ဂိုးပြတ် ရှုံးပွဲကို ဂိုးပြတ် နိုင်ပွဲရယူပြီး ပြန်လည် လက််စားချေနိုင်ခဲ့တဲ့ ယူနိုက်တက် 4 – 2 ဗီလာ ပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ ?????

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီ​နေ့ နံနက်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အက်စတွန် ဗီလာ အသင််းနဲ့ ကာရာဘောင် ဖလား round 3 ပွဲစဥ် ကစားခဲ့ရပြီး 4 – 2 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ် ။ ဒါဟာ ပြီခဲ့တဲ့ ရက်ပိုင်းက ပရီးမီးယားလိဂ်မှာ 3 – 1 နဲ့ ရှုံးနိမ့်ခဲ့တာကို အကောင်းဆုံး တုန့်ပြန်ခြင်း ဖြစ်ခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က တိုက်စစ်မှာ မာရှယ် ၊ ရပ်ရှ်ဖို့ ၊ ဗန်ဒီ ဘိခ် နဲ့ ဘရူနို တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာ ဖရက်ဒ် နဲ့ တော်မီနေး ၊ ခံံစစ်မှာ ဒါးလော့ ၊ လင်ဒီလော့ဖ် ၊ မက်ဂွားယား ၊ မာလာစီယာ ၊ ဂိုးမှာ ဒူဘရက်ကာ တို့ကို နေရာပေးခဲ့ပါတယ် ။ ဒါဟာ ဒူဘရက်ကာ အတွက် ပထမဆုံးပွဲ ဖြစ်ခဲ့ရပါတယ် ။

ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာတော့ နှစ်ဖက် အသင်းလုံး ဂိုး မသွင်းယူနိုင်ခဲ့ကြတဲ့အတွက် ဂိုးမရှိ သရေ ရလဒ် ထွက်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ဗီလာ ဖက်မှ ဝက်ကင်းစ် က ဂိုးစသွင်းခဲ့ပါတယ် ။ အဲ့ဒီနောက် မကြာမီမှာပဲ မာရှယ်က ပြန်လည် ခြေပနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ပွဲချိန် 61 မိနစ်မှာ ဘိုင်လီ ရဲ့ ခေါင်းတိုက်ချက်ကို မဖျက်ထုတ်နိုင်ခဲ့တဲ့ ဒါးလော့ကြောင့် own goal ပေးခဲ့ရပြီး ယူနိုက်တက်တို့ နောက်က လိုက်ကစားခဲ့ရပြန်ပါတယ် ။ ဒါပေမဲ့ အစောပိုင်းမှာ ဂိုးကံခေနေခဲ့တဲ့ ရပ်ရှ်ဖို့ က ခြေပဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ် ။

အဲ့ဒီဂိုး မတိုင်ခင်မှာတော့ တန်ဟတ် က မာရှယ် ၊ ဒွန်နီ နဲ့ ဖရက်ဒ် တို့ကို ထုတ်ပြီး ဂါနာချို ၊ အီလန်ဂါ ၊ အဲရစ်ဆင် တို့ကို ထည့်သွင်းခဲ့ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 80 မိနစ် အကျော်မှာ ရပ်ရှ်ဖို့ နဲ့ လင်ဒီလော့ဖ် တို့ကို အနားပေးပြီး ကာဆီမီရို နဲ့ မာတီနက်ဇ် တို့ကို လူစားဝင်စေခဲ့ပါတယ် ။

ပွဲချိန် 91 မိနစ်မှာတော့ ယူနိုက်တက်တို့ အတွက် အနိုင်သေချာစေမယ့် ဂိုးကို တော်မီနေးက သွင်းယူခဲ့တာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် တို့ရဲ့ ဦးဆောင်ဂိုး နှစ်းဂိုးလုံးကိုတော့ လူငယ်လေး ဂါနာချို က ဖန်တီးပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ််းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒူဘရက်ကာ (6)

ယူနိုက်တက်အတွက် ပထမဆုံးအကြိမ် ကစားပေးခွင့် ရရှိခဲ့တဲ့ ပွဲမှာ 2 ဂိုးပေးခဲ့ရပေမဲ့ သူ့အမှားမပါခဲ့ပါဘူး ။ ဖြန့်ဝေမှုတွေကောင်းမွန်ခဲ့ပြီး အသင်းဖော်တွေနဲ့ ကောင်းမွန်စွာ ချိတ်ဆက်နိုင်ခဲ့ပါတယ် ။

ဒါးလော့ (5)

ပထမပိုင်းမှာ ညံ့ခဲ့ပေမဲ့ မာရှယ်ရဲ့ ခြေပဂိုးကို ရရှိစေနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပရိသတ်တွေကို အားလျော့စေခဲ့တဲ့ own goal ကိုလည်း သွင်းယူသွားခဲ့ပါတယ် ။

လင်ဒီလော့ဖ် (6)

စနေနေ့က ပွဲထက် ပိုကောင်းတဲ့ တည်ငြိမ်မှု ၊ မာကျောမှုတွေကို ပြသသွားနိုင်ခဲ့ပါတယ် ။ ဝက်ကင်းစ်နဲ့ ဘိုင်လီတို့ကိုတော့ မဟန့်တားနိုင်ခဲ့ပါဘူး ။

မက်ဂွားယား (5)

ပထမပိုင်းမှာတင် အဝါကဒ် ထိခဲ့ပြီး ရမ်းဆေးရဲ့ ပေးပို့မှုကိုလည်း မဟန့်တားနိုင်ခဲ့ပါဘူး ။ ခေါင်းတိုက်ဂိုး ရခဲ့သင့်ပေမဲ့ အိုလ်ဆန် လက်စွမ်းပြခဲ့ပါတယ် ။

မာလာစီယာ (6)

ရပ်ရှ်ဖို့ ဆီ ဘောလုံးတွေ အရောက်ပို့နိုင်ခဲ့ပါတယ် ။ ဒီပွဲမှာ တိုးအားလှုပ်အားတွေအပြင် ဘောလုံး ပေးပို့မှု ၊ ဖြတ်တင်ဘော အချို့လည်း ကောင်းမွန်ခဲ့ပါတယ် ။

တော်မီနေး (7)

15 မိနစ်မှာ ရပ်ရှ်ဖို့ဆီ ပေးပို့ပုံ ညံ့ခဲ့ပါတယ် ။ အဲရစ်ဆင် ရောက်လာတဲ့နောက် ပိုကောင်းခဲ့ပြီး ဂိုးတိုင် တစ်ချက်ထိခဲ့ပါတယ် ။ အဲ့ဒီနောက် မကြာမီမှာ အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူခဲ့ပါတယ် ။

ဖရက်ဒ် (4)

အသင်းအတွက် ပြန်လည် ကစားပေးခွင့် ရရှိခဲ့တဲ့ပွဲမှာ ခြေစွမ်းကောင်း မပြနိုင်ခဲ့ပါဘူး ။ ကစားပုံတွေ လျော့တိလျော့ရဲ ဖြစ်နေခဲ့တာကြောင့် အဲရစ်ဆင်နဲ့ လူစားလဲခံခဲ့ရပါတယ် ။

ဗန်ဒီ ဘိခ် (3)

သုံးပွဲဆက် ကစားခွင့် ရရှိခဲ့ပါပြီ ။ ဒါပေမဲ့ တစ်ပွဲမှ သုံးစားလို့ မရခဲ့ပါဘူး ။ တန်ဟတ် အနေနဲ့ တပည့်ဟောင်းကို အလိုမလိုက်ပဲ အရန်ခုံပေါ် ပြန်ထားသင့်နေပါပြီ ။

ဘရူနို (7)

ညာတောင်ပံမှာ ခြေစွမ်းစတင်ပြသနိုင်ခဲ့ပါပြီ ။ မာရှယ် အတွက် ဂိုးဖန်တီးပေးခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင််ခဲ့ပါတယ် ။

ရပ်ရှ်ဖို့ (7)

ယုံကြည်ချက် အပြည့်နဲ့ ဘောလုံးကိုင် ကစားနိုင်ခဲ့ပါပြီ ။ ဒါပေမဲ့ အခွင့်အရေးကတော့ ဖြုန်းတီးနေဆဲပါပဲ ။ ပုံစံကောင်း ပြသရင်း တစ်ဂိုးသွင်းနိုင်ခဲ့ပါတယ် ။

မာရှယ် (6)

5 ပါတ်လောက်ကြာမှ အသင်းအတွက် ပြန်လည် ကစားပေးခွင့် ရရှိခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ ဖူလ်ဟမ် နဲ့ ပွဲအတွက် အနားပေးခံခဲ့ရပါတယ် ။

လူစားဝင် ကစားသမားများ…

အီလန်ဂါ (6)
အဲရစ်ဆင် (8)
ဂါနာချို (8)
ကာဆီမီရို (6)
မာတီနက်ဇ် (6)

#Sports_Myanmar