ကမ္ဘာ့ဖလား ကာလ အတွင်း အာဆင်နယ် အသင်း ဘာတွေ လုပ်သွားဖို့ ရှိသလဲ ?

ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ စတင် ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ် ။ ဒီတစ်ပတ်မှာ ကလပ် အသင်းတွေဟာ ကမ္ဘ့ာဖလား မစတင်မှီ သူတို့ရဲ့ လိဂ်နောက်ဆုံး ပွဲစဉ် ကို ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ် ။

ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ် အသင်းဟာ ကမ္ဘာ့ဖလား မစတင်မှီ နောက်ဆုံး ပွဲစဉ် အဖြစ် ဒီတစ်ပတ် မှာ ဝုလ်ဗာဟမ်တန် အသင်း ရဲ့အိမ်ကွင်းတွင် သွားရောက် ကစားရမှာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း ကစားသမားတွေထဲမှာ ကမ္ဘာ့ဖလား သွားရောက် ကစားရမယ့်သူ ၁၀ ဦး အထိ ရှိနေပြီး သူတို့ ကတော့ ဘန်ဝှိုက် ၊ ရမ်စ်ဒေးလ် ၊ ဆာကာ ( အင်္ဂလန် ) ၊ ရှာကာ ( ဆွစ်ဇာလန်) ၊ ဆာလီဘာ ( ပြင်သစ် ) ၊ မတ်တာနာ ( အမေရိကန် ) ၊ တိုမီယာဆု ( ဂျပန် ) ၊ ပါတေး ( ဂါနာ ) ၊ မာတင်နယ်လီ ၊ ဂျေးဇု ( ဘရာဇီး ) တို့ပဲ ဖြစ်ကြပါတယ် ။

အာဆင်နယ် နည်းပြ အာတေတာ ဟာ ကမ္ဘာ့ဖလား သွားရောက် ကစားရခြင်း မရှိတဲ့သူတွေကိုတော့ နားရက် ၁၀ ရက် ပေးသွားမှာ ဖြစ်ပါတယ် ။ နားရက်ပြီးတာနဲ့ ကစားသမားတွေ ဟာ အသင်း နဲ့ အတူ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပြန်လည် ပါဝင် ပူးပေါင်း ပါဝင်ရမှာပါ ။

ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ ယူအီးအေ နိုင်ငံ ၊ ဒူဘိုင်းကို သွားရောက်ပြီး နွေးထွေးတဲ့ ရာသီဥတုအောက်မှာ လေ့ကျင့်ခန်း ဆင်းသွားမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ ဒူဘိုင်းမှာ တခြားလိဂ် က အသင်းတွေနဲ့ mini-tournament ကစားသွားဖို့ ရှိပါတယ် ။

ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရတဲ့ အသင်းက ကစားသမားတွေဟာလည်း ဒူဘိုင်း လေ့ကျင့်ရေး အစီအစဉ် ကို လာရောက် ပူးပေါင်း ရမှာပါ ။ အာဆင်နယ် အသင်းဟာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြင်သစ် လီဂူး ကလပ် လိုင်ယွန် ၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ စီရီးအေ ကလပ် အေစီမီလန် အသင်းတို့နဲ့ ခြေစမ်းပွဲ ကစားသွားမှာ ဖြစ်ပါတယ် ။

လီဗာပူး အသင်း နဲ့လည်း ခြေစမ်းပွဲ ကစားဖို့ စီစဉ် ခဲ့ပေမယ့် လီဗာပူး ဘက်က ဆန္ဒ မရှိတာကြောင့် ကစား ဖြစ်တော့မှာ မဟုတ်ပါဘူး ။ ဒူဘိုင်း မှာ ကစားမယ့် ခြေစမ်းပွဲတွေကိုတော့ Al Nasr အသင်းရဲ့ အိမ်ကွင်း Al Maktoum Stadium မှာ ကစားသွားမှာ ဖြစ်ပြီး ပရိသတ်တွေ ဝင်ရောက် ကြည့်ရှု ခွင့်ပေးသွားမှာပါ ။

ပြီးရင်တော့ အာဆင်နယ် အသင်းဟာ လန်ဒန် ကို ပြန်လာမှာ ဖြစ်ပြီး တတိယမြောက် ခြေစမ်းပွဲကို ကစားသွားပါမယ် ။ အာဆင်နယ် အသင်းဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့ အမ်းမရိတ်မှာ ဘာစီလိုနာ အသင်း နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်နေပါတယ် ။

SM