တိုက်စစ်မှူး မီထရိုဗစ် ဟာ ကမ္ဘာ့ဖလား မတိုင်ခင် ကြံ့ခိုင်မှု တည်ဆောက်ဖို့ အတွက် ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဖူလ်ဟမ် အသင်း အတွက် ပါဝင် နိုင်တော့မှာ မဟုတ်ဘူးလို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR